ကုန်သွယ်မှုသတင်းများ
၂၀၂၂ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ပြည်ခရိုင်အတွင်းရှိ ဆန်ကွဲ၊ ဖွဲနုဈေးများမှာ ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၉၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၈၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၈၀) ကျပ်ဈေးနှုန်းတို့ဖြစ်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလတွင် ဆန်ကွဲ (Extra) တစ်အိတ်လျှင် (၃၈၀၀၀) ကျပ်၊ ဆန်ကွဲ (234) တစ်အိတ်လျှင် (၃၇၀၀၀) ကျပ်၊ ဆန်ကွဲ (12) တစ်အိတ်လျှင် (၃၇၅၀၀) ကျပ်နှင့် ဖွဲနုတစ်ပေါင်လျှင် (၂၅၀) ကျပ်တို့ဖြစ်ခဲ့ပါသည်။ ဒီဇင်ဘာလတွင် ဆန်ကွဲ

တောင်ငူမြို့ရှိ အခြေခံလူတန်းစားများ သက်သာသောနှုန်းထားဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံ လူတန်းစားများရာ ရပ်ကွက်များနှင့် အခြေခံလူတန်းစားများအများစုရှိရာ ဈေးများတွင် စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
မာလာဖူး၊ တောက်တာဖူး၊ မာလာပန်း စသည်ဖြင့် အမျိုးမျိုးခေါ်ဆိုကြသော တောက်တာဖူးပင်၏အရွယ်အစားမှာ အပင်ပုမျိုး (မြေကပ်ပင်) ဖြစ်ပြီး မြေပြင်အတွင်းမှ ထိုးထွက်လာပြီး တောထဲတွင်သာ အလေ့ကျပေါက်သည့်အပင်များဖြစ်ပါသည်။ တောက်တာဖူး၏အရသာသည် ပူရှိန်းရှိန်းရှတတရှိပါသည်။ ကျန်းမာရေးအတွက် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ ခံတွင်းပျက်ခြင်း၊ အစာမကြေဖြစ်ခြင်း၊ လေပွခြင်းနှင့်အစာစားချင်စိတ်မရှိခြင်း စသည့်ရောဂါများအတွက် တောက်တာဖူးအားစားသုံးပေးခြင်းဖြင့် သက်သာစေပါသည်။ ထို့ပြင် ရောင်ရမ်းခြင်းနှင့် နာကျင

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဥစားကြက်မွေးမြူရေး၊ အသား တိုးကြက်မွေးမြူရေး၊ ငုံးမွေးမြူရေး၊ ဘဲမွေးမြူရေး၊ ဒေသကျွဲ၊ ဒေသနွား၊ နို့စားနွား မွေးမြူရေးလုပ်ငန်းများရှိကြပါသည်။ ဒေသနွားမွေးမြူရေးအနေဖြင့် ယခင်က ခိုင်းစေရန်နှင့် ဒေသတွင်းစားသုံး ရန် မွေးမြူကြသော်လည်း ယခုအခါ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လာသဖြင့် မျိုးကောင်းမျိုးသန့် နွားများကို ခြံလှောင်စနစ်ဖြင့် မွေးမြူလာကြပါသည်။
တောင်ငူမြို့ ၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) တစ်ပိဿာလျှင် ၉၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ၊ ကုလားအော်သီး တစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်အထိ၊ ခရမ်းသီး (အဖြူ) တစ်ပိဿာလျှင် ၁၃၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ၊ ခရမ်းသီး(အညို) တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဖြင့် ယခင်အပတ်ကအတိုင်း ဈေးနှုန်းတည်ငြိမ်နေပါသည်။