ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံဈေးနှုန်း ပြန်လည်မြင့်တက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံကိုလည်း စိုက်ပျိုးကြောင်း၊ မိုးစိုက်နေကြာနှင့် ဆောင်းစိုက်နေကြာ ဟူ၍(၂)မျိုးရှိပြီး၊ ကန့်ဘလူမြို့နယ်တွင် ဆောင်းနေကြာကို (၂၉၃၅)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

           ကန့်ဘလူမြို့နယ်၌ နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ နေကြာအထွက်နှုန်း ကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း နေကြာ(၁)တင်း လျှင် (၅၈၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း နေကြာ(၁)တင်းလျှင် (၆၀၀၀)ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ထောပတ်ပဲသီးနှံဈေးနှုန်း အနည်းငယ်မြင့်တက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ထောပတ်ပဲသီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ထောပတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြား သောကျေးရွာများတွင် စိုက်ပျိုးကြပြီး ထောပတ်ပဲ(ဆောင်း)သီးနှံကို ယခုအချိန်တွင် ရိတ်သိမ်းပြီးဖြစ်ကြောင်း သိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၁၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲသီးနှံ(၁)တင်းလျှင် ဈေးနှုန်း(၆၀၀၀)ကျပ် ပြန်လည်မြင့်တက်လာကြောင်း၊ ကန့်ဘလူခရိုင်အတွင်း စားသုံး၍ပိုလျှံသည့် ထောပတ်ပဲသီးနှံကို  မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော စွန်တာနီ(ပဲနီ)ဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စွန်တာနီ(ပဲနီ)သီးနှံများကို ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိပြီး ဆောင်းသီးနှံ စွန်တာနီ(ပဲနီ)(၁၃၉၃)ဧက စိုက်ပျိုးရိတ် သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

      ၂၀၂၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း စွန်တာနီ(ပဲနီ)တစ်တင်းလျှင် (၉၉၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၉၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း စွန်တာနီ(ပဲနီ)(၁)တင်းလျှင် (၂၀၀၀)ကျပ်ဈေးနှုန်း ကျဆင်းသွားကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မန္တလေးဆီနှင့်ဆီကြိတ်ဖတ်စျေးကွက်

    မန္တလေးတိုင်းဒေသကြီးအတွင်း အများအပြားစိုက်ပျိုးသည့် ဆီထွက်သီးနှံမြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်းစားဆီကြိတ်ခွဲခြင်းတွင် အရေးပါ သကဲ့သို့ မြေပဲနှင့်နှမ်းမှာ ပြည်ပသို့ တင်ပို့သည့်ကုန်စည်အမယ်များဖြစ်ပါသည်။မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီ ကြိတ်ခွဲပြီး ထွက်ရှိလာသည့် မြေပဲဖတ်၊နှမ်းဖတ်နှင့်နေကြာ ဖတ်များကိုတိရိစ္ဆာန် အစာအဖြစ် အသုံးပြု လျက်ရှိပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာ ပေါက်စျေးများ မှာ မြေပဲဆီ ၁၇၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-၊နှမ်းဆီ ၁၄၀၀ဝိ/-နှင့် ၁၄၅၀ဝိ/-စျေး၊နေကြာဆီ ၂၃၀၀၀ ကျပ်နှင့် ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၄၅၀ဝိ/- နှင့် ၄၅၅ဝိ/-၊နှမ်းဖတ် ၂၉၀ဝိ/-၊ နေကြာဖတ် ၂၀၀၀ကျပ်နှင့်၂၀၅ဝိ/-၊မုန်ညင်းဖတ် ၂၅၀၀ ကျပ်နှင့်ပန်းနှမ်းဖတ် ၂၅၀ဝိ/-တို့ဖြင့် ရောင်းချလျှက် ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

အရောင်းသွက်သည့်မြေပဲ

   မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျက်ရှိ ကြောင်းသိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဇူလိုင်လတတိယ ပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင်  S1 လုံးဆံ ၉၃၀၀ ကျပ် နှင့် ၉၄၀၀ ကျပ်၊ S1 ဆီဆံ ၈၅၀၀ကျပ်နှင့် ၈၆၀၀ကျပ်၊ S1 ရွေးဆံ ၈၇၀၀ ကျပ်နှင့် ၈၉၀၀ကျပ်၊ အနီလုံးဆံ ၉၁၀၀ ကျပ်နှင့် ၉၂၀၀ကျပ်၊အနီဆီဆံ ၈၅၀၀ ကျပ်နှင့် ၈၆၀၀ကျပ်၊ Mတွဲလုံးဆံ ၉၁၀၀ ကျပ်နှင့် ၉၃၀၀ကျပ်၊ M တွဲ ဆီဆံ ၈၅၀၀ ကျပ်နှင့်၈၉၅၀ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆံ ၈၀၀၀ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆံ ၇၃၅၀ ကျပ်နှင့် ၇၈၀၀ကျပ်၊ S1ရွေးဆံ ၇၈၅၀ကျပ်နှင့် ၇၉၀၀ကျပ်၊ Mတွဲလုံးဆံ ၇၃၀၀ ကျပ်နှင့် ၇၄၀၀ကျပ်၊M တွဲ ဆီဆံ ၇၂၀၀ကျပ်၊ အနီလုံးဆံ(ရှည်) ၇၂၀၀ကျပ်နှင့် ၇၅၀၀ကျပ်၊ အနီလုံးဆံ (ဝိုင်း) ၇၆၀၀ ကျပ်နှင့် ၇၇၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူနှိုင်းယှဉ်ပါက စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးမြေထောက်ပဲစျေးကွက်

  မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ် နှင့်ရှမ်းပြည်နယ်တို့မှ ထွက်သည့်မြေထောက်ပဲသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ မြေထောက်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားပြီး၊ ပြည်ပသို့တင်ပို့သည့် ပဲတစ်မျိုး ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် မြေထောက်ပဲ သီးနှံအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေး ပွဲစား၊ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၆၀၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ  ၄၈၁၅ကျပ်နှင့် ၅၅၅၆ကျပ် တို့ ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ မြေထောက်ပဲပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ် လျှင် ၂၈၀၀၀၀ကျပ်နှင့် ၃၁၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၅၁၈၅ကျပ်နှင့် ၅၇၄၁ ကျပ်ဖြစ်ပြီး ယခင်နှစ်စျေးနှင့် ယခုနှစ်နှိုင်းယှဉ်ပါက မြေထောက်ပဲ ပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့နယ်၌ ကုလားပဲဈေးနှုန်း အနည်းငယ်မြင့်တက်

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကုလားပဲသီးနှံကို မှော်တော်ကျေးရွာ၊ မြေထူးကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးကြောင်း၊ ဆောင်းကုလားပဲ(၆၉၁၉)ဧက စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၇၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၈၀၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၃၀၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၈၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခုအပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင်(၂၀၀၀)ကျပ်၊ (929)(၁)တင်းလျှင် (၁၅၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၁၅၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၁၅၀၀) ကျပ်မြင့်တက်လာကြောင်း၊ ကန့်ဘလူမြို့နယ်မှ ထွက်ရှိသည့် ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 ကန့်ဘလူမြို့နယ်၌ ကြက်ဆူစေ့သီးနှံဈေးနှုန်း အနည်းငယ်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့ကို ယာကွက်လွတ်များ၌လည်းကောင်း၊ ယာခင်းဘေးပတ်လည်၌ လည်းကောင်း၊ ကြဲပက်စနစ်နှင့် တန်းစိုက်စနစ်တို့ဖြင့် စိုက်ပျိုးကြောင်း၊ ကြက်ဆူစေ့သီးနှံများသည် ကန့်ဘလူမြို့နယ် ကံကြီးကုန်းကျေးရွာ၊ တောက္ကရှပ်ကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး ကြက်ဆူစေ့သည် စိုက်ပျိုးရလွယ်ကူပြီး ဈေးကောင်းရသဖြင့် စိုက်ပျိုးသူများအနေဖြင့် အပိုဝင်ငွေရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်း  ကြက်ဆူစေ့တစ်တင်းလျှင် (၄၆၀၀၀)ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းကျဆင်း သွားကြောင်း၊ ကြက်ဆူစေ့များကို မန္တလေးမြို့ရှိ ပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ ဒေသတွင်းသီးနှံ ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

အရောင်းသွက်သည့်ပဲနီပြားစျေးကွက်

      မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲနီပြားများ ဝင်ရောက်လျက်ရှိပြီး၊ပဲနီပြားမှာ ပြည်တွင်း စားသုံး မှု များပြားကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲနီပြား သီးနှံအပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု   (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း   သိရပါသည်။    မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇူလိုင်လတတိယ ပတ်အတွင်း ဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲနီပြား(ကျွန်း) ၃တင်းဝင်တစ်အိတ်လျှင် ၄၃၀၀၀၀  ကျပ်၊ ၄၄၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၇၇၈၃ ကျပ်နှင့် ၇၉၆၄ ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ယခင်နှစ် ကာလတူ စျေး  မှာ၃တင်းဝင်တစ်အိတ်လျှင် ပဲနီပြား(တံတားဦး) ၃၂၀၀၀၀ကျပ်၊ ပဲနီပြား(ကျွန်း) ၃၇၀၀၀၀ကျပ်နှင့် ၃၈၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ    ပဲနီပြား(တံတားဦး) ၅၇၉၂ကျပ်၊ ပဲနီပြား (ကျွန်း)၆၆၉၇ ကျပ်နှင့်၆၈၇၈ကျပ်တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်နှင့်ယခုနှစ်စျေးနှိုင်းယှဉ် ပါက ပဲနီပြားမှာ စျေးပိုမိုရရှိကာ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

ကန့်ဘလူမြို့နယ်၌ ဒေသထွက် ခရမ်းပြာသရက်သီးများရောင်းချ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ဥယျာဉ်ခြံသီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ယခုအခါ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ဧကတစ်ထောင်စိုက်ပျိုးရေးခြံတွင် စိန်တစ်လုံးသရက်၊ နဂါးမောက်သီး အပြင် ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်တို့ကိုလည်း စိုက်ပျိုးထားကြောင်း သိရသည်။

      ဆင်စွယ်နီသရက်နှင့် ခရမ်းပြာသရက်များကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက် လျှက်ရှိကြောင်း၊ ဇွန်လမှစတင်ကာ အသီးများစတင်ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ခရမ်းပြာ သရက်သီးတစ်လုံးလျှင် (၃၀၀၀မှ ၄၀၀၀)ကျပ်၊ (၃)လုံးလျှင် ၁၀၀၀၀ကျပ်၊ ပတ္တမြားငမောက်သရက် သီးတစ်လုံးလျှင် (၃၀၀မှ ၅၀၀)ကျပ်နှင့် (၃)လုံးလျှင် ၁၀၀၀ကျပ်ဖြင့်ရောင်းချရကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း