ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စပါးဈေးကွက်အခြေအနေဖြင့် ဇူလိုင်ဒုတိယပတ်တွင် ဆင်းသုခ၊ မနောသုခ(၄၆)ပေါင်တင်း (၁၀၀)လျှင် ၁၅၆၄၀၀၀/ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး နွေစပါး(၄၆)ပေါင်လျှ၍် (၁၃၇၆၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

21 Jul 2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်ရှိ ဘုရားပြို၊ ဝက်သိုက်၊ နွားကူး၊ သန်းတောကုန်း၊ မကြီးကန်၊ ဆားတိုင်ကန်စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ပြီး မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံနှင့် အခြားစားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ ဆားတိုင်ကန်ကျေးရွာ၌ မိုးနှမ်းကို ၂၀၂၅ခုနှစ်၊ မေလဆန်းမှစတင်၍ စိုက်ပျိုးထားကြောင်း သိရှိရသည်။
21 Jul 2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။

21 Jul 2025
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်လက ၂၅၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ်ဖြင့် ရောင်းချရာ စျေးနှုန်း ၁၀၀၀ ကျပ် ကျသွားပါသည်။

21 Jul 2025
တောင်ငူမြို့တွင် ဇွန်လနောက်ဆုံးပတ်က စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုးDiesel တစ်လီတာ လျှင် ၂၅၄၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၁၅၀ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၀၀၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၀၈၀ ကျပ် ရှိခဲ့ပါသည်။
ယခု ဇူလိုင်လ ပထမအပတ်တွင် စက်သုံးဆီဈေးနှုန်းမှာ ရိုးရိုး Diesel တစ်လီတာလျှင် ၂၇၇၅ ကျပ်၊ Premium Diesel တစ်လီတာလျှင် ၃၄၃၅ ကျပ်၊ Octane 92 တစ်လီတာလျှင် ၃၁၈၅ ကျပ်နှင့် Octane 95 တစ်လီတာလျှင် ၃၂၆၀ ကျပ် ရှိခဲ့ပါသည်။

