Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Jul 2024

     ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့ အနေဖြင့် (၁၂.၇.၂၀၂၄) ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိလက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

17 Jul 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ခရိုင်ဆီလုပ်ငန်းရှင်များအသင်းက စားအုန်းဆီများရောင်းချပေးခြင်းကို ၂၀၂၄ခုနစ်၊ဇူလိုင်လ ၁၁ရက်နံနက် ၀၇:၃၀နာရီအချိန်က ကန့်ဘလူမြို့ပေါ်ရပ်ကွက်များတွင် သတ်မှတ်နေရာများ၌ ရောင်းချပေးခဲ့ရာ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

17 Jul 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးတိုးတက်စေရန်” ဆိုသည့် မျှော်မှန်းချက်နဲ့အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်(၁၁;၀၀) အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ “သိဒ္ဓိအောင်ဆီစက်လုပ်ငန်းရှင်

17 Jul 2024

          ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၁၁) ရက်နေ့ ၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံး ၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သာစည်မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများသည် သာစည်မြို့နယ် ဈေးခေါင်းကြီးရုံး၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဈေးသူဈေးသား စုစုပေါင်း (၂၅) ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

17 Jul 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် အနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှု ရှိစေရေးတို့အတွက် ထုတ်ကုန်များထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့် စက်ရုံးအတွင်းရှိ အလုပ်သမားများအား (၁၁.၇.၂၀၂၄)ရက်နေ့၊ နံနက် (၀၉;၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့ပေါ်ရှိ ”မြင့်မိုရ်ထွန်း“ သောက်ရေသန့်စက်ရုံသို့ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်လှမြို့နယ်တာဝန်ခံသည် လုပ်ငန်းရှင်၊ မန်နေဂျာနှင့် စက်ရုံရှိအလုပ

Pages