ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ ကြက်သွန်နီစျေးနှုန်း

ထားဝယ်ခရိုင်အတွင်း စည်ပင်သာယာစျေးကြီးများနှင့် ရပ်ကွက်စျေးများတွင် ကြက်သွန်နီများ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီစျေးနှုန်းမှာ ယခင်ပတ် ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀) ကျပ်ခန့် ရောင်းဝယ်လျက်ရှိပါသည်။ ယခု ဇူလိုင်လ တတိယပတ်တွင် ကုန်စည်အများအပြား ဝင်ရောက် လာသဖြင့် ကြက်သွန်နီစျေးနှုန်းများအရ တစ်ပိဿာလျှင် (၂၄၀၀) ခန့် စျေးနှုန်းများ မြင့်တက်လျက်ရှိကာ ရောင်းသူများအနေဖြင့်လည်း ရောင်းအားကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ငရုတ်သီးအခြောက်ဈေးနှုန်း

  ထားဝယ်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော  ငရုတ်သီးခြောက်ကို ထားဝယ်မြို့ရှိ ပွဲရုံများမှ တဆင့်  ဈေးများ၊  ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကား‌ရောင်းချကြကြောင်း သိရှိရပါသည်။  ရန်ကုန်ပွဲရုံများမှ သယ်ယူရောင်းချလျက်ရှိပြီး စားသုံးသူများပြားပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရှိရပါသည်။ လက်ရှိစည်ပင်သာယာဈေးအတွင်း ဖြစ်ပေါ်နေသောငရုတ်သီးခြောက်ဈေးနှုန်းမှာ ငရုတ်သီး (အ ပုခြောက်)တစ်ပိဿာလျှင်(၂၂၀၀၀)ကျပ်၊ ငရုတ်သီး(အရှည်ခြောက်) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ် ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရန်ကုန်မြို့သို့ သင်္ဘောဖြင့် နေ့စဉ်ဆန်ဝင်ရောက်မှု

            ၇.၇.၂၀၂၅ ရက်နေ့တွင် ဖျာပုံမြို့နယ်မှ ရွှေမေတ္တာ(၁)သင်္ဘောဖြင့် ကြားပျံ  (၁၁၅၀) အိတ်၊ ပေါ်ကျွဲ(၁၂၃၀) အိတ်၊ ဧည့်မထ(၁၈၄၀)အိတ်၊ ဆန်ကွဲ(၂၄၀၇)အိတ်နှင့် ဝင်းစိန်သင်္ဘောဖြင့် ပေါ်ကျွဲ(၅၆၂) အိတ်၊ ဧည့်မထ (၁၂၅၄) အိတ်၊ ဆန်ကွဲ(၁၄၆၅) အိတ်တို့ဝင်ရောက်ပြီး ဝါးခယ်မ မြို့နယ်မှ စစ်သူကြီးရေယာဉ်ဖြင့် ပေါ်ဆန်း (၄၉၃)၊  ဧည့်မထ (၉၁၅၉)အိတ်၊ ဆန်ကွဲ(၁၀၀၅) အိတ်၊ ဒေးဒရဲမြို့နယ်မှ  ဇမ္ဗူထွန်းသင်္ဘောဖြင့်  ပေါ်ဆန်း (၄၈၀) အိတ်၊ ဧည့်မထ (၂၁၂) အိတ်၊ ဆန်ကွဲ(၃၆၈) အိတ်၊ ဘိုကလေးမြို့နယ်မှ ရေယာဉ်(၆၀ စီးဖြင့်  ကြားပျံအိတ်(၄၉၀၇)၊ ပေါ်ဆန်းအိတ် (၆၄၉၆)၊ ပေါ်ကျွဲ(၂၉၀၃) အိတ်၊ ဧည့်မထ(၁၀၄၅၃) အိတ်၊ ဆန်ကွဲ (၂၀၆၂) အိတ်နှင့် မော်ကျွန်းမြို့မှ အောင်သီရိ သင်္ဘောဖြင့် ကြားပျံ(၃၀၇) အိတ်၊ ပေါ်ကျွဲအိတ်(၆၂၅)၊ ဧည့်မထအိတ် (၂၄၂၃)နှင့်  ဆန်ကွဲ အိတ်(၁၆၂၂)၊ ကော့မှူးမှ ကားဖြင့်  ပေါ်ဆန်း(၉၀၀)အိတ်၊ ပေါ်ကျွဲ(၁၆၅၀) အိတ်၊ ဧည့်မထအိတ်ရေ (၃၁၅၀) အိတ် ၊ ဆန်ကွဲ(၂၀၀) အိတ်တို့ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ရှိ ပဲတောင့်ရှည်စျေးနှုန်း/စျေးကွက်

