ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၈-၆-၂၀၂၃) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ပဲတီစိမ်း (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၅၀၀၀)၊ မတ်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၆၀၀၀)၊ ပဲစင်းငုံနီ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၉၅၀၀၀)၊ ပဲလွန်းဝါ (ကျွန်း) (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၀၀၀၀)၊ ပဲထောပတ် (၁၉) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၈၂၀၀၀)၊ ကုလားပဲ (929) (၁၉) ပိဿာဝင်

မကွေးမြို့၊ မြို့မဈေး၌ ပုံမှန်ရောင်းချနေသော ကြက်သား၊ ဝက်သား၊ အမဲသားများအပြင် ရန်ကုန်မြို့မှ ငါးမျိုးစုံ၊ ရေချိုပုစွန်၊ ငါးမြစ်ချင်းကြီး၊ ကြက်ဥနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် အမ်းမြို့တို့မှ ငါးပိ၊ ငါးခြောက်များပါဝင်ရောက်လျက်ရှိပြီး ဒေသနှင့်ပစ္စည်းအမျိုးအစားအလိုက် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီးတွင် ဆီးပင်များမှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက်ရှိပြီး တောင်သူဦးကြီးများကလည်း ဆီးပင်အား လယ်ယာခြံစည်းရိုးနယ်နိမိတ်အဖြစ် စိုက်ပျိုးထားရာမှ နှစ်စဉ် ဝင်ငွေများရရှိနေကြောင်း လေ့လာသိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့အနီးရှိ ဥယျာဉ်ကျေးရွာသည် အိမ်ခြေ (၂၁၀) ခန့်ရှိပြီး စိုက်ပျိုးရေးကို အများဆုံးလုပ်ကိုင်ကြပါသည်။ တောင်ယာလုပ်ကိုင်သူများသည် မိုးဦးကျချိန်တွင် နှမ်းကိုအဓိကထားစိုက်ပျိုးကြကြောင်း၊ နှမ်းနှင့်အတူ ပဲစင်းငုံ၊ ဝါ စသောသီးနှံတို့ကိုလည်း သီးညှပ်စိုက်ပျိုးကြကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့၊ မြို့မဈေးသို့ မျှစ်များကို ရာသီချိန်ဖြစ်သည့် ဇွန်၊ ဇူလှိုင်လများတွင် ညောင်အိုင်၊ ခိုဝင်၊ မထိမ်းနှင့် မြေနီကုန်း စသည့်ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
