ကုန်သွယ်မှုသတင်းများ
ယခုအချိန်တွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသော ရာသီစာဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝှေးကို ချက်ပြုတ်စားသောက်ရာတွင် အပင်၏ရင့်သောအပိုင်းကို ဖဲ့ချွေပြီးနောက် ဖလံတောင်ဝှေးနုနုများကို ငရုတ်ကျည်ပွေ့ဖြင့် ထု၍ကြော်စားကြပါသည်။ ဖလံတောင်ဝှေးကို
သံပုရာသီးတွင် နွေသံပုရာနှင့် မိုးသံပုရာဟု (၂)မျိုးရှိရာ နွေသံပုရာသည် နွေရာသီဖြစ်သော မတ်လတွင် အသီးများစတင်သီးပြီး ဧပြီလနှင့် မေလတွင် စတင်ခူးဆွတ်ရပါသည်။ မိုးသံပုရာမှာ မိုးရာသီဖြစ်သော ဇွန်လမှစ၍ အောက်တိုဘာလအထိ အသီးအထွက်အလှိုင်ဆုံးအချိန်ဖြစ်ပါသည်။ နွေသံပုရာသည် အလုံးသေးငယ်ပြီး အထွက်နှုန်းနည်းသလောက်၊ မိုးသံပုရာသည် အလုံးချောပြီး သီးနှုန်းအားကောင်းပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
၁၄.၆.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည