Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 Sep 2024

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့် ဩဂုတ်လ နောက်ဆုံးပတ်နှင့် စက်တင်ဘာလ ပထမပတ်တွင် ၂၀ပိဿာဝင်တစ်တင်းလျှင် ၁၂၄၁၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာလ၊ တတိယအပတ်တွင် ၂၀ပိဿာဝင်တစ်တင်းလျှင် ၁၃၅၅၀၀ကျပ်နှုန်းဖြင့် တစ်ပတ်အတွင်း (၁၁၄၀၀)ကျပ်ဈေးမြင့်တက်ခဲ့ကြောင်း၊ ကုလားပဲ တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ စားတော်ပဲတစ်ပိဿာလျှင် ၇၅၀၀ကျပ်၊ ပဲနီစေ့တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ပဲဖြူလေးတစ်ပြည်လျှင် ၁၀၀၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း အရော

19 Sep 2024

         ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဩဂုတ်လ နောက်ဆုံးပတ်တွင် ပိဿာ (၂၀) ဝင်တစ်တင်းလျှင် အနိမ့်ဆုံး (၁၂၅၀၀၀)ကျပ်မှ အမြင့်ဆုံး (၁၂၈၀၀၀)ကျပ်ထိရှိပြီး ယခုစက်တင်ဘာလ တတိယပတ်တွင် ပိဿာ၂၀ဝင်တစ်တင်းလျှင် ၁၃၃၀၀၀ကျပ်ခန့်မှ (၁၃၄၀၀၀)ကျပ်ထိရှိပါသည်။ စီးထွက်မှုအနေဖြင့် ဩဂုတ်လတစ်လလုံးတွင် ရန်ကုန်မြို့သို့ (၁၅၉၉၅၀) အိတ်ခန့်တင်ပို့နိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလ ဒုတိယအပတ်ထိ  တင်ပို့မှုအနေဖြင့် (၇၅၀၀၀)အိတ်ခန့်တင်ပို့နိုင်ခဲ့ကြောင်း သာယာဝတီမြို့အတွင်

19 Sep 2024

       တောင်ငူမြို့ ရွှေဆံတော်ဘုရားဈေးတွင် ပေါ်ဦးပေါ်ဖျားထန်းမြစ်များရောင်းချနေပါသည်။ ထန်းမြစ်ကို တချို့မသိသောသူများက ထန်းပင်မှ အမြစ်ဟုထင်ကြပါသည်။ စား၍ရသော ထန်းမြစ်ဆိုသည်မှာ ရင့်မှည့်ပြီးကြွေကျသော ထန်းသီးအမှည့်များအား မြေကြီးအနက်တစ်တောင်ခန့်တူးထားသော ကျင်းထဲတွင်ထည့်ပြီး မြေပြန်ဖိ၍ ၃လခန့်ကြာသောအခါ ပြန်ဖော်ရာမှရရှိသော အပင်ပေါက်လေးများကို ထန်းမြစ်ဟုခေါ်ကြခြင်းဖြစ်ပါသည်။ ဆောင်းရာသီတွင် လှိုင်လှိုင်ပေါ်သော ထန်းမြစ်များမှာ ရာသီနှင့်လိုက်ဖက်လွန်းသော ရာသီစာအစားအစာတစ်မျိုးဖြစ်ပါသည်။

19 Sep 2024

      ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် စက်တင်ဘာလ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကြံနှစ်ကောင်(အနီ) တစ်အိတ်လျှင် (၁၂၆၀၀)ကျပ်၊ Apache တစ်အိတ်လျှင် (၁၂၂၀၀)ကျပ်၊ Alpha တစ်အိတ်လျှင် (၁၁၉၀၀)ကျပ်ဖြစ်နေကြောင်းသိရှိရသည်။ ယခင်လဈေးနှုန်းများအနေဖြင့် ကြံနှစ်ကောင် (အနီ)တစ်အိတ်လျှင် (၁၂၄၀၀)ကျပ်၊ Apache တစ်အိတ်လျှင် (၁၁၉၀၀) ကျပ်၊ Alpha တစ်အိတ်လျှင် (၁၁၉၀၀)ကျပ်ဖြစ်သဖြင့် ယခင်လဈေးနှုန်းများနှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာပါသည်။

19 Sep 2024

        တစ်နှစ်ပတ်လုံးငွေရရန် သေချာသော ငွေရသီးနှံအဖြစ်အရေးပါသည့် စားသုံးသီးနှံဖြစ်သော ငှက်ပျောကို ပဲခူး (အရှေ့) တွင် စိုက်ပျိုးလျက်ရှိကြောင်းသိရှိရသည်။ ငှက်ပျောအမျိုးအစားပေါင်းများစွာရှိသည့်အနက် ဖီးကြမ်းကို အဓိကထားစိုက်ပျိုးပြီး ဖြူးမြို့နယ်အနောက်ပိုင်းရှိ ပဲခူးရိုးမတောင်ယာတွင်စိုက်ပျိုးသော သီးမွှေးငှက်ပျောသီးမှာလည်း ဒေသတွင်းသာမက အခြားမြို့ရွာများထိ နာမည်ရလျက်ရှိသည်။ ငှက်ပျောကို မိုးဦးကျခါနီးအချိန်တွင် ဧပြီလ၊ မေလတွင် စတင်စိုက်ပျိုးပြီး စိုက်ပျိုးချိန် (၆)လကြာမြင့်လျှင် အဖူး

Pages