သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၁) အလက ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ ကျောင်းမုန့်ဈေးတန်းဆိုင်ရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင် ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးဦးစီးဌာန နှင့် ပူးပေါင်း၍ (၁၀.၁၂.၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် အိမ်မဲမြို့နယ် ၊ စာချွန်ခံအ.မ.ကကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ/ဆရာမ များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့သည်၊၊
ဒီဇင်ဘာလ (၁၄)ရက်နေ့ စားသုံးသူရေးရာဦးစီးဌာန ရုံးအမှတ် (၅၂) နေပြည်တော်တွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် ဦးဆောင်ကျင်းပပြုလုပ်သည့် စားသုံးသူရေးရာဌာနနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ ရုံးလုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲကို Virtual ဖြင့် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနခွဲတာဝန်ခံ နှင့် အမှုထမ်းများ တက်ရောက်ခဲ့ပါသည်၊၊
ဧရာဝတီတိုင်းဒေသကြီး ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၀.၁၂.၂၀၂၄) ရက်နေ့ ညနေ(၁၅:၀၀)နာရီတွင် ဝါးခယ်မမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ စားအုန်းဆီ ကိုယ်စားလှယ်များမှ စာအုန်းဆီများ တော်ဝင်ဧကရာဇ် ကုမ္ပဏီမှ (ယာဉ်အမှတ် 8I-7734) မော်တော်ယာဉ်ဖြင့် (၃၇) ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရသည်၊၊
အကြီးအကဲ၏လမ်းညွှန်ချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီး မှူးရုံးမှ ဝန်ထမ်းများသည် မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဈေးပွဲရုံဝင်းအတွင်းရှိ အမှတ် ည/၁၃ အာသောကလမ်းရှိ ဦးခင်အောင်ဆန်ပွဲရုံ၊ ယုဇနလမ်း ည/၆၅ ဘုရင့်နောင်ဝင်း အတွင်းရှိ ရွှေစည်တော်ဆန်ပွဲရုံနှင့် ကိုသီဟဆန်ပွဲရုံတို့အား ဘုရင့်နောင်ဈေးစည်ပင်မှ ဦးနန္ဒအောင်နှင့် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးကျော်လင်းနိုင်နှင့် ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုများအား ၂.၁
