Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Mar 2022

         စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက်၌ (၁၀.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးတို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

21 Mar 2022

            ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်နှင့် စားသုံးသူများကုန်စည်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊  မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် ၁၄.၃.၂၀၂၂ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ နန်းမားမြို့၊ မြို့မရန်အောင်ရပ်ကွက်ရှိမရွေးမုန့်ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေးအတွက် ဆွေးနွေးခဲ့ပါသည်။

21 Mar 2022

            ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနသည် “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသည့် ဦးစီးဌာန၏မျှော်မှန်းချက်နှင့်အညီ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ၊ စီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဗန်းမော်ခရိုင်၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦး သည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ဗန်းမော်မြို့၊ ဟန်းတဲရပ်ကွက်ရှိ စပါး၊ ပြောင်း၊ ပဲ အခြောက်ခံစက်လုပ်ငန်းရှင်(၂)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21 Mar 2022

          ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းဦးသည် ၁၄.၃.၂၀၂၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးတွင် စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ညွှန်ကြားချက်အမှတ်၁/၂၀၂၁အား သိရှိလိုက်နာဆောင်ရွက်ရန် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

21 Mar 2022

         စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် အကျိုး စီးပွားများကို ကာကွယ်ပေးရန်အတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျှက်ရှိသည့်အပြင် စားသုံးသူများ၏ နစ်နာဆုံးရှုံးမှုများအား အချိန်တိုအတွင်း ကုစားဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်တို့၌ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(CICC)များ ဖွင့်လှစ်၍ တိုင်ကြားမှုများကို အချိန်

Pages