ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ကျွန်းလှမြို့နယ်အတွင်း ပုရစ်ကြော်များကို ဒေသထွက်အနည်းငယ်နှင့် မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိပါသည်။

21 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း မိုးရာသီကာလ၏ ပုဇွန်လုံး (ခေါ်)ဂဏန်းကောင်းလေးများ ပေါများသည့်ရာသီဖြစ်ပါသည်။ ပုဇွန်လုံး (ခေါ်)ဂဏန်းများကို မိမိတို့ ဒေသတွင်း လယ်ယာများအတွင်းမှ ကောက်ယူပြီး ရောင်းချလျက်ရှိပါသည်။ ပုဇွန်လုံး (ခေါ်) ဂဏန်း ကလေးများ၏ အခွံထဲမှ ထုတ်ယူရသော ပုဇွန်ဆီ၊ ပုဇွန်ရင်ဘတ်များ နှင့် ပုဇွန်လုံး(ခေါ်)ဂဏန်းများကို ရာသီအစားအစာအဖြစ် ရောင်းချလျက်ရှီကြောင်း သိရပါသည်။

21 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ နှစ်ရှည်သီးနှံ ဖြစ်သည့် သရက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီးပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲ တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ပိန္နဲသီးများကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

21 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် ကန်ဇွန်းဥကို တစ်ပိုင်တစ်နိုင် မိသားစု အိမ်ခြံမြေများနှင့် မိမိပိုင်ယာမြေများတွင် သာ စိုက်ပျိုးကြပြီး စားသုံးသူပြည်သူများနှင့် စည်ကားလျက်ရှိသည့် ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

21 Jul 2025
ကန့်ဘလူခရိုင်၊ ကျွန်းမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိသော ပြည်သူများ ရှိသလို စာဝတ်နေရေးအတွက် စိုက်ပျိုးရေးမဟုတ်ပဲ ကျရာပင်ပေါက် လုပ်ကိုင်ရသော လက်လုပ် လက်စားသမားလေးများလည်းရှိပါသည်။ ထိုလက်လုပ်လက်စားလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် တောတောင်ဒေသကို အမှီပြု၍ ရာသီအလိုက် ပေါက်ရောက်သော သီးနှံများ ဖြစ်သည့် မျှစ်ရာသီ မျှစ်ချိုးခြင်း၊ မှိုရာသီ မှိုရှာခြင်းနှင့် နှမ်း၊ အခြားပန်းများနှင့် နေကြာပွင့်ချိန်တွင် ပျားဖွတ်၍ ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကိုလည်း လုပ်က

