သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
16 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာ ရေး)နှင့်ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

16 Jul 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နမ့်စန်မြို့ပေါ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ပါသည်။

16 Jul 2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် (၃.၇.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌ နမ့်စန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

16 Jul 2025
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံဆီကုန် သည်ကြီးများအသင်း၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ရှမ်းပြည်နယ် ဆီဖြန့်ဖြူးရောင်းချရေး ဆီကိုယ်စား လှယ်များပူးပေါင်း၍ နိုင်ငံဝန်ထမ်း အငြိမ်းစားများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
16 Jul 2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် (2.7.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ နမ့်စန်မြို့အတွင်းရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
