သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့မအားကစားကွင်းတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ ဥက္ကဌ ဖလား(၃)မြို့နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲအား (၅.၇.၂၀၂၅)နေ့၊ ညနေ(၁၅:၀၀)နာရီ အချိန်တွင် ခရိုင်စီမံအုပ်ချုပ်ရးဥက္ကဌမှ ဖွင့်လှစ်ခဲ့ပါသည်။

22 Jul 2025
စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲ ရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၀.၇.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ “STAR HIGH-2 (မှော်ဘီ)” စက်သုံးဆီအရောင်းဆိုင်သို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် အထွေထွေစီမံအုပ်ချုပ်ရေးဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ (၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)တွင် ဆန်စက်အသင်းရုံးအစည်းအဝေးခန်းမတွင် ၂၀၂၅-၂၀၂၈ခုနှစ်အတွက် အလုပ်အမှုဆောင်အသစ် ရွေးချယ်တင်မြောက်ခြင်း အခမ်းအနားဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၈.၇.၂၀၂၅)ရက်နေ့၊ နံနက်(၈:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ၊ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

22 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနက ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ (၈.၇.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် အိုင်ကလောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။

