ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချနေသော ပိတ်စွယ်ဈေးနှုန်း

ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိတ်စွယ်များကို ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်ဈေး နှင့် ပိတောက်မြိုင်ရပ်ကွက်ဈေးများသို့ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ ပိတ်စွယ် ဈေးနှုန်းများမှာ ပိတ်စွယ် အပင်အကြီး အသေးပေါ်မူတည်၍(၅/၇)ချောင်းပါ တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ (၁၀)စည်း တစ်ထုံးလျှင်(၈၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ရပ်ကွက်ဈေးများ၌ ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။ DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ရှင်မွေးလွန်းပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင်(၅၀၀)ကျပ် ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း ဈေးနှုန်းအနေဖြင့် စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင်(၁၀၀၀)ကျပ် ၊ ရှင်မွေးလွန်းပန်း တစ်ကုံး လျှင်(၃၀၀)ကျပ်၊ (၂)ကုံးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းအနေဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ ဂန္ဓမာပန်းဈေးနှုန်းအနေဖြင့် ဂန္ဓမာ(အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ဂန္ဓာမာပန်း(အပွင့်သေး) တစ်စီး လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊ အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊ နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင်(၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။ DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက် နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံ ဖြစ်သည်။ ဂျပန်ပျားလိမ္မော်သီးသည် လိမ္မော်သီးမျိုးစိတ်ဖြစ်ပြီး လိမ္မော်သီးနှင့်မတူဘဲ အရသာ အနည်းငယ်ကွဲပြားသည်။ အရသာမှာ လိမ္မော်သီးနှင့်မတူ ဘဲ အချဉ်ဓါတ်အနည်းငယ်ပါဝင်သည်။ ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၃၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း ဂျပန်ပျားလိမ္မော်သီးရောင်းချသူထံမှ သိရှိရပါ သည်။ DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော နှင်းဆီပန်း၊ ရှင်မွေးလွန်းပန်း နှင့် ဇွန်ပန်း ဈေးနှုန်း

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ) ၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ(စတုထ္ထပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင်(၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့် လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး)တစ်ပွင့်လျှင်(၄၀၀)ကျပ် နှင့် ဇွန်ပန်း တစ်ကုံးလျှင် (၃၀၀) ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ရှင်မွေးလွန်းပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)

နနွင်းတက်နှင့် နနွင်းမှုန့်အစစ်ဈေးနှုန်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာ ဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများကိုပါဆောင် ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင် တစ်နိုင် အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန် အတွက် လည်းကောင်း သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာမှ စားဖိုဆောင်သီးနှံများဖြစ်သော ကြက်သွန်၊ ငရုပ်သီးနှံအပြင် နနွင်းသီးနှံပင်များကိုလည်း စိုက်ပျိုးကြပါသည်။ နနွင်းသီးနှံပင်များကို တောင်ယာမြေများတွင် သီးသန့်စိုက်ပျိုးကြသလို နှစ်ရှည်ပင်များဖြစ်သည့် သရက်ပင်၊ ဇီးချိုပင်နှင့် လျှော်ဖြူပင်များအကြားတွင် သီးညှပ်စိုက်ပျိုးကြသည်ကိုလည်း တွေ့ရှိရ ပါသည်။ နနွင်းသီးနှံသည် ဈေးကွက်ဝင်သီးနှံတစ်မျိုး ဖြစ်သည့်အလျှောက် နနွင်းတက်များ အပေါ်မီ နနွင်းဖူးများ ကိုလည်း ခူးဆွတ်ရောင်းချပြီး မိသားစု အပိုဝင်ငွေရရှိပါသည်။ ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ် ကျွန်းလှမြို့တွင် ဖြစ်ပေါ်နေသော နနွင်းတက် ဈေးနှုန်း အနေဖြင့် နနွင်းတက် တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်၊ နနွင်းတက်(၅၀)ကျပ်သားလျှင်(၈၅၀၀)ကျပ် နှင့် နနွင်းတက်(၂၅)ကျပ်သားလျှင်(၄၅၀၀)ကျပ်၊ နနွင်းမှုန့် အစစ် ဈေးနှုန်း အနေဖြင့် နနွင်းမှုန့်အစစ် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ နနွင်းမှုန့် အစစ်(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် နနွင်းမှုန့် အစစ် (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အ‌‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် ဈေးသည်ထံမှ သတင်းရရှိ ပါသည်။ DOCA(စစ်ကိုင်း)

နဂါးမောက်သီး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကန်သာယာဈေးအတွင်းတွင် နဂါးမောက်သီးများ ရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။ နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုး ဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင်အပင်တစ်မျိုးဖြစ်သည်။ ယခုအခါတွင် မြန်မာ ပြည်အနှံ့ စိုက်ပျိုးလာကြောင်း တွေ့ရှိရသည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိရာ စားသုံးသူများမှာ အနီသီးကို ပိုမိုနှစ်သက်ကြသည်။ ယခုဇွန်လအတွင်း ဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်းမှာ နဂါးမောက်သီး အသေး (၁)လုံး လျှင် (၈၀၀) ကျပ်၊ နဂါးမောက်သီး အလတ်(၁)လုံးလျှင် (၁၂၀၀) ကျပ်နှင့် နဂါးမောက်သီး အကြီး (၁)လုံးလျှင် (၁၅၀၀) ကျပ် အထိရောင်းချလျက်ကြောင်း နဂါးမောက်သီး ရောင်းချသူထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)

ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများ

၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ ဈေးနှုန်းများအနေဖြင့် နှမ်းဖြူ ( ၁ )တင်းလျှင် (၁၀၅၀၀၀)ကျပ်၊ နှမ်းနက် ( ၁ )တင်းလျှင် (၂၃၀၀၀၀)ကျပ်၊ နှမ်းညို ( ၁ )တင်းလျှင်( ၉၀၀၀၀)ကျပ်၊ နေကြာ( ၁ )တင်းလျှင် (၅၄၀၀၀)ကျပ်၊ မြေပဲလုံးဆံနီ ( ၁ )ပိဿာလျှင် ( ၉၂၀၀)ကျပ်၊ မြေပဲလုံးဆန်ဖြူ ( ၁ )ပိဿာလျှင် (၉၆၀၀)ကျပ် ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။ DOCA(စစ်ကိုင်း)

ဒူးရင်းယို စျေးနှုန်း‌စျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ဒူးရင်းသီးကို စီးပွားဖြစ်စိုက်ပျိုးတင်ပို့ရောင်းချလျက် ရှိပြီး အရသာမကောင်း‌သောဒူးရင်းသီးများနှင့် ပျက်စီးသွားသောဒူးရင်းသီးများကို လေလွင့်ဆုံးရှုံးမှုမရှိ စေရန် ဒူးရင်းသီး‌ကောင်းများရော၍ ယိုထိုးနည်းအသုံးပြု၍ ဒူးရင်းယို ပြုလုပ်ရောင်းချလျက်ရှိ ပါသည်။ ဒူးရင်းယိုဟာ စျေးကွက်တွင် လူကြိုက်များသလို စျေးကောင်းရရှိသောကြောင့် ရန်ကုန်နှင့် အခြားတိုင်းနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဒူးရင်းယိုတစ်ပိဿာလျှင် ၅၅၀၀၀ကျပ်ခန့်ထိစျေးရရှိနေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

မြိတ်ဒေသရှိ ငရုတ်သီးနှင့် ငရုတ်သီးခြောက်စျေးနှုန်းစျေးကွက်

ငရုတ်သီးကို မြန်မာနိုင်ငံနေရာအနှံအပြားတွင် စိုက်ပျိုးနိုင်ပြီး တနင်္သာရီတိုင်း၊ မြိတ် ခရိုင်တွင်လည်း စိုက်ပျိုးလျက်ရှိသည်။ ဒေသတွင်း စားသုံးရန်အတွက်စိုက်ပျိုးလျက်ရှိပြီး အခြား တိုင်းနှင့် ပြည်နယ်များမှလည်းမှာယူ၍ ရောင်းချလျက်ရှိသည်။ ငရုတ်သီးသည် နေရောင်ခြည် ကောင်းစွာကြိုက်သောကြောင့် အပူပိုင်းဒေသဖြစ်သောနေရာများတွင် ကောင်းစွာ စိုက်ပျိုးနိုင်သည်။ ငရုတ်သီးများကို ငရုတ်သီးခြောက်နှင့်ငရုတ်သီးအမှုန့်များ ပြုလုပ်ပြီး စျေးကွက်တွင် စီးပွားဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ ယနေ့မြိတ်မြို့တွင် ငရုတ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် ၉၀၀၀ကျပ် ခန့် ရှိနေပြီး ငရုတ်သီးခြောက်စျေးနှုန်းမှာ ၂၀၀၀၀ကျပ်ခန့်နှင့် ငရုတ်သီးအမှုန့်တစ်ထုတ်လျှင် ၁၀၀၀ကျပ်ခန့် ရှိကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

သီဟိုဠ်စေ့စျေးနှုန်းစျေးကွက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် ကွမ်းသီး၊ သီဟိုဠ်နှင့် ရာဘာစသော‌ ဒေသထွက်ကုနများထွက်ရှိပြီး ဒေသထွက်ကုန်ပစ္စည်းများတွင် သီဟိုဠ်အခန်းကဏ္ဍသည်လည်း အရေးပါလျက်ရှိသည်။ ၂၀၂၂ နောက်ပိုင်းတွင် ကွမ်းသီးနှင့် ဒူရင်းပင်များ အစားထိုးစိုက်ပျိုးလာခြင်းကြောင့်နှင့် ရာသီဥတုမမှန်ခြင်းများကြောင့် သီဟိုဠ်ပင် စိုက်ပျိုးမှုနည်းလာပြီး အထွက်နှုန်းကျဆင်းသွားကြောင်း သိရှိရပါသည်။ မိုးရာသီဖြစ်သော ဇူလိုင်လတွင် သီဟိုဠ်စေ့မထွက်ရှိကြောင်း သိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လစျေးနှုန်းအရ သီဟိုဠ်စေ့အချော တစ်ပိဿာလျှင် ၅၅၀၀၀ကျပ် မှ ၆၀၀၀၀ ကျပ်ထိရှိပြီး သီဟိုဠ်စေ့အချော(အကျိုးအပဲ့ပါ) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ် မှ ၅၀၀၀၀ ကျပ်ထိ စျေးနှုန်း ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။ DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း