ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏ဇူလိုင်တတိယပတ်ပဲမျိုးစုံဈေးနှုန်းဈေးကွက်

   ပြည်ကုန်စည်ဒိုင်တွင်မတ်ပဲ၊ ပဲစဉ်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်၊ စားတော်ပဲ၊ ပဲကျွန်း စသည့်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲတစ်တင်းကို (၉၅၅၀၀-၉၆၀၀၀)ကျပ်ဖြင့်တစ်ရက်ကို အိတ်(၂၀၀)ခန့်ရန်ကုန်အဝယ်ရှိနေပါသည်။ ပဲစဉ်းငုံနီ တစ်တင်း ကို (၈၇၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့်အဝယ်ရှိနေပါသည်။ ဇူလိုင် တတိယပတ်တွင် ကုလားပဲ(HL)တစ်တင်းကို (၉၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၄၅၀၀-၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်းပဲခွဲစက်သမားများ အဝယ်တစ်ရက်ကိုအိတ် (၂၅၀)ခန့်ရှိပါ သည်။ ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၉၂၀၀၀) ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ အဝယ်ရှိနေပြီး တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ဘိုကိတ် ပဲတစ်တင်း ကို (၇၀၀၀၀)ကျပ်ဖြင့်မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ စားတော်ပဲ (‌ရွှေကျွန်း)တစ်တင်းကို (၁၇၅၀၀၀) ကျပ် ဖြင့်မြို့တွင်း အဝယ် တစ်ရက်ကို အိတ်(၅၀)ခန့်အဝယ်ရှိပါသည်။ ပြည်ကုန်စည်ဒိုင်တွင် ပဲအရောင်းအဝယ်မှာ သွက် လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပုသိမ်မြို့မုန်လာဥနီဈေးကွက်

         မုန်လာဥနီ၏အရောင်မှာ အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါသည်။ မုန်လာဥနီကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စားခြင်းနှင့် သုပ်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုးပြု လုပ်စားသုံးနိုင်ပါသည်၊ မုန်လာဥနီတွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်သောကြောင့် မျက်စိအမြင်အာရုံကြည်လင်စေရန် များစွာအထောက်အကူပြုပါသည်။ ကြက်မျက်သင့် ရောဂါခံစားနေရသူများ၊ ကွန်ပျူတာနှင့် အလုပ်လုပ်နေရသူများအနေဖြင့် မုန်လာဥနီကို များများစားသုံး ပေးသင့်ပါသည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်း၊ ရောဂါပိုးအလွယ်တကူဝင်ရောက်ခြင်းများမဖြစ်အောင် ကာကွယ်ပေးပါသည်။

           ထို့ပြင် မုန်လာဥနီမှာ ဟင်းသီးဟင်းရွက်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ(၁)ပိဿာလျှင်(၉၀၀၀)ကျပ်မှ(၁၀)သားလျှင်(၁၀၀၀)ကျပ်ရရှိကြောင်းပုသိမ်ဈေးကွက်မှ သိရပါသည်။

DOCA(ဧရာဝတီ)

ပြည်ခရိုင်၊ ပြည်မြို့၏ပဲကြီးနှင့်စားတော်ပဲဈေးနှုန်း

  ပြည်ခရိုင်၊ ပြည်မြို့တွင်ပဲကြီးနှင့်စားတော်ပဲ(ကျွန်း) သီးနှံများ မြို့တွင်း အ‌ရောင်း အဝယ်ဖြစ်လျက် ရှိနေသည်။ ယခင်နှစ်က ဇူလိုင်တတိယပတ်တွင်ပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၉၀၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီးယခုနှစ် ဇူလိုင် ဒုတိယပတ်တွင်းပဲကြီး (ရွှေကျွန်း) တစ်တင်းကို (၁၀၂၀၀၀)ကျပ်၊ ပဲကြီး (ကုန်းပဲ) တစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ ယခုနှစ် ဈေးကပိုမိုကောင်းမွန်နေကြောင်း သိရှိရပါသည်။
   ယခုနှစ် ဇူလိုင်တတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၇၅၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် (၅၀)ခန့်ရှိပါသည်။ ယခင်နှစ်က စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် (၅၀)ခန့်ရှိပါသည်။ ယခုနှစ်စားတော်ပဲဈေးက ပိုမိုကောင်းနေခဲ့ပြီး တောင်သူများအနေဖြင့် ပိုမိုရရှိခဲ့ပါသည်။

