ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်ဈေးကောင်းရရှိနေ

          ဟုမ္မလင်းဒေသထွက်ငါးရံ့ခြောက်များကို တစ်ပိဿာလျှင် အကောင်အရွယ်အစားပေါ်မူ တည်၍  ကျပ်၈၀၀၀၀မှ ကျပ်၁၆၀၀၀၀ထိရှိပြီး အသင့်စား၍ရသော မီးကင်ထားသည့် ငါးရံ့ခြောက် တစ်ဆယ်သား တစ်ဘူးလျှင် ၂၀၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။ ရန်ကုန်၊ မန္တလေးနှင့်မုံရွာမြို့များသို့ တင်ပို့ရောင်းချပြီး လက်ဆောင်ပေးရန် ဝယ်ယူမှုများလည်း ရှိကြောင်းသိရသည်။ ယခုအချိန်သည် မိုးရာသီဖြစ်ပြီး ငါးပေါသောကြောင့် ရောင်းအားအနေဖြင့် ပိုမိုများပြားလာကြောင်း သိရှိရပါသည်။

           ဟုမ္မလင်းမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ချင်းတွင်းမြစ်ကမ်းနံဘေးတွင် မေးတင်သဖွယ်တည်ရှိနေသော မြစ်ချောင်းအင်းအိုင်များသည့် မြို့လေးဖြစ်သည်။ ငါးများလည်း ပေါများပြီး ငါးချဥ် နှင့် ငါးရံ့ခြောက်များလည်းထွက်သည်။ ဟုမ္မလင်းမြို့မှထွက်ရှိသည့် ငါးရံ့ ခြောက်သည်အငံပေါ့၍ ကျန်းမာရေးနှင့်ညီညွတ်ပြီး လူကြိုက်များသော‌ဒေသထွက်ကုန် တစ်ခုဖြစ်သည်။ ငါးရံ့အစိုများကို ဟုမ္မလင်းမြို့အနီးရှိမြင်သာကျေးရွာ၊ ရေလဲကျေးရွာနှင့် ညောင်ပင်သာ ရွာရှိအင်းဒိုင်များနှင့် ဆည်များမှဝယ်ယူကြောင်းသိရပြီး ငါးရံ့အစိုတစ်ပိဿာအား ခွဲခြမ်းပြီး နေလှန်းပါကငါးရံ့ခြောက် ၂၅ကျပ်သားမှ ၃၀ကျပ်သားခန့်ထွက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

‌အာလူးသီး ဈေးနှုန်းဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  အာလူးသီးများ ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော အာလူးသီးများကို ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ကလောမြို့ ဒေသများနှင့် မန္တလေးတိုင်း၊ ပြင်ဦးလွင်ဒေသများတွင် စိုက်ပျိုးကြသည်။

           အာလူးသီးသည် ကစီဓာတ်ကြွယ်ဝပြီး၊ အမျှင်ဓာတ်ပါဝင်၌ အစာခြေစနစ်ကို ကောင်းမွန်သောကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ချက်ပြုတ်စားသောက်ခြင်းဖြင့် အဟာရဓာတ်များကို အပြည့်အဝ ရရှိပါသည်။

          ယခုဇူလိုင်လအတွင်း ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းမှာ အာလူးသီး () ပိဿာလျှင် (၄၃၀၀)ကျပ်မှ (၅၅၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း အာလူးသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

နာနတ်သီး ဈေးနှုန်းဈေးကွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင်  နာနတ်သီးများ ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ်များစွာပါဝင်သည့် အသီးတစ်မျိုးဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။

       ယခုဇူလိုင်လ ဒုတိယအပတ်အတွင်း ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းမှာ နာနတ်သီး အသေး (၁)လုံး လျှင် (၁၈၀၀) ကျပ်နှင့် နာနတ်သီးအကြီး (၁)လုံးလျှင် (၂၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နာနတ်သီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးပဲလွန်းပြာစျေးနှုန်းစျေးကွက်

    မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက် သည့် ပဲလွန်းပြာသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ပဲလွန်းပြာမှာ ပြည်တွင်း စားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၂၀၂၄-၂၀၂၅ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲလွန်းပြာ ၂၀၀၀၀၀ ကျပ်နှင့် ၂၀၅၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ၃၆၈၇ ကျပ်နှင့် ၃၇၇၉ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲလွန်းပြာ ၂၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၀၈ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းပြာစျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ရွှေဘိုခရိုင် နွေစပါး ဈေးနှုန်းဈေးကွက်အခြေအနေ

ရွှေဘိုခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ်တွင် နွေစပါးအမျိုးအစားအလိုက် (၁၀၀၉၇၂)ဧက စိုက်ပျိုးပြီး ဇွန်လလယ်ပိုင်းမှ စတင်၍ ရိတ်သိမ်းရာ ယခု ဇူလိုင်လဆန်းပိုင်းတွင် (၃၀)ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီး၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျင် ၈၅.၆၅တင်းနှုန်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရသည်။ ရွှေဘိုခရိုင်အတွင်း ၂၀၂၄-၂၀၂၅နွေစပါး ပေါက်ဈေးမှာ ရွှေဝါထွန်း စပါး တင်း၁၀၀လျင် ၁၄၀၀၀၀၀ကျပ်၊ (၇၄၇)စပါး တင်း၁၀၀လျင် ၁၄၀၀၀၀၀ကျပ်ရှိပြီး၊ ရွှေဝါထွန်းဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျင် (၆၃၀၀၀)ကျပ်၊ ၇၄၇ဆန် စက်ကျ (၁၁၁)ပေါင်ဝင် အိတ်တစ်အိတ်လျင် (၅၈၀၀၀)ကျပ်ဖြင့် မန္တလေးမြို့သို့ အဓိကထား၍ ပေးပို့သည့်အပြင် မကွေးမြို့၊ ချောက်မြို့ ၊ ညောင်ဦးမြို့စသည့် မြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိပြီး ဆန်ဈေး၊ စပါးဈေးမှာတည်ငြိမ်နေ၍ အရောင်းအဝယ်မှာလည်း ပုံမှန်သာ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ပဲလွန်းဖြူစျေးကွက်

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်သည့် ပဲလွန်းဖြူသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲလွန်းဖြူမှာပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့ တင်ပို့ရောင်းချသည့်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံ စိုက်ပျိုး မှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်ပဲလွန်းသီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧက ဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင် တစ် အိတ်လျှင် ပဲလွန်းဖြူ ၂၆၀၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ  ၄၃၃၃ ကျပ်နှင့် ၄၄၁၇ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ် လျှင် ပဲလွန်းဖြူ ၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ၄၆၆၇ကျပ်နှင့် ၄၇၅၀ကျပ် တို့ ဖြစ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲလွန်းဖြူစျေးမှာ လျော့နည်းသွားကြောင်း တွေ့ ရှိရ ပါသည်။

DOCA(မန္တလေး)

မန္တလေးပဲပုတ်စျေးကွက်

   ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ မန္တလေးစျေးကွက်သို့ ရှမ်း ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့မှဝင်ရောက်ကြောင်းသိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇) ဧက ဖြစ်ကြောင်းသိရ ပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန် တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လတတိယပတ်အတွင်း ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ် လျှင် ပဲပုတ်(ရှမ်း) ၂၆၀၀၀၀ကျပ်နှင့် ၂၆၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ)၄၁၀၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ် (ရှမ်း) ၄၈၈၃ ကျပ်နှင့် ၄၉၇၇ ကျပ်၊ပဲပုတ်(ဗမာ)၇၇၀၀ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ် ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၄၁၃၁ ကျပ်နှင့် ၄၃၁၉ ကျပ်၊ ပဲပုတ်(ဗမာ) ၃၈၅၀ ကျပ်နှင့်၃၉၀၆ ကျပ်၊ပဲပုတ်(စက်ပဲ) ၃၉၄၄ကျပ်နှင့် ၄၀၃၈ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။  ယခုနှစ်နှင့် ယခင်နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲပုတ်စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဒူးရင်းသီး ဈေးနှုန်းဈေးကွက် အခြေအနေ