  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည် သီးကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး ထားဝယ်မြို့မစျေးကြီးများနှင့် ပျံကျစျေးများတွင် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
   ယခုအခါ ထားဝယ်မြို့ရှိ ဇူလိုင်လဒုတိယအပတ်တွင် ပဲတောင့်ရှည်သီး စျေးနှုန်း များမှာ ပဲတောင့်ရှည်သီး အစီးငယ်တစ်စီးလျှင် ၁၀၀၀ကျပ်ရှိပြီး ပဲတောင့်ရှည်သီးတစ်စီးလျှင် (၄၅၀၀) ကျပ်ရှိကြောင်း ရောင်းချသူတွေများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ဝက်အူချောင်းဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးအတွင်း၌ ဝက်အူချောင်း များရောင်းချလျက်ရှိပါသည်။ လူကြီး၊ လူငယ်မရွေးကြိုက်ကြသော  အစားအစာဖြစ်ပြီးလျင်မြန် ချက်ပြုတ်စား‌သောက်နိုင်သည့်အတွက် အချိန်ကုန်လူ      သက်သာသော အစားအစာလည်းဖြစ်ပါ သည်။

    ဝက်အူချောင်းများမှာ ထားဝယ်မြို့မှ စီးပွားဖြစ်ထုတ် လုပ်ရောင်းချမှုမရှိသည့် အတွက် ပုလောဘက်မှကားများဖြင့်သယ်ယူရောင်းချကြပြီး ကားလမ်းအခြေအနေ အခက် အခဲ ရှိသဖြင့် ဈေးနှုန်းအနည်းငယ်လည်းမြင့်တက်လျက်ရှိပါသည်။  ယခုဇွန်လ ဒုတိယပတ် အတွင်းစည်ပင် သာယာဈေးကြီးအတွင်း၌ ဝက်အူချောင်း တစ်ပိဿာလျှင် (၅၀၀၀၀) ကျပ်ရှိကြောင်းသိရှိရပါ သည်။

DOCA(တနင်္သာရီ)

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ နေ့စဉ်ဆန်ဝင်ရောက်မှုစာရင်း

                 ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂.၇.၂၀၂၅) မှ (၁၁.၇.၂၀၂၅) နေ့ထိ ဆန်ဝင်ရောက်မှု စာရင်းများမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဟင်္သာတ၊ ဓနုဖြူ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ကြားပျံ (၁၉၈၇၈) အိတ်၊ ပေါ်ဆန်းမွှေး (၃၉၈၉၇) အိတ်၊ ပေါ်ကျွဲ (၁၅၃၈၇) အိတ်၊ ဧည့်မထ (၁၅၂၇၅၇) အိတ်၊ ဆန်ကွဲ (၂၉၁၉၉) အိတ် ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း (အရှေ့) ကျောက်တံခါး၊ ညောင်လေးပင်၊ ဖြူးမြို့နယ်များမှ ဧည့်မထ (၁၆၀၈၄) အိတ် နှင့် ပဲခူးတိုင်း (အနောက်) မြို့နယ်များဖြစ်သော သာယာဝတီ၊ သုံးဆယ်၊ လက်ပံတန်း၊ ကြို့ပင်ကောက်မြို့နယ်များမှ ဧည့်မထ (၉၀၁၀၀) အိတ်၊ ငစိန် (၂၂၃၀) အိတ်နှင့် ရန်ကုန်တိုင်း ပြင်ပမြို့နယ်များဖြစ်သော ကော့မှူး၊ လက်ခုတ်ကုန်း၊ ပျော်ဘွယ်၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ဥက္ကံ မြို့နယ်များမှ ဧည့်မထ (၂၇၁၁၀) အိတ်တို့ဝင်ရောက်မှုရှိကြောင်း ဝါးတန်း ဆန်စပါးကုန်စည်ဒိုင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့အတွင်းရှိ အုန်းသီးနု ဈေးနှုန်း/ဈေးကွက်