DOCA(ပဲခူး)

ပြည်မြို့ပြောင်းဖူးဈေးကွက်

  ဇူလိုင်လတတိယပတ်တွင် ပြည်မြို့နယ်ထွက် ပြောင်းဖူးများကိုရန်ကုန်ဈေးကွက်သို့ တင်ပို့ ရောင်းချမှုရှိပြီး ပြည်မြို့နယ်အတွင်းရောင်းချနေသော‌ပြောင်းဖူးများကို ပုတီးကုန်း၊သဲကုန်း မြို့နယ် များမှ တင်ပို့ရောင်းချလျက်ရှိပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ပြောင်းဖူးစိမ်း တစ်ဖူးလျှင်အကြီး၊အသေးပေါ်မူတည်၍ ရောင်းချလျက်ရှိပါသည်။ ပြောင်းဖူးအဖြူတစ်ဘူးလျှင် (၈၀၀-၁၀၀၀)ကျပ်၊ ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိ ပြီးသကြားပြောင်းအစိမ်းတစ်ဖူးလျှင် အကြီး၊ အသေး ပေါ်မူတည် ၍(၇၀၀-၈၀၀)ကျပ်ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ရွှေတောင်မြို့၏ခဝဲသီးဈေးကွက်

   ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်‌ ကျေးရွာရှိ တောင်သူ ဒေါ်စန်းလွင်ပိုင်ဆိုင်သော ခဝဲသီးစိုက်ခင်းသို့ (၂၂.၇.၂၀၂၅)ရက် နေ့နံနက် (၁၀)နာရီတွင် သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။ စိုက်ပျိုးသောခဝဲသီးမျိုးမှာ မာဃမျိုးဖြစ်ပြီး ခဝဲသီး အစေ့ များကို စင်ပတ်ပတ်လည် တွင်ကျင်းများ တူးပြီး တန်ခူးလ ကုန်ခါနီးတွင် စတင် စိုက်ပျိုး ထားရှိပါသည်။ ဝါဆိုလတွင်အသီးများ စတင်ထွက်ပေါ်၍ ခူးဆွတ်ရောင်းချကြပါသည်။ တစ်ခါခူးလျှင် အတောင့်(၁၀၀)မှ(၁၅၀)ကြားခူးဆွတ်ရရှိပြီး တစ်ရက်ခြား တစ်ခါခူးဆွတ်ရပါသည်။ စိုက်ဧက တစ်ယောက်စိုက်ရှိသော ခဝဲသီးစိုက်ခင်းကို (၁)လခွဲကျော်ထိ ခူးဆွတ် ရောင်းချရပါသည်။ ရွှေတောင်ပွဲစားများမှ တစ်တောင့်လျှင် (၂၅၀)ကျပ်နှုန်းဖြင့် လာရောက်သိမ်းယူကြပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ စုစုပေါင်းကုန်ကျစရိတ်မှာ (၂)သိန်းခွဲကျော်ဖြစ်ပြီး အကျိုးအမြတ်ရရှိမှုမှာ (၄)သိန်းကျော်(၅)သိန်းထိခန့်မှန်းရရှိနိုင်ကြောင်းသိရှိခဲ့ရပါသည်။
DOCA(ပဲခူး)

ရွှေတောင်မြို့၏မျှစ်ဈေးကွက်

 ရွှေတောင်မြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသများကသစ်တိုင်းကျေးရွာစမ်းသရက်ပင်ကွင်း၊ ရွှေတောင်ပတ်ဝန်းကျင်ကြက်ဖြူတောင်ရွာများတွင် ဒေသခံများက မျှစ်များချိုး၍ ရောင်းချ လျက်ရှိ ပါသည်။ မျှစ်များက ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင်မျှစ်များပေါ်ပြီး ပေါ်စတွင်လက်လီဈေး (၁)ပိဿာ (၄၀၀၀)ကျပ်ရရှိသည်။ မျှစ်များကို မြို့နယ်အတွင်းရောင်းချခြင်းအပြင် ပိုလျှံပါက မျှစ်ချဉ်များကိုစိမ်၍ရောင်းချကြသည်။ မျှစ်များများရရင်၁ပိဿာ (၁၈၀၀)ကျပ်ဈေးရောင်းရသည်။ မျှစ်မှာ ကုန်ကျစရိတ်သက်သာပြီးရင်းနှီး မှုမရှိသောကြောင့် အမြတ်များများရရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ငရုတ်သီးစိမ်းဈေးကွက်အရောင်းသွက်

