ကုန်သွယ်မှုသတင်းများ
Powered by Drupal
21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင်ယနေ့ ၇.၁၀.၂၀၂၅ နေ့ရောင်းချ လျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၂အိတ်) ၊ ဆီတစ်ပိဿာလျှင် (၆၆၀၀) ကျပ်နှုန်းဖြင့်ဆီ (ပိဿာ ၄၂) ၊ ကြက်ဥတစ်လုံးလျှင် (၃၁၀) ကျပ်နှုန်းဖြင့် ကြက်ဥ (၃၀၀) လုံး၊ ဝက်သားတပိဿာ လျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိဿာ ၊ ကြက်သားမွေးမြူရေးတစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် (၂၅) ပိ

21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်လုပ် ငန်းရှင်များမှ ဆန်များ ကိုသက်သာသောနှုန်းထားဖြင့် ဗွီနိုင်းချိတ်ဆွဲရောင်းချနေခြင်းကို ဇွန်လ (၂၄)ရက် နေ့မှစတင်ရောင်းချခဲ့ရာ ယနေ့အထိရက်မပြတ် နေ့စဉ်အကန့်အသတ်မရှိ ဝယ်ယူလို သည့် ပ မာဏ အတိုင်းရောင်းချပေးလျက်ရှိပါသည်။ ၇.၇.၂၀၂၅ ရက်နေ့တွင် ဆန်စက်နှင့် ဆန် ဆိုင်တို့မှဧည့်မထဆန်၊ရက်(၉၀)ဆန်၊မနောသုခဆန်တို့အားဆန်တစ်ပြည်လျှင်(၃၀၀၀/)ကျပ်နှုန်းဖြင့် ဆန်အိတ်(၂၉)အိတ် လူဦးရေ (၂၅၂)ဦးအား ရောင်းချပေးပြီး ဖြစ်ပါကြောင်း နှင့် လိုသလောက် ဆန်မျာ

21 Jul 2025
မုန့်ဟင်းခါးခြောက်သည် တာရှည်စွာ အထားခံသည့်အပြင် ပွက်ပွက်ဆူသော ရေနွေးတွင် မိနစ်အနည်းငယ်ပြုတ်ရုံဖြင့် စိတ်ကြိုက်အလွယ်တကူ သုတ်စားနိုင်သဖြင့် လူကြိုက်များသည့် စားသောက်ကုန်ဖြစ်ပြီး ဈေးနှုန်းလည်း သင့်တင့်သဖြင့် ဈေးကွက်အတွင်း ရောင်းအားကောင်းလျက် ရှိသည်။

21 Jul 2025
တောင်ငူမြို့ ဈေးများသို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ အာလူးများ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိရာ ယခင်လက အာလူးအသေး တစ်ပိဿာလျှင် ၁၅၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၀၀၀ကျပ်နှင့်အကြီးတစ်ပိဿာလျှင် ၂၅၀၀ကျပ် ဖြစ်ပြီး၊ ယခုအခါ အာလူးအသေး တစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အလတ်တစ်ပိဿာလျှင် ၃၅၀၀ ကျပ် နှင့် အကြီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချလျက် ရှိပါသည်။
အာလူးတွင် ကယ်လိုရီ၊ အမျှင်ဓါတ်၊ ကာဗွန်ဟိုက်ဒရိတ် ၊ပရိုတင်းဓါတ်များ ပါဝင်သဖြင့် ကျန်းမာရေး အတွက် အထူးကောင်းမွန်သည့်အပြင် သွေးပေါင်ကိုလည်း ထိန်းညှိပေးပါသည်။

21 Jul 2025
တောင်ငူမြို့ ဈေးများသို့ မြို့၏ အနီးတဝိုက် ရွာများမှ ရာသီအလိုက် ဒေသထွက် သီးနှံများ လာရောက်ရောင်းချလျက်ရှိရာ ယခုအခါ ရခိုင်ငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်နေသည်။
ဈေးနှုန်းအနေဖြင့် ရခိုင်ငှက်ပျောသီး (အသေး) ၁ ဖီး ၁၅၀၀ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၃၀၀ကျပ်ဖြစ်ပြီး၊ အလတ် (၁)ဖီး ၂၀၀၀ ကျပ် ၊ (၁၀)ဖီး ယူလျှင် ၁၈၀၀ ကျပ်၊ အကြီး (၁)ဖီး ၃၀၀၀ ကျပ်၊ (၁၀)ဖီး ယူလျှင် ၂၈၀၀ ကျပ်ထိဖြစ်ပြီး အများဈေးယူလျှင်လည်း ဈေးနှုန်းအနည်းငယ်သာ အပြောင်းအလဲ ရှိသည်။

