သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၅.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁;၀၀)အချိန်တွင် မြို့နယ်စဉ်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ နှင့်ပူပေါင်း၍ လပွတ္တာမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ) နှင့် ဝန်ထမ်းများသည် (၂.၆.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် (Like Myanmar CCTV& Electronic Store) အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်း အိမ်အမှတ် (၆၀)၊ (က) ရပ်ကွက်၊အင်ကြင်းလမ်း၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အီလက်ထရောနစ်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

(၃-၆-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမြသန်းနိုင် (ဒု-ကြီးကြပ် ရေးမှူး) နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဗိုလ်မင်းရောင်ဈေး (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ ဆန်လက်လီ၊ လက်ကားရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည် ၉.၆.၂၀၂၅ ရက်နေ့ ရက်နေ့တွင် ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော ချောင်းဝနှင့် သိန်းဦးဆိပ်ကမ်း အား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃) ရေကြောင်းရဲတပ်ဖွဲ့

စားသုံးသူရေးရာဉီးစီးဌာန၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ ဒေါ်တင်တင်ဌေး၊ ရုံးအုပ်ပါ(၂)ဉီးတို့သည် (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်မျိုး စုံဆိုင်တွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
