သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်း၏ အကြောင်းကြားလာမှုအရ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ (၁၂-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း(၂၀၂၄-၂၀၂၇)အား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ်အထွေထွေဦးစီးဌာန၏ ပံ့ပိုးကြီးကြပ်လမ်းညွှန်မှုဖြင့် ကြီးမှူးကျင်းပခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများ စသည့် နေရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်က စစ်ကိုင်းခရိုင်/စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်း (၂၉)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦး သည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒီဇင်ဘာလ(၁၁)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော “ရွှေရည်လင်း”၊ “ကောင်းစံ”၊ “မြကျွန်းသာ”ကုန်မျိုးစုံဆိုင်နှင့် “ဆန်းသစ်ဝေ”စတိုးဆိုင် (၄)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ပုသိမ်ခရိုင်ဦးစီးမှူးတို့သည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်နှင့် ဖိတ်ကြားထားသော တိုင်းဒေသကြီးဦးစီးမှူး နေပြည်တော်ကောင်စီ ရန်ကုန်တိုင်းဒေသကြီး မန္တလေးတိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်ဦးစီးမှူးတို့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဆန်စပါးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း ကုန်စည်ဒိုင်မျာ
ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးနှင့် စီမံရေးရာဌာနခွဲ တာဝန်ခံ ၊ ငွေစာရင်းတာဝန်ခံနှင့် ဝန်ထမ်းများသည်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်တွင် Virtual စနစ်ဖြင့်ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှို်ငး အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။