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းပေါ်တွင် ဒူးရင်းသီးများ ရောင်းချလျက်ရှိ ကြောင်းသိရှိရပါသည်။ ဒူးရင်းသီးဟာ ကမ္ဘာတစ်ဝှမ်းရှိ အပူပိုင်းဒေသတွေ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ မြန်မာ တို့မှာ အဓိကပေါက် ရောက်လေ့ရှိပါတယ်။ မြန်မာပြည်မှာဆိုရင် မြန်မာပြည်တောင်ဘက်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီဒေသများတွင် စိုက်ပျိုးဖြစ်ထွန်းသော အသီးတစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပေါ် ချိန်မှာ မေ၊ ဇွန်၊ ဇူလိုင် လတို့၌ ဒူးရင်းသီးလှိုင်လှိုင် ထွက်သောအချိန်ဖြစ်သည်။

            ဒူးရင်းသီးများကိုဒေသတွင်း စားသုံးခြင်းသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသို့ တင်ပို့ရောင်းချခြင်းဖြင့် ဒူးရင်းစိုက်ပျိုးသော တောင်သူများ ဝင်ငွေတိုးတက် လျက်ရှိပြီး အသီးသီးပေါက်ဈေးရှိကြောင်းသိရှိရပါသည်။

           ယခုဇူလိုင်လတွင် ဒူးရင်းသီးများလှိုင်လှိုင် ထွက်ပေါ်နေပြီဖြစ်ရာ ဈေးနှုန်းများမှာ  အလုံးကြီး (၃၅၀၀၀)ကျပ်၊ အလတ် (၁၆၅၀၀)ကျပ်၊ အသေး (၇၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အရောင်းသွက်သည့်မန္တလေးပဲကြီးစျေးကွက်

    ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရ ပါသည်။ ။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုး မှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရ ပါသည်။    စျေးကွက်အတွင်း သို့ ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့် မြင်းခြံခရိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသ ကြီးတို့မှဝင်ရောက်ကြောင်းသိရ ပါသည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင် တစ် အိတ်လျှင် ပဲကြီး(လတ်) ၃၂၀၀၀၀ကျပ် နှင့် ၃၃၀၀၀၀ ကျပ်၊ ပဲကြီး (သေး)၂၅၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာပဲကြီး (လတ်) ၅၇၉၂ ကျပ်နှင့် ၅၉၇၃ကျပ်၊ ပဲကြီး(သေး) ၄၅၂၅ ကျပ် နှင့်၅၄၃၀ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလ တူ တစ်ပိဿာစျေးမှာ ပဲကြီး(ကြီး) ၄၉၇၇ကျပ်နှင့် ၅၂၄၉ ကျပ် ၊ပဲကြီး(လတ်) ၄၃၄၄ ကျပ် နှင့် ၄၇၀၆ ကျပ်၊ပဲကြီး(သေး)၃၉၈၂ ကျပ်နှင့် ၄၂၅၃ ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ ယခုစျေးနှင့်ယခင် နှစ် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီး စျေး မှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်ကုလားပဲစျေးကွက်

      ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့် အမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင်ကုလားပဲ(V-2)၂၆၂၀၀၀ ကျပ်၊ ကုလားပဲ(V-7) ၂၆၃၀၀၀ ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၂၄၃၀၀၀ကျပ်  နှင့်၂၄၅၀၀၀ကျပ်၊ ကုလားပဲ(929) ၂၅၅၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2)၄၅၇၆ကျပ်၊ ကုလားပဲ(V-7) ၄၅၉၄ ကျပ်နှင့် ၄၆၂၉ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၃၂၀ကျပ်နှင့်၄၃၅၆ကျပ်၊ ကုလားပဲ(929) ၄၅၃၃ ကျပ်တို့ဖြစ်ပြီး၊ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၄၂၄၅ ကျပ်နှင့် ၄၂၈၀ကျပ်၊ကုလားပဲ (V-7)  ၄၃၃၂ ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၁၄၂ကျပ်နှင့် ၄၁၇၈ ကျပ်၊ကုလားပဲ(929)၄၂၃၁ ကျပ်နှင့် ၄၂၆၇ကျပ် စျေးတို့ဖြစ်သည့်အတွက် ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲ စျေးပိုမိုရရှိကြောင်း သိရပါ သည်။   

DOCA(မန္တလေး)                                                                                      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း