ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် တောင်သူများအနေဖြင့် ဆန်စပါး အပြင် နေ့စဉ်မိသားစုဝင်ငွေရရှိရေး စားဖိုဆောင်သီးနှံများ  စိုက်ပျိုးရောင်းချလျက်ရှိရာ ကန့်ဘလူ မြို့၊ အမှတ်()ရပ်ကွက်တွင် ခရမ်းသီးအရှည်မျိုး စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကာ နေ့စဉ်ခူး ဆွတ်ရောင်းချပြီး ဈေးကောင်းရသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

   ခရမ်းသီးနှံစိုက်ပျိုးမည်ဆိုပါက မြေကိုကောင်းစွာပြုပြင်ပြီး ပျိုးသက် ()လသားအရွယ်တွင် မြေပြင်ထားသော စိုက်ခင်းထဲကို ပြောင်းရွေ့စိုက်ပျိုးကြောင်း၊ ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် (-)ပေခြားစိုက်ပျိုးကာ အစိုဓာတ်မပြတ် စေရန်ရေသွင်းပေးရကြောင်း အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ဆောင် ရွက်ရကြောင်း၊ လိုအပ်တဲ့အချိန်တွင် အာမိုမြေဩဇာ၊ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများဖျန်း ပေးရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ရက်ခြားခူးဆွတ်ရပြီး အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ရောင်းချရကြောင်း၊ ရောင်းဈေးအနေဖြင့် ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းသီး(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင်  (၂၈၀၀မှ ၃၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ခရမ်းအပင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့်  ဦးဝင်းအောင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

                                     

ကန်စွန်းရွက်ဈေးနှုန်း

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ မုံရွာမြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာ သီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ မုံရွာမြို့ပေါ်ရှိ ကျေးရွာများ နှင့် အခြားကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြပြီး မန်ကျဉ်းပင်ဈေးနှင့်သာစည် ဈေးများတွင် ရောင်းချကြကြောင်း သိရှိရပါသည်။

          ကန်စွန်းရွက်ကို ဟင်းချက်ပြုတ်ရာတွင်လည်ကောင်း၊ အထောင်းစုံရောင်းသည့် ဆိုင်များနှင့် စားသောက်ဆိုင်များမှ ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းသူထံမှ သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်တွင် ကန်စွန်းရွက် (၁)စည်းလျှင် ( ၃၀၀ )ကျပ်မှ (၂)စည်းလျှင်(၅၀၀)ကျပ် ရောင်းချလျက်ရှိရာ ယခု ဇူလိုင်လတတိယပတ်တွင် ကန်စွန်းရွက် (၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃)စည်းလျှင်(၅၀၀) ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

သရက်သီးခြောက်နှင့် ခရမ်းသီးခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေးသည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့်  ခရမ်းသီးခြောက် ()ပြည်လျှင်(၁၅၀၀)ကျပ်၊ ()ပြည်လျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း သရက်သီးခြောက်ဈေးနှုန်းမှာ (၁၀)ကျပ်သားလျှင် (၄၀၀)ကျပ်နှင့် ()ပိဿာလျှင် (၃၉၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ အသီးခြောက်များကို မြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် ဆိတ်ဖူးမြောင်ကျေးရွာ၊ နတ်ပေးကျေးရွာတို့မှ ယခုလို သရက်သီးလှိုင်လှိုင်ပေါ်ချိန်တွင် အသီးစိမ်းများကိုအခြောက်လှမ်း၍ လာရောက်ရောင်းချကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

သခွတ်ပွင့်နှင့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မြို့မဈေး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန် များအပြင် အခြားဒေသမှဝင်ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချ ပေးလျက်ရှိကြောင်း၊ ရာသီစာအပွင့်ခြောက်များသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်၊ ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ နတ်အင်းကျေးရွာနှင့် အခြားသောကျေးရွာများမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသည့် ကြောင်လျှာပွင့်ခြောက်ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၃၀၀)ကျပ်၊ ()ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊  ကြောင်လျှာပွင့်အစိုများကို အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ ယခုလိုရှားပါးချိန်တွင် ကြောင်လျှာပွင့်ခြောက်များ အရောင်းသွက်လျက်ရှိ ကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌  ရောင်းချလျက်ရှိသည့် သခွတ်ပွင့် ခြောက်()ပုံလျှင် (၁၂၀၀)ကျပ်နှင့် ()ပုံလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကုန်မျိုးစုံ ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန်သာယာဈေးရှိ ကင်ပွန်းချဉ်ရွက်ဈေးနှုန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကင်ပွန်းချဉ်ပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချ လျက်ရှိကြောင်း သိရသည်။ ကင်ပွန်းပင်သည် ကင်ပွန်းချဉ်ရွက်အပြင် ကင်ပွန်းသီးများကိုပါ ရရှိနိုင်ပါသည်။ ကင်ပွန်းသီးသည် ခေါင်းလျှော်ရည်ထဲတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး ကင်ပွန်းရွက်မှာ အိမ်ရှင်မများ ချက်ပြုတ်ရာတွင် ဟင်းရည်သောက်အဖြစ် အသုံးပြုနိုင်ပြီး ကျန်းမာရေးနှင့် ညီညွတ်သောအပင်တစ်မျိုးဖြစ်ပါသည်။ ကန်သာယာဈေး၌ ဇူလိုင်လ တတိယပတ်တွင် ကင်ပွန်းချဉ်ရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၂၅၀)ကျပ်မှ (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နာနတ်သီး၊ လိမ္မော်သီး၊ စပျစ်သီး၊ ငှက်ပျောသီးနှင့် ပန်းသစ်တော်သီးများကို မန္တလေးမြို့ ရှိသစ်သီး ပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရသည်။

          ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက်ရှိသော သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီးတစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ပန်းသီးတစ်လုံးလျှင် (၁၅၀၀မှ ၄၀၀၀)ကျပ်၊ ဒေသထွက်ငှက်ပျော ဖီးကြမ်းတစ်ဖီးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင်(၄၀၀၀မှ ၆၀၀၀)ကျပ်၊ သခွားမွှေး တစ်လုံးလျှင်(၃၅၀၀မှ ၅၀၀၀) ကျပ်နှင့် လိမ္မော်သီးတစ်ပိဿာလျှင် (၂၀၀၀၀မှ ၂၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ရောင်းချလျက်ရှိသော ပန်းသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဆိုင်များတွင် သစ်သီး မျိုးစုံရောင်းချလျက်ရှိရာ ပန်းသီးများလည်းရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ပန်းသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် ကျန်းမာရေးအတွက် အထောက်အကူများစွာ ပြုပေးသည့်အတွက် စားသုံးသူများ ကြိုက်နှစ်သက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၂၀၀၀မှ ၄၀၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးသည် နူးညံ့ထူးကဲသော အရသာပေးစွမ်းသည့်အတွက် စားကြည့် မိသူတိုင်း ကြိုက်နှစ်သက်ကြသည့်အတွက် အရောင်းသွက်သော သစ်သီးစာရင်းတွင် ပန်းသီးလည်း အပါဝင်ဖြစ်ကြောင်း သစ်သီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဒညင်းသီးဈေးနှုန်း ကျဆင်း

   ဒညင်းသီးပင်သည် ကရင်၊ ပဲခူး၊ မော်လမြိုင်နှင့် ရခိုင် စသည့်ဒေသများတွင် အများဆုံးပေါက် ရောက်ပါတယ်။ ဒညင်းသီးကိုစားသုံးသူ တော်တော်များများ စားသုံးကြိုက်နှစ်သက်တဲ့ အစားအစာ တစ်ခုအဖြစ်တွေ့ရကြောင်း၊ ဒညင်းသီးအုန်းနို့ဆမ်း၊ ဒညင်းသီးဝက်သားချက်၊ ဒညင်းသီးပြုတ်ဆီ ဆမ်းဆားဖြူးစားဖြူးစားတာတို့ ဒညင်းသီးမီးဖုတ် ငပိရည်နဲ့တို့စားတာ စသည်ဖြင့်အမျိုးမျိုးစားသုံး ကြကြောင်း၊ သို့သော် ဒညင်းသီးသည် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်းမဖြစ်အောင် စားသုံးရန် လိုအပ်ကြောင်း လေ့လာသိရရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ဒညင်းသီးသေး()လုံးလျှင် (၁၀၀)ကျပ်၊ အကြီး()လုံးလျှင် (၁၅၀)ကျပ်နှင့် (၁၁)လုံးလျှင် (၁၅၀၀)ကျပ်၊ ဒညင်းသီးပြုတ်() လုံးလျှင် (၂၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုပတ်တွင် ရောင်းချနေသည့် ဒညင်းသီးများ ကို မြစ်ကြီးနားမြို့နှင့် မော်လမြိုင်မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ အရောင်းအဝယ်ဖြစ်သည့် တီလားဗီးယားငါးနှင့် ငါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင်ရောင်းချနေသော ငါးကြင်း ဈေးနှုန်းများမှာ ငါးကြင်းခုတ်သား(၁)ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းအကောင် (၁)ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးကြင်းသားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း နှင့် ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက်စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဇူလိုင်လ တတိယပတ်အတွင်း ငါးမြင်းခုတ်သား(၁)ပိဿာလျှင် (၂၄၅၀၀)ကျပ်၊ ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ၊  ဇူလိုင်လ တတိယပတ်အတွင်း တီလားဗီးယားအကြီး (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ တီလားဗီးယားအသေး (၁)ပိဿာ လျှင်(၁၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ငါးစားသုံးခြင်းဖြင့် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရရှိစေသည့်အတွက် စားသုံးမှုများကြောင်း၊  ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူပဲဖတ်ဈေးကျဆင်းအရောင်းအဝယ်ဖြစ်

  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် စိုက်ပျိုးရေးထွက်သီးနှံများအပြင် ဒေသ ထွက်ကုန်များစွာလည်း အရောင်းအဝယ်ဖြစ်လျက်ရှိရာ ထုတ်ကုန်များစွာအနက်မှ မြေပဲဆီသန့် ထုတ်လုပ်ရောင်းချမှုကို အဓိကထားလုပ်ကိုင်ကြပြီး ဒေသအနှံ့အပြားသို့ ရောင်းဝယ်ဖောက်ကား လျက်ရှိရာ ယခုအချိန်တွင်စားသုံးသူများမှ မြေပဲဆီသုံးစွဲမှုများပြီး ပြည်တွင်းပဲဆီ လိုအပ်ချက်များ မြင့်မားနေသောကြောင့် ဆီစက်များ အားလုံးနီးပါးလည်ပတ်လျက်ရှိရာ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းမှ ထွက်ရှိသော မြေပဲဖတ်များလည်း ဈေးကွက်တွင် တွင်တွင်ကျယ်ကျယ် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။

   ဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် (ဆုံ)ပဲဖတ် တစ် ပိဿာလျှင် ကျပ်(၄၃၀၀-၄၂၀၀)၊ (စက်)ပဲဖတ်တစ်ပိဿာလျှင် ကျပ်(၄၅၀၀-၄၃၀၀)ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင်ဇွန်လ(တတိယပတ်)နှင့်ဈေးနှိုင်းယှဉ်ပါက ဈေးကျဆင်း၍ အရောင်း အဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူဒေသထွက်(ဆုံ)ပဲဖတ်များကို ဒေသတွင်း စား သောက်ကုန် လုပ်ငန်းရှင်များမှ ဝယ်ယူမှုအပြင် (စက်)ပဲဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် မွေးမြူရေးလုပ်ငန်းရှင်များမှ ဝယ်ယူခြင်းနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ငါးမွေးမြူရေးလုပ်ငန်း ရှင်များမှလည်း ဝယ်ယူကြောင်း သိရသည်။

          ပြည်တွင်းမွေးမြူရေး အစားအစာဈေးကွက်တွင် ပဲဖတ်ဝယ်လိုအားကောင်းခြင်းအပြင် စားသုံးမှုအနေဖြင့် ပခုက္ကူမြို့တွင် မြေပဲဆီထုတ်လုပ်မှုမှ ရရှိသောမြေပဲဖတ်ကို ပြည်တွင်းငါးမွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများမှလည်း တိရိစ္ဆာန်အစာများတွင် ရောစပ်အသုံးပြုပြီး စိုက်ပျိုးရေး တောင်သူများမှလည်း သီးနှံစိုက်ခင်းများတွင် သွင်းအားစုအဖြစ် အမှုန့်ကြိတ်ပြီးသုံးစွဲရန် ဝယ်ယူမှု များလျက်ရှိခြင်းနှင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှလည်း စက်ကြီးများဖြင့် ဆီပြန်လည် ထုတ် လုပ်ရန်အတွက် ဆုံပဲဖတ်ခွေများကို ပြန်လည်ဝယ်ယူမှုများ၍ ပခုက္ကူဒေသထွက်ပဲဖတ်များ နေ့စဉ် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း