ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်အပတ်၌ 92 RON တစ်လီတာလျှင် ၂၀၂၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၂၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၃၀ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၁၀ကျပ်တို့ရှိခဲ့ပါသည်။
၂၀၂၃ခုနှစ်၊ ဇွန်လ၊ ဒုတိယအပတ်တွင် 92 RON တစ်လီတာလျှင် ၂၀၅၅ကျပ်၊ 95 RON တစ်လီတာလျှင် ၂၁၆၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၁၉၈၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၀၇၀ကျပ်တို့ရှိခဲ့ပါသည်။

တောင်ငူမြို့တွင် ဟင်းသီးဟင်းရွက်များကို လက်လီ/လက်ကားအများဆုံးရောင်းချသော ညောင်ပင်ဈေးတွင် ဘူးသီး အလုံးအသေး၊ အလတ်၊ အကြီးမျိုးစုံရှိရာ ယခင်နှစ်၌ အသေးတစ်လုံးလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်ထိသာရှိခဲ့သော်လည်း ယခုအချိန်တွင် ဘူးသီးအသေးတစ်လုံးလျှင် ၅၀၀ကျပ်မှ ၆၀၀ကျပ်ထိရှိလာခဲ့ပါသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ပဲခူးခရိုင်၊ ဆီကုန်သည်အသင်းမှ ဆီအရောင်းဈေးကားသည် တောင်ငူမြို့သို့လာရောက်၍ အခြေခံလူတန်းစားများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် လာရောက်ရောင်းချပေးလျက်ရှိပါသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံလေဝင်ရောက်လာပြီး မိုးပုံမှန်ရွာသွန်းနေပြီဖြစ်သဖြင့် အုတ်တွင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများမှာ မိုးစပါးစိုက်ပျိုးရန် မြေပြုပြင်နေကြပြီး ကြဲခင်းစိုက်တောင်သူများအနေဖြင့် ယခုအခါတွင် စပါးကြဲနေပြီဖြစ်ပါသည်။

ဒေသအစားအစာတစ်မျိုးဖြစ်ပြီး ကရင်ပြည်နယ်တစ်နေရာတည်းတွင်သာရနိုင်ပြီး အသင့်စားသောက်နိုင်သည့် ဒေသထုတ်ကုန်အစားအသောက်အဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသော ကော့ကရိတ်မြို့မှ ဦးချိ (အသင့်စား) ဆိတ်ချေးခါးဟင်းလျာသည် လူကြိုက်များလျက်ရှိပါသည်။