Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၃.၂.၂၀၂၅)ရက်နေ့နေ့လည်(၁၄:၀၀) အချိန်တွင်  ဟင်္သာတခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ၊ တလုတ္ထော်မြို့ အုပ်ချုပ် ရေးမှူး၊ တလုတ္ထော်တိုက်နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၌ စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ခင်းသို့ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

06 Feb 2025

 စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၃.၂.၂၀၂၅)ရက်နေ့ ၊နေ့လည် (၁၃:၃၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “အောင်သုခ”ဆန်စက်၌ ဆန်စက်လုပ်ငန်း ရှင် ဦးသိန်းစိုးဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး နှင့်SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နံနက် (၁၁:၀၀) အချိန်တွင် ဇလွန်မြို့၊ ဒူးယားလမ်း၊ လမ်းမတော်(မ)ရပ်ကွက်ရှိ မြို့နယ် ပဲ၊နှမ်းအသင်းကုန်စည်ဒိုင်၌ ပြည်သူ(၄၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းများကိုဆောင်ရွက်ခဲ့ပါ သည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း ၍ (၄.၂.၂၀၂၅)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ် ၊ နတ်မော်လမ်းရှိ အမှတ်(၅) အခြေခံပညာအထက်တ်းကျောင်း၌ စဉ်ဆက်ပညာရေးလုပ်ငန်း၊ မြို့နယ်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား၌ ဆရာ၊ဆရာမ (၉၈)ဦးအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်ပတ်သက်၍ သင်တန်းပို့ချ ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၃၀) အချိန်တွင် အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ငုရွှေဝါခန်းမတွင် ၂၀၂၅ခုနှစ် စဉ်ဆက်ပညာရေးလုပ်ငန်း မြို့နယ်အဆင့်နည်းပြသင်တန်းတွင် ဆရာ/ဆရာမ(၈၈)ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေ၊ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages