Main menu

ဓနုဖြူမြို့နယ် ဆန်သိုလှောင်ရုံအား (My RO) မှတ်ပုံတင်ထားခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူ များ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ပူးပေါင်း၍ (၇.၁၂.၂၀၂၅) ရက်နေ့တွင် ဦးမျိုးဆက် ဆန်သိုလှောင်ရုံများ သို့သွားရောက်၍ အွန်လိုင်း(Myro) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဦးခိုင်လွမ်းမိုး (အကြီးတန်းစာရေးမှ)မြို့နယ်တာဝန်ခံကိုယ်စား စစ်ဆေးရာ သိလှောင်ရုံပိုင်ရှင်နှင့်တွေ့ဆုံ၍ ဆန်စက်သိုရုံမှ ထွက်ရှိသော ဆန်များကို ဒေသတွင်း ရောင်းချမှု အခြေအနေများ၊ လက်ရှိ စပါးဆန်/ သိုလှောင်ရုံလက်ကျန်ကိုစာရင်းကောက်ယူခြင်း၊  ဒေသတွင်း ဆန်ဆိုင်များအား  လက်ကားဖြန့်ဖြူးပါက သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချရန်၊ ရန်ကုန်တင်ပို့မှု အခြေအနေများကို ကုန်ရ၊ ကုန်ထုတ်ပြေစာဖြင့် တင်ပို့ခြင်းလုပ်ငန်းအကြောင်းကို ဆွေးနွေးခြင်း၊ နေ့စဉ်တင်ပို့မှုရှိပါက မြို့နယ်ရုံးသို့ စာရင်းပေးပို့ဆောင်ရွက်ရန်ကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးသိုလှောင်မှတ်ပုံတင် ဆောင်ရွက်ထားရှိခြင်းရှိ/ မရှိစစ်ဆေးခဲ့ပြီး သက်တမ်းတိုးပြည့်မီပါက ထပ်မံသက်တမ်းတိုးဆောင်ရွက်နိုင်ရန်၊ လစဉ် ရ၊ထုတ်၊ကျန် စာရင်းဖြည့်သွင်း‌ဆောင်ရွက်ရန်ကို ဆွေးနွေးပြီး ကွင်းဆင်းအသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)