
နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံများအား ထင်းအစားထိုး လောင်စာတောင့်ထုတ်လုပ်လျှက်ရှိပြီး လုပ်ငန်းသေးများမှ ယခင်နှစ်များထက် ပိုမိုတွင်ကျယ်စွာ အသုံးပြုလာကြကြောင်း သိရပါသည်။
ဇီးကုန်းမြို့နယ်တွင် စပါးခွံလောင်စာတောင့် ထုတ်လုပ်သည့် စက်ရုံတစ်ရုံသာရှိပြီး တစ်ရက် ပိဿာ (၂၀)ဆံ့ ကုန်ချောအိတ် (၇၀)ခန့် ထုတ်လုပ်ကြောင်း သိရပါသည်။ စပါးခွံအသုံးပြုမှု အနေဖြင့် ကုန်ကြမ်း (၅)ပိဿာဝင် စပါးခွံအိတ် (၂၀၀)တွင် ကုန်ချော အိတ် (၅၀) ခန့်ထွက်ရှိပြီး တစ်ရက်တွင် စပါးခွံအိတ် (၂၅၀)ခန့် အသုံးပြုပါကြောင်း စက်ရုံတွင် လုပ်သား (၅)ဦး ကိုအသုံးပြုပြီး လျပ်စစ်မီးနှင့် ကုန်ကြမ်းရရှိမှုအပေါ် လုပ်ငန်းလည်ပတ်နေကြောင်း သိရပါသည်။
မြို့နယ်အတွင်း ဈေးကွက်သာ ဖြန့်ဖြူးလျှက်ရှိပြီး ပိဿာ (၂၀) တစ်အိတ်လျှင် ယခင်ဈေး အတိုင်း (၇၅၀၀)ကျပ်ဖြင့် သာဖြန့်ဖြူးရောင်းချလျှက်ရှိသည်။ ထုတ်ကုန်များအား မြို့နယ်တွင်း လုပ်ငန်း သေးများဖြစ်သည့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များမှ အသုံးပြုမှုပိုမိုများပြားလာသဖြင့် ဆန်စက်များမှ ထွက်ရှိလာသော စပါးခွံအား တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် လိုအပ်မှုများအား ထင်းအစာထိုး သုံးစွဲလာကြသဖြင့် ပိုမိုသက်သာပြီး လုပ်ငန်းများလည်ပတ် နိုင်သဖြင့် လုပ်သား များနှင့် လုပ်ငန်းစုံအတွက် အထောက်အကူဖြစ်သဖြင့် ပိုမိုသုံးစွဲလာကြကြောင်း သိရသည်။