Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jan 2022

          ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးမှ စားသုံးသူအသိပညာပေး ဟောပြောခြင်း(၃)ကြိမ်၊ စီးပွားရေးလုပ်ငန်းရှင် အသိပညာ ပေးဟောပြောခြင်း (၁၇၁)ကြိမ်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် စည်ပင်သာယာ ဈေးများ၊ စတိုးဆိုင်များ၊ ဆေးဆိုင်များ၊ စက်သုံးဆီအရောင်းဆိုင်များနှင့် စားသုံးဆီ အရောင်း ဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း (၃၀၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ စားသုံး သူများ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မ

05 Jan 2022

            ၂၆.၁၂.၂၀၂၁ ရက်နေ့၊ ကရင်ပြည်နယ် ဘားအံမြို့ ခရိုင်မီးသတ်ဦးစီးဌာန၌ နံနက် (၉:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောခဲ့ကြပါသည်။

05 Jan 2022

          စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ “ရာဇာ”လက်ဖက်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး စားသုံးသူများဘေးအန္တရာယ် ကင်းရှင်း၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

05 Jan 2022

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပဒေသာဈေးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နံက် (၉:၀၀)နာရီ ၌ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များပါဝင်သော အဖွဲ့သည် ကုန်မျိုးစုံအရောင်းဆိုင်များ၊ မုန့်မျိုးစုံအရောင်းဆိုင်များကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါသည်။

05 Jan 2022

၃.၁.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-

Pages