Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
06 Feb 2025

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၅.၂.၂၀၂၅)နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ၊ဆရာမ နှင့် ကျောင်းသား၊ကျောင်းသူ(၆၅)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။

06 Feb 2025

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဧရာ၀တီတိုင်းဒေသကြီးအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ၊ ပို့ကုန်(၂)ဆ တိုးမြှင့်တင်ပို့နိုင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

06 Feb 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး ဆီထွက် သီးနှံအထူးဇုန် ၂ အတွင်းရှိ ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

06 Feb 2025

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့သွားရောက်၍ ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

06 Feb 2025

 စားသုံးသူရေးရာဦးစီးဌာန အင်္ဂပူမြို့နယ်တာဝန်ခံသည် (၄.၂.၂၀၂၅) ရက်နေ့ ၊ နံနက် (၉:၃၀) အချိန်တွင်အင်္ဂပူမြို့နယ်၊အမှတ်(၁)ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊မြို့နယ်ဦးစီးမှူးရုံး၌စားသုံးဆီ အရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ ပါသည်။

Pages