ကုန်သွယ်မှုသတင်းများ
ကြက်သွန်နီ ကုန်စည်ဒိုင်တွင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ ဆောင်းစိုက်ပင်စိုက်များ အရောင်းအဝယ် ဖြစ်လျက်ရှိသည့်အပြင် အခြားဒေသများဖြစ်သော ပုလဲ၊ မြင်းခြံမြို့၊တောင်သာနယ်၊ ညောင်ဦးနယ်တို့မှ ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများအပြင် ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ် ဖြစ်နေပါသည်။
ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှ စိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံများ အရောင်းအဝယ်ဖြစ်နေပါသည်။ ယခုတစ်ပတ် (၁.၆.၂၀၂၃)ရက်နေ့မှ (၇.၆.၂၀၂၃)ရက်နေ့ထိ အရောင်းအဝယ်ဖြစ်နေသော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီ တစ်တင်းလျှင် ကျပ်(၉၅၇၀၀-၉၆၀၀၀-၁၀၄၈၀၀)၊ ကုလားပဲ ဝါလုံးကြိး(929) တစ်တင်းလျှင် ကျပ်(၈၂၀၀၀- ၈၂၅၀၀-၈၃၇၀၀)၊ ကုလားပဲဖြူလုံး(HL)တစ်တင်းလျှင် ကျပ်(၈၅၀၀၀-၈၆၀၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၁-၆-၂၀၂၃) ရက်နေ့မှ (၇-၆-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၄၉၀၀) ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၁၁၃၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၄၀၀ကျပ်ထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလ
ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင် မတ်ပဲသည် မြန်မာနိုင်ငံအတွက် အရေးပါသောပဲတစ်မျိုးဖြစ်သည်။ မတ်ပဲကို အစိုဓာတ်နှင့် မြေဆီလွှာအာဟာရအနည်းငယ်သာရှိသော မြေများတွင်လည်းစိုက်ပျိုးနိုင်သည်။ မတ်ပဲတွင် ဗိုက်တာမင်၊ ပရိုတင်း၊ သတ္တုဓာတ် စသည့်တို့ အမြောက်အများပါဝင်သောကြောင့် လူသားတို့အတွက် အာဟာရတန်ဖိုးမြင့်မားသည်ဟုဆိုနိုင်သည်။ မတ်ပဲကို များသော အားဖြင့် ဆောင်းတွင်းပိုင်းတွင် ပိုမိုစိုက်ပျိုးကြပြီး မိုးတွင်းပိုင်းတွင် အနည်းငယ်စိုက်ပျိုးကြပါသည်။ နိုင်ငံခြားဈေးကွက်ရှိသောသီးနှံလည်းဖြစ်သည်။<

စံပယ်ပန်းသည် မွှေးကြိုင်သောသင်းရနံ့နှင့် အဖြူအဆင်းရှိပြီး အမျိုးသမီးတိုင်း ကြိုက်နှစ်သက်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းသည် မြန်မာတို့၏ ဆယ့်နှစ်လရာသီများထဲတွင် နယုန်လ၌ ပွင့်သောပန်းဖြစ်ပါသည်။ စံပယ်ပန်းပင်သည် ချုံပင်တစ်မျိုးဖြစ်ပြီး ရုက္ခဗေဒအမည်မှာ “ဂျက်စမင်နမ်ဆမ်ဗက်” ဖြစ်ပါသည်။ အိမ်စံပယ်၊ တောစံပယ်၊ စံပယ်အိနှင့် စံပယ်နွဲ့ဟူ၍ စံပယ်အမျိုးမျိုးရှိပါသည်။
