ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ထားဝယ်မြို့ရှိ စားတော်ပဲပြုတ်ဈေးနှုန်း

မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည်တစ်မျိုး ဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကို လွယ်လွယ်ကူကူနှင့်မရပါ။ စားတော်ပဲပြုတ်ကို ထားဝယ်မြို့ ညနေဈေး၌ (၁၀)သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်နေ့လျှင် စားတော်ပဲပြုတ် (၂)ပိဿာမှ (၃)ပိဿာအထိရောင်းရကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ထားဝယ်မြို့ ပဲစောင်းလျားသီးစျေးနှုန်းစျေးကွက်

ပဲစောင်းလျားသီးကို မြန်မာ့ထမင်းဝိုင်းတွင် ဟင်းချိုထဲထည့်ချက်ခြင်း(သို့မဟုတ်) အတို့အမြုပ်အဖြစ် စားသုံးလေ့ရှိကြပါသည်။ ပဲစောင်းလျားသီး နုနုလေးများကို ရေနွေးဖျော၊ ပါးပါးလှီးပြီးနောက် ပုစွန်ခြောက်လေးနှင့် သုပ်စားပါကလည်း လက်ဖက်သုပ်လိုမျိုး ရေနွေးကြမ်းနှင့်လိုက်ဖက်သော မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါသည်။ ပဲစောင်းလျားသီးသည် စျေးတွင် အမြဲရှိသော်လည်း အမြဲမဝယ်စားဖြစ်သော အသီးထဲတွင် ပါဝင်ပြီး ပဲစောင်းလျားသီးကို ထားဝယ်မြို့နယ် စည်ပင်သာယာစျေးတွင် တစ်စည်းလျှင်(၅၀၀ိ/-)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

၂၀၂၅ ခုနှစ် ဇွန်လ နောက်ဆုံးပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၇၇၅၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။ ကြက်သွန်နီ တစ်ပိဿာလျှင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။ ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိရာသီစာကင်ပွန်းချဉ်ရွက်ဈေးနှုန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်းရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကင်ပွန်းချဉ်ရွက်သည် အူရှင်းစေသောအစားအစာဖြစ်ပြီး ကင်ပွန်းသီးကိုလည်း ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံး ပြုကြပါသည်။ ယခုအခါ စည်ပင်သာယာဈေးတွင် ကင်ပွန်းချဉ်ရွက်များကို ထားဝယ်မြို့အနီးတစ်ဝိုက် ကျေးရွာများမှ လာရောက်ရောင်းချလျက်ရှိကြောင်း (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသောကျောက်ဖရုံသီး

ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်းစသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်းသိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်မုံရွာမြို့ပေါ် တွင်‌‌ရောင်းချလျက်ရှိသော ကျောက်ဖ ရုံသီး စျေးနှုန်းမှာ (၁)လုံးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီးစိုက်ပျိုး၊ ရောင်းချသူများ ထံမှသိရပါသည်။ DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေပဲလုံးဆံဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ဆီထွက်သီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိရာ သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှု စာရင်းများ အရမြေပဲ(၆၆၁၄၂)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ဒေသထွက်မြေပဲလုံးဆံအသစ်များမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ရာ ယခုအချိန်တွင် ဒေသထွက်မြေပဲလုံးဆံများ အဝင်နည်းသွားသဖြင့် မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေပဲလုံးဆံဈေးနှုန်းမှာ(၁)ပြည်လျှင် (၁၀၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၆၈၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေပဲလုံးဆံ(၁)ပြည်လျှင်(၁၀၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီ ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ လ္ဘက်၊ အကြော်ဆံ ရောင်းချသည့် ဆိုင်များနှင့် စားသုံးမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ မုန်လာဉဈေးနှုန်း/ဈေးကွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့ နေအိမ်ခြံဝင်းနှင့် လယ်ယာမြေများတွင် သီးပင်စားပင်များအပြင် မုန်လာဉပင်များလည်း စိုက်ပျိုးထား ကြပါသည်။ စိုက်ပျိုးထွက်ရှိသော မုန်လာဉပင်များကို ကားများ၊ သုံးဘီးယာဉ်များ၊ဆိုင်ကယ်များဖြင့် တင်ပို့ရောင်းချကြပြီး (၅)လုံးတစ်စည်းလျှင် (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ် အထိရှိပြီး ဒေသထွက် မုန်လာဉများက ကျန်မြို့များမှကုန်သွယ်တင်ပို့သော မုန်လာဉများထက် အနည်းငယ်ဈေးသင့်ကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အဖြူနှင့် အညို)ဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကိုမန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင်ရောင်းချသည့် မြေထောက်ပဲ(ဖြူ) ဈေးနှုန်းမှာ (၁)ပြည်လျှင်(၈၆၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၇၆၀ဝိ/-) ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ (ဖြူ)(၁)ပြည်လျှင် (၈၆၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ် ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေကြောင်း၊ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ် နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို)(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီးဈေးငြိမ်နေ ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

ထားဝယ်မြို့ရှိ ကြက်သွန်နီဈေးနှုန်းကျဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်အတွင်းရှိ စည်ပင်သာယာဈေးကြီးတွင် ကြက်သွန်နီ ကုန်စည်များနေ့စဉ် စီးဝင်စီးထွက်ရောင်းဝယ်လျက်ရှိရာ ကြက်သွန်နီဈေးနှုန်းမှာ ယခုပတ်သောကြာနေ့တွင် တစ်ပိဿာလျှင်(၂၀၀၀)ကျပ်ရှိကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းသို့ ကုန်စည်ဝင်ရောက်မှု များပြားလာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းမှာ ယခင်အပတ်ကထက် တစ်ပိဿာလျှင်(၁၀၀၀)ကျပ် ကျဆင်းလာကြောင်း ကုန်စုံဆိုင်ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။ DOCA(တနင်္သာရီ)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိ မတ်ပဲခြမ်းဈေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မတ်ပဲ(၁၀၂၉၆)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှ စတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မတ်ပဲခြမ်းများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း ဇွန်လ၊ စတုတ္ထအပတ်တွင် ရောင်းချသည့် မတ်ပဲခြမ်းဈေးနှုန်းမှာ (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-)ကျပ် ဖြစ်ကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ မတ်ပဲခြမ်း(၁)ပြည်လျှင် (၇၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ မတ်လ၊ စတုတ္ထအပတ်မှစ၍ ယခုအပတ်ထိ ရောင်းချရသည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက် အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အကြော်ဆိုင်၊ လ္ဘက်ရည်ဆိုင် များမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှသတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း