သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်၊ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီအဖွဲ့နှင့် အတူ (၉.၆.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ သစ်တိုကျွန်းကျေးရွာရှိ (ပြုံးမောင်မောင်) စိုက်ပျိုးရေးဆေး၊ မျိူးစေ့နှင့် ဓာတ်မြေသြဇာ အရောင်းဆိုင်သို့ သွားရောက်၍ ဓာတ်မြေသြဇာ အမျိုးမျိုးတို့၏ စျေးနှုန်းအရည်အသွေး မှန်ကန်မှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ဓာတ်မြေသြဇာ အမျိုးမျိုးဖြစ်သော ရွှေကောမက်(50kg) ၁၄၅၀၀၀ ကျပ်၊ ရွှေတောင်(တရုတ်)

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် Coca-Cola Beverages Myanmar (CCPBM) ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ကို တုပ၍ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင်ပလတ်စတစ်ဘူးများ ဈေးကွက်အတွင်း ရောင်းချ မှုများရှိလာပါသဖြင့် ဈေးကွက်အတွင်း၌ အဆိုပါအမှတ်တံဆိပ်နှင့် ပုံစံတူ Sprite အချို ရည်ဘူးများ ရောင်းချခြင်းရှိ/မရှိ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ပြည်သူများပလတ်စတစ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေးနေ့သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ချောက်မြို့မစျေး၌ ပလတ်စတစ် အိတ်ဖြင့်ထုတ်ပိုး ရောင်းချခြင်း မရှိစေရန်အတွက် ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးခြင်းနှင

စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင်အတွင်းရှိ ဝန်ထမ်းများသည် ဌာန၏ မျှော်မှန်းချက်ဖြစ်သော “ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးအသိပညာပေးခြင်းများကို လစဉ်လျာထားချက်ချမှတ် ဆောင်ရွက်လျက်ရှိပါသည

စစ်ကိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့၊ စိန်ကုန်းတိုက်နယ်၊ ခါမင်းဝဲတောင်ကျောင်းတိုက်၌ ၂၀၂၅ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ နံနက် (၁၀း၀၀) အချိန်တွင် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး ဆောင်ရွက်မည့်စီမံကိန်းဖြင့် အခြေခံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြ
