သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း
08 Jul 2025

08 Jul 2025
(၂၆-၆-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက် များရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၅) ဆိုင်ရှိ ကုန်စည်များ ဈေးနှုန်း နည်ငြိမ်လျက်ရှိကြောင်း သိရပြီး မြို့နယ် ကုန်ဈေးနှုန်း စာရင်းများကို အပါတ်စဉ် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိသည်။

08 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ချေးငွေထုတ်ချေးပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာနက ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးခြင်းကို (၂၄-၆-၂၀၂၅) နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။

08 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် ဒေါ်အေးစန္ဒာထွန်း တို့သည် ၂၆.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။


