ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထောပတ်ပဲစျေးကွက်

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိ ကြောင်းသိရ ပါသည်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)၃၁၀၀၀၀ကျပ်နှင့် ၃၁၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ  ၅၅၁၁ကျပ်နှင့် ၅၆၀၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၈၀၀၀ ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေး နှိုင်းယှဉ်ပါကထောပတ်ပဲစျေးမှာ လျော့နည်းသွား ကြောင်း သိရပါသည်။

DOCA(မန္တလေး)

ပဲတီစိမ်းစျေးနှုန်းစျေးကွက်

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာ စျေးကောင်းရသည့် ပဲအမျိုးအစားဖြစ်ပါသည်။ မန္တလေးပဲမျိုးစုံစျေးကွက်သို့ ပဲတီစိမ်းဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင် ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုး မှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်း တွင်၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲတီစိမ်းအညာ ၃၀၀၀၀၀ ကျပ်နှင့် ၄၀၀၀၀၀ ကျပ်၊ပဲတီရွှေဝါ(ပဲခွဲ)၂၂၀၀၀၀ ကျပ်နှင့် ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာပဲတီစိမ်းအညာ ၅၃၃၃ကျပ်နှင့် ၇၁၁၁ကျပ်၊ ပဲတီရွှေဝါ(ပဲခွဲ) ၃၉၁၁ ကျပ် နှင့် ၄၄၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (အညာ) ၃၀၂၂ ကျပ်နှင့် ၃၅၅၆ ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၂၄၈၉ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူ စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းအညာမှာ တစ်ပိဿာလျှင် ၃၅၅၅ ကျပ်စျေးပိုမိုရရှိ ကြောင်း သိရပါ သည်။

DOCA(မန္တလေး)

မန္တလေးမတ်ပဲစျေးနှုန်းစျေးကွက်

    ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်မတ်ပဲ သီးနှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ရိတ်သိမ်း(၁၀၄၉၅)ဧက၊အထွက်နှုန်း (၁၂.၆၅)တင်းနှင့် အထွက် (၁၃၂၇၀၉) တင်း ဖြစ်ကြောင်းသိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၂၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ၄၇၀၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ဟောင်း)၄၈၃၃ကျပ်နှင့် ၅၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း) ၄၂၅၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါက မတ်ပဲစျေးမှာ စေျးအနည်းငယ်လျော့နည်းကြောင်း သိရပါသည်။

DOCA(မန္တလေး)

အစေ့ထုတ်ပြောင်းစျေးကွက်

     ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီး တို့မှလည်းဝင်ရောက်လျက်ရှိကြောင်း သိ ရပါ သည်။    မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်း    စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာ ၃တင်းဝင်တစ်အိတ်လျင်ပြောင်းဖူးစေ့(ဗမာ)  ၈၅၀၀၀ ကျပ်နှင့်၈၆၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၈၇၀၀၀ကျပ်နှင့်၈၈၀၀၀ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၇၀၀၀ကျပ်နှင့်၈၈၀၀၀ ကျပ်၊တစ်ပိဿာစျေးအနေဖြင့်ပြောင်း ဖူးစေ့(ဗမာ)၁၅၇၄ ကျပ်နှင့်၁၅၉၃ ကျပ်၊ ပြောင်းဖူးစေ့(ရှမ်း)၁၆၁၁ကျပ်နှင့် ၁၆၃၀ကျပ်၊ပြောင်းဖူး စေ့(စီပီ)၁၆၁၁ကျပ်နှင့်၁၆၃၀ ကျပ် စျေးတို့ဖြစ်ကြောင်းသိရပါသည်။     ယခင်နှစ်ကာလတူ  တစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့ (ဗမာ) ၁၂၀၄ကျပ်နှင့်၁၂၂၂ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)၁၃၁၅ ကျပ် နှင့် ၁၃၃၃ ကျပ်၊ ပြောင်းဖူးစေ့(စီပီ)၁၂၇၈ ကျပ်နှင့်၁၂၉၆ကျပ်တို့ ဖြစ်ကြောင်း သိရပါသည်။ယခုနှစ် စေျးနှင့်ယခင်နှစ်ကာလတူစျေး နှိုင်းယှဉ် ပါက  တစ်ပိဿာလျှင် ၃၀၀ ကျပ်အထက်ပိုမိုရရှိ ကြောင်း သိရပါ သည်။

DOCA(မန္တလေး)

 ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ၂၀၂၅ ခုနှစ် ဇူလိုင်လ အတွင်း  ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။  ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။

           ယခုဇူလိုင်လအတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ခရမ်းချဉ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးဆီနေကြာစျေးနှုန်းစျေးကွက်

   နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသကဲ့ သို့ နေကြာစေ့များအား လှော်၍ သရေစာအဖြစ်စားသုံးလျက်ရှိပြီး စျေးကောင်းရသည့်အမယ် ဖြစ်ကြောင်း သိရပါသည်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုး လျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု၁၈၄၂၂၇ ဧက၊အထွက် ၂၄.၂၆တင်းနှုန်းနှင့်အထွက်၄၄၆၉၃၅၁တင်းဖြစ်ကြောင်း သိရပါသည်။ နေကြာဆီသည်ကျန်းမာ ရေးအရ စားသင့်သည့်မပြည့်ဝ ဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည် စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ် လျက် ရှိသည့် ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၉၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၂၂၂ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၀၀ဝ ကျပ်နှင့် ၂၀၅ဝ ကျပ် ဖြစ်ပြီး၊ယခင်နှစ် ကာလတူ ပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၁၄၀၀၀၀ကျပ်နှင့် ၁၄၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၅၁၈၅ ကျပ်နှင့် ၅၃၇၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ဆီနေကြာ ယခုနှစ် နှင့် ယခင်နှစ် ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၁၈၅၂ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးနှမ်းစျေးနှုန်းစျေးကွက်

   ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့ တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၁၁၀၅၈၀၁ ဧက၊ရိတ်သိမ်းမှု ၁၀၂၃၁၁၀ ဧက၊ အထွက်နှုန်း ၅.၄၀ တင်းနှင့် အထွက်စုစုပေါင်း ၅၅၂၃၅၀၃ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိ သည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လ တတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၆၅၀၀၀ ကျပ်နှင့် ၃၈၀၀၀၀ကျပ်၊ နှမ်းဖြူ (ဗမာ) ၃၀၀၀၀ဝ ကျပ်နှင့် ၃၁၅၀၀ဝ ကျပ်၊ပန်းနှမ်း  ၃၁၅၀၀၀ ကျပ်နှင့် ၃၂၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ နှမ်းဖြူ(ဂျပန်) ၈၁၁၁ ကျပ်နှင့် ၉၀၀၀ ကျပ်၊ နှမ်းဖြူ (ဗမာ)၆၆၆၇ ကျပ်နှင့် ၇၀၀၀ ကျပ်၊ ပန်းနှမ်း ၇၀၀၀ ကျပ်နှင့် ၇၁၁၁ ကျပ်စျေးတို့ဖြစ် ပေါ်လျက် ရှိကြောင်း သိရပါသည်။ ယခင်နှစ် ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၂၈၉ ကျပ်နှင့် ၉၃၃၃ ကျပ်၊ နှမ်းဖြူ (ရိုးရိုး) ၈၅၅၆ ကျပ်နှင့် ၈၇၇၈ ကျပ်၊ နှမ်းညို  ၇၁၁၁ ကျပ်နှင့် ၇၂၂၂ ကျပ်၊ ပန်းနှမ်း ၄၅၅၆ ကျပ် တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်းစျေးမှာ အနည်းငယ်လျော့ နည်းသွားကြောင်း သိရပါသည်။

DOCA(မန္တလေး)

ကျွဲကောသီး ဈေးနှုန်းဈေးကွက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  ကျွဲကောသီးများ ရောင်းချလျက် ရှိကြောင်းသိရှိရပါသည်။ မွန်ပြည်နယ်သည် ကျွဲကောသီးထွက်ရှိရာဒေသဖြစ်ပါသည်။ ကျွဲကောသီး (အဖြူရောင်)နှင့်ကျွဲကောသီး(ပန်းရောင်)ဟူ၍(၂)မျိုးရှိသည်။

