သတင်းနှင့် လှုပ်ရှားမှုများ
မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေး နှင့် အရည်အသွေးပြည့်မီသော ဆန်များကြိတ်ခွဲထုတ်လုပ်၍ပြည်ပသို့ တင်ပို့နိုင်ရေးတို့အတွက် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများသည် လွန်စွာမှအရေးပါလှပါသည်။ မည်သည့်လုပ်ငန်းမဆို စည်းလုံးညီညွတ်သော အစုအဖွဲ့များ၊ အသင်းအဖွဲ့များ၊ (သို့မဟုတ်) အဖွဲ့အစည်း များဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ညောင်ဦးဒေသ ရှိဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ စား

(၉.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် အပတ်စဉ်တနင်္လာနေ့တိုင်း ဈေးကွက်အတွင်းသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဉ်စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌အပတ်စဉ် တနင်္လာနေ့တိုင်း ဆေးနှင့်ဆေးပစ္စည်းရောင်းချနေသည့် ဆေးဆိုင်များသို့ကွင်းဆင်း၍ ဆေးနှင့်ဆေးပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကာ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ မိုးစပါးကို ကောက်စိုက်စက်နှင့် တွဲဘက်သုံး မျိုးစေ့ချကိရိယာ(Transplanter Mounted Seeder)နှင့် ကောက်စိုက်စက် ဖြင့် တောင်သူပညာပေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်က အမှတ်၃၃ လယ်ယာစခန်း တမြှာကျေးရွာ၊ဓနုဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနမှ အခမ်းအနား သို့တက်ရောက်ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဌာနဆိုင်ရာ တာတန်ရှိသူများနှင့်ပူးပေါင်း၍ (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိုးသည်ကုန်းမြို့နယ်အတွင်းရှိ ဦးဇေယျာအောင်၏ ကြယ်စင်လင်းဆန်စက်နှင့် ဆန်ဆိုင်သို့သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
