Main menu

ပေါင်မြို့နယ်၌ သမဝါယမအသင်းမှ အသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု

Powered by Drupal

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သမဝါယမအသင်းမှ အသင်းသား တောင်သူများ၏ မိုးစပါးရိတ်သိမ်းနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများနှင့် အသင်းသားများက ၈.၁၂.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

    ထိုသို့ကြည့်ရှုရာတွင်  ပေါင်မြို့နယ် သမဝါယမဦးစီးဌာနမှ မိုးစပါးစီမံကိန်း ဆောင်ရွက် နေသည့်  သပြေကုန်းကျေးရွာ သပြေမောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမ အသင်းလီမိတက်၏ အသင်းသားတောင်သူ ဦးအောင်ဆန်းဦး၏ လယ်ယာ‌မြေတွင် ဂျပန်ရွှေဝါထွန်း မျိုးစပါးစိုက်ကွက်အား ရိတ်သိမ်းဆောင်ရွက်ရာ တစ်ဧကအထွက်နှုန်း (၁၀၃) တင်းထွက်ရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်သင်းသင်းယုနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)