     တနင်္သာရီတိုင်းဒေသကြီးတွင် အုန်းပင်သည် အလွန်ပင်များပြားသောအပင်တစ်မျိုးဖြစ် သည်။ အုန်းပင်ကို မြန်မာနိုင်ငံအနှံ့အပြားနှင့်ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအ ပြားပေါက်လေ့ရှိသည်။ ထားဝယ်မြို့အတွင်းရှိ အုန်းသီးနုရည်ကို စျေးကြီးများနှင့် အချိုရည်  ဆိုင်များတွင်ပါ ရောင်းချကြောင်းသိရှိရပါသည်။ အုန်းသီးနုရောင်းချရန်အတွက် အုန်းသီးများ မှာဒေသတွင် စားသုံးသူများသောကြောင့် စျေးကွက်ချဲ့ထွင်သူများလည်း အလွန်ပင်များပြား လှပါသည်။ အုန်းသီးနုများကို အုန်းချိုမွှေးနှင့် အုန်းဂျယ်လီများလည်း ပြုလုပ်ရောင်းချကြပါ သည်။
  အုန်းသီးနုသည် ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်သောကြောင့် အားအင်များကိုလည်း ပြန်လည်ပြည့်တင်းပေးပါသည်။ အချို့က သက်သက်အရသာခံသောက်၍လည်ကောင်း၊ သကြားနှင့်ဖျော်၍လည်းကောင်း ၊ သဘာဝသစ်သီးအနေဖြင့်လည်း သောက်သုံးကြပါသည်။ ယခုအခါ အုန်းသီးနု အကြီးတစ်လုံးလျှင် (၃၅၀၀မှ၄၀၀၀) ကျပ်ခန့်ဖြစ်ပေါ်လျက်ရှိကြောင်း သိရ ပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့အတွင်းရှိ မန်ကျည်းသီးဈေးနှုန်း/ဈေးကွက်

   မန်ကျည်းပင်သည် သစ်မာပင်အမျိုးအစားဖြစ်ပြီး အပူပိုင်းဒေသဖြစ်သည့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင်လည်း ပိုမိုပေါက်လျက်ရှိသည်။ စားသုံးသူများအတွက် တစ်ပင်လုံးအသုံးဝင်သော ဆေးဖက်ဝင်တန်ဖိုးရှိသည့် အပင်တစ်မျိုးဖြစ်သည်။ အိမ်ရှင်မတို့၏ မီးဖိုချောင်၌ အမြဲနေရာယူထား သောအသီးဖြစ်ပြီး အစိမ်းပေါ်ချိန်၌ အစိမ်းစားကြသကဲ့သို့ မှည့်သည့်အချိန်တွင်လည်း အစေ့ထုတ် ကာ နှစ်ရှည်ခံအောင် သိမ်းထား၍ရသော အသီးဖြစ်သည်။ ယခုကာလသည် မန်ကျည်းသီးအသစ် ထွက်ရှိနေသည့် ကာလဖြစ်သည့်အတွက် ထားဝယ်ဈေးကွက်၌ အမှည့်တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်ဒေသထွက် ကြက်ဟင်းခါးသီးဈေးနှုန်းအခြေအနေ

   ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းနှင့် လယ်မြေများတွင် သီးပင်၊စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ကြက်ဟင်းခါးပင်များကိုလည်း စိုက် ပျိုးထားပါသည်။  ကြက်ဟင်းခါးကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး အချိန်မှ စ၍ (၇၅)ရက်ခန့်တွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသောအသီးများကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါ သည်။

   ကြက်ဟင်းခါးသီးတစ်လုံးလျှင် (၇၀၀ မှ ၁၀၀၀)ကျပ်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိရွှေဖရုံသီးစျေးနှုန်း/စျေးကွက်

      ရွှေဖရုံသီး၏အ‌ရောင်သည် ရွှေရောင်ကဲ့သို့ ဝင်းဝါနေပြီး အရာသာ အနည်းငယ်ချို သည်။ ရွှေဖရုံသီး၏အသားသည် မချက်ပြုတ်မီ အလွန်မာကျောသော်လည်း  အပူပေးချက်ပြုတ် ပြီးနောက် အင်မတန်နူးညံ့သည်။ အသီးသာမက အပင်၏အရွက်၊ အညွန့်၊ အပွင့်နှင့်အစေ့တို့ကို လည်း စားသုံးနိုင်သည်။ ထားဝယ်မြို့ပတ်ဝန်းကျင်ကျေးရွာများရှိ လယ်ကွင်း စိုက်ပျိုးခြံများတွင် စိုက်ပျိုး၍ထွက်ရှိလာသောအသီးများကို ကုန်စိမ်းသည်များသို့ ဖောက်သည်ပေးကာ ထိုမှတဆင့် အနီးအနားရှိဈေးများတွင် ပြန်လည်ရောင်းချကြပါသည်။ ရွှေဖရုံသီးတစ်စိတ်လျှင်(၂၀၀၀)ကျပ် ရှိပြီး တစ်လုံးလျှင်(၈၀၀၀)ကျပ်ရှိကြောင်း ကုန်စိမ်းသည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း