Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jun 2023

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ၂၀၂၃ခုနှစ်၊ ဇွန်လ(ဒုတိယပတ်)တွင် တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ  ယခင်အပတ်က တစ်ပိဿာလျှင် ၆၄၀၀ ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျပါသည်။

14 Jun 2023

   မျောက်ငိုသီးသည် အာဟာရပြည်ဝစွာပါဝင်သောကြောင့် အဆိပ်ဖြစ်စေသည့်ဒညင်းသီးအစား စားပေးသင့်သောအသီးဖြစ်ပါသည်။ ဒညင်းသီးကို ကျန်းမာရေးကြောင့် မတည့်၍ စားလို့မရသူများအတွက် မျောက်ငိုသီး (ခေါ်) သစ်လိမ်သီးသည် အစားထိုးကျန်းမာရေးဓာတ်စာဖြစ်ပါသည်။ မျောက်ငိုသီး၏ ဆားရည်စိမ်အရသာသည် ကြွပ်ကြွပ်လေးနှင့် ဒညင်းသီးနုနုတို့ရသကဲ့သို့ ကြွပ်ဆတ်ဆတ်အရသာမျိုးဖြစ်ပါသည်။ မျောက်ငိုသီးဆားရည်စိမ်ကို တို့စရာအနေဖြင့် ငါးပိရည်၊ ငါးပိချက်တို့ဖြင့် တွဲဖက်၍စားသောက်နိုင်ပါသည်။

14 Jun 2023

     တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စီးပွားဖြစ်သရက်စိုက်ဧက ၆၇ ဧကရှိရာ အများစုမှာ စိန်တလုံးသရက်များ ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ် ကျေးရွာမှ မျိုးများဝယ်ယူပြီး အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး အနောက်ဘက်တွင် စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

14 Jun 2023

    ဘူးသီးများကို မြန်မာလူမျိုးများသည် ဟင်းလျာအဖြစ်လည်းကောင်း၊ သားရေစာအဖြစ်လည်းကောင်း၊ အမျိုးမျိုးပြုလုပ်၍ စားသုံးလျက်ရှိပါသည်။ ဘူးသီး၏ပုံသဏ္ဌာန်အရ ဘူးသပိတ်၊ ဘူးလည်းလှ၊ ဘူးရှည်စက၊ ဘူးရှည်၊ ဘူးရေမှုတ်၊ ဘူးခါးဟူ၍ အမျိုးမျိုးရှိပါသည်။ ဘူးပင်ကို အထက်မြန်မာပြည်တွင် မေလနှင့်ဇွန်လများတွင် စိုက်ပျိုးကြပြီး အောက်မြန်မာပြည်တွင် ဆောင်းတွင်းပိုင်းဖြစ်သော အောက်တိုဘာလ၌ အများဆုံးစိုက်ပျိုးကြပါသည်။ ရေမဝပ်သောကုန်းမြင့်ပိုင်းတွင် စိုက်ပျိုးကြပါသည်။ ဘူးပင်ကို အိမ်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိ

14 Jun 2023

    ယခုတစ်ပတ်၌ ပြည်ဈေးကွက်တွင် ကြက်သွန်နီသီးနှံဈေးနှုန်းမှာ ပျမ်းမျှလျှင် ကျပ် (၂၅၀) ခန့်ကျဆင်းသွားပြီး ဝင်ရောက်မှုမှာ ကျောက်ပန်းတောင်း၊ တောင်တွင်း၊ ဆိပ်ဖြူဘက်တို့မှ ပိဿာချိန် (၃) သောင်းကျော်ခန့်ရက်ခြားအဝင်ရှိသဖြင့် ယခင်အပတ်ထက် အဝင်များနေကြောင်း သိရပါသည်။ အဝင်များသည့်အတွက် ဈေးနှုန်းမှာလည်း ယခင်၌ ကြီး/လတ်/သေးတစ်ပိဿာလျှင် ကျပ် (၂၅၀၀/ ၂၆၀၀/၂၇၀၀) တို့ရှိခဲ့ရာမှ ၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်၌ ဈေးမှာ ကျပ် (၂၂၀၀/၂၃၀၀/၂၄၀၀) နှုန်းတို့ရှိသဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရပ

Pages