Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
13 Jun 2023

      စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးနှင့်သီရိမင်္လာဈေးကြီးများတွင် မော်လမြိုင်ဒေသထွက် မင်းဂွတ်သီးများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပါသည်။

13 Jun 2023

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ဒေသထွက်ရာသီစာသီးနှံ လိုင်ချီးသီးများကို စတင်ရောင်းချနေပြီဖြစ်ပါသည်။ သိန္နီမြို့ရှိလိုင်ချီးပင်များသည် ယခုကာလတွင် သီးကင်းအဖြစ်သာရှိနေပြီး နှစ်လ၊ သုံးလခန့်အကြာမှ ဆွတ်ခူးရောင်းချရမည်ဖြစ်ကြောင်း၊ လားရှိုး၊ သီပေါ၊ တန့်ယန်းမြို့နယ်တစ်ဝိုက်မှဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း သိရပါသည်။

13 Jun 2023

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ (၃၁-၅-၂၀၂၃) ရက်နေ့မှ  (၆-၆-၂၀၂၃) ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး

13 Jun 2023

  ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် (၁-၆-၂၀၂၃) ရက်နေ့မှ (၆-၆-၂၀၂၃) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဘီးလင်းမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၆၀၀၀၊ သီပေါ၊ မိုင်းရယ်မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ ဝမ်းတွင်း၊ သဲတောမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၈၀၀၊ တိုက်ကြီး၊ ပုပ္ပါးမှ မာလကာသီးအလုံး

13 Jun 2023

    ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ် ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ၂၀၂၃ခုနှစ် ဇွန်လ (၁)ရက် မှ (၇)ရက်နေ့ထိ (ပထမပတ်)အတွင်း ကြက်သွန်နီများ တစ်ရက်လျှင် ပျမ်းမျှကုန်ချိန် ပိဿာ (၄)သောင်းခန့်၊ (၁)ပတ်အတွင်း စုစုပေါင်း ပိဿာ(၂)သိန်းခွဲခန့် ဈေးကွက်သို့ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

Pages