Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Jan 2025

    ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့ ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀) နာရီတွင် မော်ကျွန်းမြို့နယ်ရှိ (၁၁) လမ်း မြို့မဈေးတွင် ကြက်ဥအလုံး (၃၀၀၀) နှင့် ဘဲဥအလုံး(၃၀၀) ကို သွားရောက်၍ ရောင်းချခဲ့ကြောင်း သိရှိရပါသည်၊၊

06 Jan 2025

     စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်၊ စွယ်တော်လမ်းရှိ “အောင်ပြည့်ဟိန်း” သောက်ရေသန့် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

06 Jan 2025

      စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)အချိန်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင် FDA အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်အတူ ဟင်္သာတမြို့ပေါ်ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံများတွင် ရောင်းချသောဆေးဆိုင်များ၌ တရားမဝင်ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ သာမန်ထိန်းချုပ်ဆေး၊ အထူးထိန်းချုပ်ဆေးနှင့်ပတ်သတ်၍ ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

06 Jan 2025

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အလုံခရိုင်၊ မရမ်းကုန်းခရိုင်၊ ကျောက်တံတားခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဇော်မင်းလတ် ခရိုင်ဦးစီးမှူး ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၂၄.၁၂.၂၀၂၄ ရက်နေ့ မှ ၃၁.၁၂.၂၀၂၄ ရက်နေ့အထိ ကမ်းရိုးတန်းသွားရေယာဉ်များဆိုက်ကပ်သည့် ဆိပ်ကမ်းများဖြစ်သော သိန်းဦးဆိပ်ကမ်း၊ ဝါးတန်းဆိပ်ကမ်း၊ ချောင်းဝဆိပ်ကမ်း၊ ထူးဆိပ်ကမ်းများအား အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်

06 Jan 2025

      စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၁၃.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

Pages