ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည်(၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် သာသနာဗိမာန်ကျောင်းရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

          ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၇၀၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူ ပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ် ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ လပွတ္တာမြို့ကုန်ဈေးနှုန်းတည်ငြိမ်ရေးရှိစေရန် သက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား စားသောက်ကုန်ပစ္စည်းများရောင်းချပေးခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်(၁၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၇း၃၀) နာရီအချိန်တွင် မြို့နယ်ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှေ့တွင် ဆန်၊ စားအုန်းဆီ၊ ကြက်ဥ တို့ကိုသက်သာသောဈေးနှုန်းများဖြင့် ပြည်သူများအား ရောင်းချပေးခဲ့ပါသည်။

           ထိုသို့ရောင်းချပေးရာတွင် စားသုံးသူပြည်သူများအား ကြက်ဥတစ်လုံး (၃၅၀)၊  ဆန်တစ်ပြည်(၂၀၀၀)၊ စားအုန်းဆီ ၁ပိဿာ(၆၈၀၀) အစရှိသည့်သက်သာသော ဈေးနှုန်းများဖြင့် စားသုံးသူပြည်သူများအား မည်သူမဆိုလွတ်လပ်စွာဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

၁၁.၇.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

    ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၁၁.၇.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၆၀၀၀၀) ကား (၉၆) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး ၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၂၂၂၀၀၀) ကား (၃၁) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၃၈၈၀၀)  ကား (၂၇) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

၁၁.၇.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

   ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၁၁.၇.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၉၃၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၈၆၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၉၅၀၀၀ ကျပ်ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန်(၁၉၈၀၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

(၁၀.၇.၂၀၂၅) အလုံမြို့နယ်၊ အလုံဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

     ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ အလုံဈေးအတွင်းရှိ အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ဆန်အမျိုးအစားအလိုက် ပေါ်ဆန်းတစ်ပြည် ၅၀၀၀ ကျပ်၊  ဧည့်မထ တစ်ပြည် ၃၅၀၀ ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ ၆၄၃၀ ကျပ်နှင့် မီးဖိုချောင်သုံးစားသောက် ကုန်များဖြစ်သော အာလူး တစ်ပိသာ ၄၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ကျပ်၊ ငရုပ်သီး ခြောက် (အရှည်) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ချင်းတစ်ပိဿာ ၇၀၀၀ ကျပ်၊ မန်ကျီးသီးတစ်ပိဿာ ၁၃၀၀၀  ကျပ်၊  အသား/ ငါးဈေးနှုန်းများမှာ  အမဲသားတစ်ပိဿာလျှင် ၂၃၀၀၀ ကျပ်၊ ဝက်သားတစ် ပိဿာလျှင် ၃၀၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် ၃၂၀၀၀ ကျပ်၊ ကြက်သားတစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်၊ ငါးကြင်းတစ် ပိဿာ ၂၀၀၀၀ ကျပ်၊ ငါးရံ့တစ်ပိဿာ ၂၅၀၀၀ကျပ် ၊ ငါးခူတစ်ပိဿာ ၃၀၀၀၀ ကျပ်၊ ပုစွန် ထုပ်(ကြီး)တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ ပုစွန်ထုပ်(သေး)တစ်ပိဿာ ၄၀၀၀၀ ကျပ် တို့ဖြင့် အသီးအသီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

(၁၀.၇.၂၀၂၅) လှိုင်မြို့နယ် လှိုင်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် လှိုင်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန် များဖြစ်သော ဆန်အမျိုးအစားများအနက် ပေါ်ဆန်းတစ်ပြည် ၅၀၀၀ ကျပ်၊ ပေါ်ကျွဲ တစ်ပြည် ၄၀၀၀ ကျပ်၊ ဧည့်မထတစ်ပြည် ၃၅၀၀ ကျပ်၊ ငစိန်တစ်ပြည် ၃၀၀၀ ကျပ်၊ ဇီယာတစ်ပြည်လျှင် ၄၀၀၀ ကျပ် ဆန်ကွဲတစ်ပြည် ၂၈၀၀ ကျပ် နှင့် စားအုန်းဆီတစ်ပိဿာ ၆၄၃၀ ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် ၁၀၈၀၀ မှ ၁၁၈၀၀ ကျပ်၊ ကုန်ခြောက်ဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာ ၁၄၀၀ မှ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၀၀၀၀ ကျပ် ငရုပ်သီးခြောက် (အပု) တစ်ပိဿာ ၇၀၀၀ မှ ၁၀၀၀၀ ကျပ်၊ ငရုပ်သီးခြောက်(အရှည်) တစ်ပိဿာ ၁၂၀၀၀ မှ ၁၃၀၀၀ ကျပ်၊ အာလူးတစ်ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ချင်းတစ်ပိဿာ ၅၀၀၀ မှ ၆၀၀၀ ကျပ်၊ ဆားတစ်ပိဿာ ၂၀၀၀ မှ ၃၀၀၀ ကျပ်တို့ဖြစ်ပြီး ကုလား ပဲတစ်ပိဿာ ၆၈၀၀ မှ ၇၀၀၀ ကျပ်၊ မတ်ပဲတစ်ပိဿာ ၈၀၀၀ မှ ၉၀၀၀ ကျပ်တို့ဖြစ်ပါသည်။ အသီး အရွက် ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီး ၃၀၀ မှ ၅၀၀ ကျပ်၊ ချဉ်ပေါင်ရွက်တစ်စီး ၃၀၀ မှ ၅၀၀ ကျပ်၊ မုန့်ညှင်းရွက်တစ်စီး ၂၀၀ မှ ၃၀၀ ကျပ်၊ ဆလပ်ရွက်တစ်စီး ၇၀၀ ကျပ်၊ ငါးခြောက် ဈေးနှုန်း များမှာ အာပြဲခြောက်တစ်ပိဿာ ၅၀၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ငါးရံ့ခြောက်တစ်ပိဿာ ၉၀၀၀၀ မှ ၁၂၀၀၀၀ ကျပ်၊ပုဇွန်ခြောက်တစ်ပိဿာ ၁၀၀၀၀၀ မှ ၂၀၀၀၀၀ ကျပ်တို့ဖြစ်ပြီး ကြက်ဥတစ်လုံး ၃၆၅ ကျပ် နှင့် ဘဲဥတစ်လုံး ၅၀၀ မှ ၆၀၀ ကျပ်တို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စက်သုံးဆီဈေးနှုန်း အပတ်စဉ်ပြောင်းလဲမှုအခြေအနေ

     သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျက်ရှိရာ ယခု တစ်ပတ်(၁၁.၇.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းပြောင်းလဲ မှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၁၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၉၆၀ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၆၃၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၂၆၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်)   တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့် မြင့်) ဈေးနှုန်းတစ်လီတာမှာ ၃၀၇၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၃၀၁၅ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၆၃၅ ကျပ်၊ ဒီဇယ်အဆင့်မြင့်ဈေးနှုန်း တစ်လီတာမှာ ၃၂၆၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ်အတွင်း စက်သုံးဆီ ဈေးနှုန်းများမှာ ဓါတ်ဆီဈေးနှုန်းကျဆင်းလျက်ရှိပြီး ဒီဇယ်အဆင့်မြင့်နှင့် ရိုးရိုးဒီဇယ်ဈေးနှုန်းမှာ ယခင်အပတ်အတိုင်း ဈေးနှုန်းမပြောင်းလဲကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီဝင်ရောက်ရာဒေသများနှင့်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီ များသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင် ကုန်စည်ဒိုင်သို့  နေ့စဉ်မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏  ကြက်သွန်နီ လက်ကျန် အခြေအနေများ အား  အမှန်ကန်ဆုံး သိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ  ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရ လည်း ကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှု စာရင်းများအရလည်းကောင်း၊ ကြက်သွန်နီ လက်ကျန်အခြေအနေအား နေ့စဉ်စုံစမ်း လျက်ရှိပါသည်။

      ဇူလိုင်လ (၁၀) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများ ဖြစ်သည့် ဆိပ်ဖြူ၊ ၊ မြင်းခြံ၊ ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၇၈၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၃၁၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရသည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၄၀၀ ၊ အကြီးမှာ ကျပ် ၁၅၀၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၅၀ ၊ အကြီးမှာ ကျပ် ၁၃၅၀၊ ရှယ်မှာ ကျပ် ၁၅၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၈၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀၊ ရှယ်မှာ ကျပ် ၁၅၀၀  ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါသည်။

      ယခင်တစ်ပတ်နှင့် ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် မြင်းခြံကြက်သွန်နီ ဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးနှုန်းအနည်းငယ် မြင့်တက် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

 

 

 

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၁၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

    ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

     ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့မှ ဩဂုတ် ၃ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၁၃၀ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။        

    ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

  စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

လက်ပံတန်းမြို့ဈေးအတွင်းရှိ ကြက်သွန်နီနှင့် အာလူးဈေးကွက်

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လက်ပံတန်းမြို့ဈေးအတွင်း ရောင်းချလျှက်ရှိသော ကြက်သွန်နီ လက်လီဈေးနှုန်းများမှာ ဇွန်လတတိယပတ်မှ ဇွန်လနောက်ဆုံးပတ်ထိ  ကြက်သွန်နီ အကြီးတစ်ပိဿာလျှင် ၂၀၀၀/ ကျပ်၊ အသေး တစ်ပိဿာလျှင် ၁၅၀၀/ကျပ် ဈေးနှုန်းဖြင့် လက်လီ ရောင်းချခဲ့ပါသည်။ လက်ကားဈေးနှုန်းအနေဖြင့် အချိန် (၁၀)ပိဿာ မှ စတင်၍အိတ်လုံးဈေး ကြက်သွန်နီအကြီး တစ်ပိဿာလျှင်၁၈၀၀/ကျပ်၊  ကြက်သွန်နီအလတ် တစ်ပိဿာ လက်ကား ဈေးနှုန်းမှာ ၁၆၀၀/ ကြက်သွန်နီအသေး လက်ကားဈေးနှုန်း တစ်ပိဿာလျှင်၁၃၀၀/ ကျပ် ဈေးနှုန်းဖြင့် ဈေးငြိမ်နေပြီး ဇူလိုင်လဆန်းတွင် ကြက်သွန်နီ ဈေးနှုန်းများကျဆင်းသွားပြီး  ကြက်သွန်နီ (အကြီး) ၁၆၀၀ /ကျပ်ဈေးသို့ ကျဆင်းသွားခဲ့ပြီး ဇူလိုင်လတတိယပတ်တွင် ကြက်သွန်နီ ဈေးနှုန်းများ ၁၈၀၀/၂၀၀၀ ကျပ်ဈေးနှုန်းသို့ မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရပါသည်။
  အာလူးဈေးကွက် ရောင်းချမှုအနေဖြင့် အာလူးတစ်ပိသာလျှင် ဇွန်လတတိယပတ်တွင်   ၅၀၀၀/ ကျပ် ကျပ်ဈေးရှိခဲ့သော်လည်းယခု ဇူလိုင်လ တတိယပတ်တွင်လည်း အာလူး ဈေးနှုန်းများမှာ ၅၀၀၀/ ကျပ်ဈေးဖြင့် ရောင်းချသဖြင့် ဈေးငြိမ်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)                     

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း