           မွန်ပြည်နယ်ထွက် ကျွဲကောသီး(အဖြူရောင်)သည် ချိုချဉ်အရသာ၊ ကျွဲကောသီး (ပန်းရောင်)သည် ကျွဲကောသီး(အဖြူရောင်)ထက် အသားပိုမိုနူးညံ့ကာ အချိုဓာတ်ပိုကဲသည်။  ကျွဲကောသီး ကိုစားသုံးရာတွင် သူ့ချည်းအစိပ်လိုက်အခွံနွှာ၍ စားကြသည့်အပြင် ဖျော်ရည်အဖြစ် လည်းဖျော်သောက်ကြပါသည်။ အချဉ်ဓာတ်ကဲသောကျွဲကောသီးကို သကြား သို့မဟုတ် ပျားရည် သို့မဟုတ် နွယ်ချိုမှုန့်၊ ဆားအနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့နှင့်ရောစပ်၍ စားကြသည်။ ကျွဲကောသီးတွင်ပါဝင်သည့် အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ ကယ်ဆီယမ်၊ ဗီတာမင်စီအလွန်ကြွယ်ဝသောကြောင့် ဝမ်းမှန်သည်၊ ဖျားနာမှုမှကာကွယ်ရန် အထောက်အကူပြု၍ သက်သာစေသောဓာတ်စာအာဟာရဖြစ်ကြောင်း  ရေးသားတင်ပြလိုက်ရပါသည်။

             ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော ကျွဲကောသီးဈေးနှုန်းမှာ တစ်လုံးလျှင် (၆၅၀၀) ကျပ် အထိ ရောင်းချလျက်ကြောင်း ကျွဲကောသီး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တာဟန်းဈေးကွက်အတွင်းဖြစ်ပေါ်နေသည့် ငရုတ်သီးစိမ်း ဈေးနှုန်းအနည်းငယ်မြှင့်တက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးမြို့ပေါ်တွင် ဈေးကြီး ( ၄ ) ဈေးရှိသည့်အနက် တာဟန်းဈေးသည် ချင်းတိုင်းရင်းသား အများစု ဈေးရောင်းချလျက်ရှိသော ဈေးဟု လူသိများကြပါသည်။

       တာဟန်းဈေးအတွင်းတွင် သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ ကုန်ခြောက်များ စုံလင်စွာရောင်းချကြပြီး ၎င်းကုန်စိမ်းများအနက် ဆည်တော်ဦး၊ ကျောင်းတိုက်ကျေးရွာများမှ ထွက်ရှိသည့် ငရုတ်သီးစိမ်းရောင်းဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် ( ၁၅၀၀၀ ) ကျပ် ငရုတ်စိမ်း ( ၁ ) ဗူးလျှင် ( ၁၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများဖြင့် ဈေးနှုန်းအနည်းငယ်မြှင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချသည့် အသင့်စား အကြော်အလှော်ဈေးနှုန်းများ

  ရွှေဘိုမြို့ရှိဈေးများတွင် သစ်သီးဝလံများ၊ အသား/ငါးများ၊ အဝတ်အထည်များ၊ လူသုံးကုန် ပစ္စည်းများနှင့် အခြားသောကုန်စည်များအပြင် အသင့်စားအကြော်အလှော်များကိုလည်း ရောင်း ချကြပါသည်။ အသင့်စားအကြော်အလှော်များကို မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ကြော် လှော်၍ ရောင်းချကြကြောင်း၊ အသင့်စားအကြော်အလှော်များမှာ အသားတုပဲငပိကြော်၊ အသားတု အစပ်ကြော်၊ အသားတုနှင့် ရွှေလရောင် အချိုကြော်၊  ရွှေလရောင်အစပ်ကြော်၊ ကြက်သွန်နီနှင့် လသာခြောက်အစပ်ကြော်၊  ကြက်သွန်ငရုတ်သီးကြော်ဟူ၍ အမျိုးမျိုးရောင်းချကြကြောင်း၊ အကြော် အလှော်အမျိုးအစားအလိုက် တစ်ထုတ်လျှင်(၁၀၀ဝိ/-)ကျပ်ဖြင့် ရောင်းချကြောင်း၊ အသင့်စား အကြော်အလှော်များကို နေ့စဉ်စားသည့် စားသုံးသူများသာမက ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှလည်း ဝယ်ယူရောင်းချကြကြောင်း၊ ဆိုင်ကယ်ဖြင့်ရောင်းချသည့် ဈေးသည်များမှ ရွှေဘိုမြို့တွင်းအပြင် မြို့၏အနီးတဝိုက်ရွာများဖြစ်သည့် ထနောင်းဝင်းကျေးရွာ၊ မင်းကျောင်း ကျေးရွာ၊ ရွာသစ်ကျေးရွာများသို့ ပြန်လည်၍ ရောင်းချကြကြောင်း၊ ပြန်လည်ရောင်းချသည့် ဈေးသည်များမှ (၁)ထုပ်လျှင်(၁၂၀ဝိ/-) ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း