ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ဖြူးမြို့မဈေးအတွင်းရှိ ယခုလိုမိုးတွင်း အခါတွင် ဆူးပုတ်ရွက်များကို ဈေးထဲတွင် ပေါများစွာ တွေ့ရတက်ပါသည်။ ဆူးပုတ်ရွက်ကို နေရာ အနှံ့တွင် စိုက်ပျိုးကြပါသည်။ ဆူးပုတ်ပင်တွင် ဆူးပုတ်ကြီးနှင့်ဆူးပုတ်ကလေး ဟူ၍(၂)မျိုးရှိပါသည်။ ဆူးပုတ်ကြီးမျိုး၏ အရွက်သည် အရွယ်အစား ကြီးသလို အနံ့လည်း ပိုပြင်းပြီး ဆူးပုတ် ကလေးမျိုးသည် အရွက်အရွယ်အစားလည်း သေး၍ အနံ့လည်း မပြင်းပေ။ ဆူးပုတ်ရွက် တစ်စီးလျှင် ၅၀၀ ကျပ် မှ ၃ စီး ၁၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

21 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ် တင်ပြလျက်ရှိရာ ဇူလိုင်လ (၇)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူခဲ့ကြ ကြောင်း သိရှိရသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၁၀)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

21 Jul 2025
မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး၊ စပါးစိုက်ဧက ၁၄၁၁၉၂ ဧကရှိသည့် အနက် ၂၀၂၅-၂၀၂၆ ခုနှစ် ယခုအချိန်တွင် မိုးစပါးစိုက်ပျိုးထွန်ယက်ပြီးစီးသည့် ဧကမှာ ၈၇၅၉ ဧက စိုက်ပျိုး ပြီးစီးကြောင်း သက်ဆိုင်ရာမြို့နယ် စာရင်းများအရသိရှိရပါသည်။
မအူပင်မြို့နယ်တွင် ဧည့်မထဆန်များမှာ ရန်ကုန်ဘုရင့်နောင်ဈေးကွက်တွင် တင်ပို့လျက်ရှိကြောင်း မအူပင်မြို့နယ်ရှိ ဆန်စက်ပိုင်ရှင်များထံမှ သိရပါသည်။

21 Jul 2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သီးနှံစိုက်ပျိုးစွမ်းအားများ တိုးမြှင့်စိုက် ပျိုးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဇွန်လတွင် မိုးမြေပဲ(၅၂၇၈၉)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