  ပြည်ငရုတ်သီးစိမ်းဈေးကွက်အတွင်းရောင်းချလျက်ရှိသော ငရုတ်သီးစိမ်းအမျိုးအစားများမှာ ပင်နံသီး၊ ကျောက်စိမ်းသီး၊ စပ်သီး စသည်တို့ဖြစ်ပြီး ပြည်ဒေသတဝိုက်မြို့များဖြစ်သောဇီးအုပ်၊ နတ္တလင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်နှင့်သဲကုန်း၊ ပုတီးကုန်း၊ အင်းမ၊ ဝက်ပုတ်၊ ဆင်မြီးဆွဲ တို့အပါအဝင် ပေါက်ခေါင်းမြို့နယ်မှဝင်ရောက်မှုရှိနေသည်။ ကျောက်စိမ်းသီးနှင့် စပ်သီး တို့မှာ ရက်ခြားပိဿာချိန် (၂၀၀) ခန့်အဝင်ရှိ၍ များပြားကာ ပင်နံငရုတ်သီးမှာ ရက်ခြား ပိဿာ ချိန်(၅၀)ခန့်သာ အဝင်ရှိကြောင်း သိရပါသည်။ ပင်နံငရုတ်မှာ အဝင်နည်း၍ အချို့ရက်များတွင် ရန်ကုန်မြို့ဘက်မှ ပြန်လည်စီးဝင်မှုများ လည်းရှိနေပြီး ပင်နံငရုတ်ဈေးနှုန်းမှာ (၁)ပိဿာလျှင်ကျပ် (၂၂၀၀၀)နှုန်းထိရှိကာ ငရုတ်သီးထဲတွင် ဈေးအမြင့်ဆုံးဖြစ်လျက်ရှိနေသည်။ ကျောက်စိမ်းသီးမှာ တစ်ပိဿာလျှင်ကျပ်(၃၀၀၀)နှုန်းရှိကာ ဈေးချို သဖြင့် အသုံးများလျက်ရှိပြီး စပ်သီးငရုတ်သီးမှာ (၁)ပိဿာလျှင် ကျပ်(၆၀၀၀)နှုန်းရှိသည့်အတွက် အရောင်းအဝယ်မှာ ပင်နံငရုတ်နှင့်ယှဉ်လျှင် အရောင်းအဝယ်မှာပိုမိုဖြစ်လျက်ရှိကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်ကြက်သွန်နီဈေးကွက်ဈေးမြင့်

   ပြည်ဈေးကွက်သို့ ယခုဇူလိုင်လလယ်ခန့်တွင် ကြက်သွန်နီသီးနှံမှာ သိသိသာသာ အဝင်နည်းပြီး ယခင်လတွင် တစ်ရက်လျှင် ပိဿာချိန်(၈၀၀၀)ခန့်အဝင်ရှိခဲ့ရာမှ ယခုတွင်ပိဿာချိန် (၅၀၀၀)ခန့်သာ ဝင်ရောက်မှုရှိတော့ကြောင်းသိရပါသည်။ ကျောက်ပန်းတောင်း၊ ‌တောင်တွင်း၊ ဆိပ်ဖြူ၊ အောင်လံဘက် တို့မှ အဝင်ရှိနေပြီး ဈေးနှုန်းမှာ အဝင်နည်းသဖြင့် လက်ကား ရောလက်လီဈေးမှာ တစ်ပိဿာလျှင် ပျမ်းမျှ ကျပ်(၄၀၀)နှုန်းခန့်မြင့်တက်လျက်ရှိနေပါသည်။ ဈေးနှုန်းမှာ ပြည်မြို့ပွဲရုံများတွင် လက်ကားတစ်ပိဿာလျှင် ကြီး/လတ်/သေးကျပ် (၁၆၀၀/ ၁၅၀၀/ ၁၄၀၀)နှုန်းတို့နှင့် (အသေးဆုံး) အစမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)နှုန်းခန့်ရှိပြီး ဝါဆို အလှူပြုထားသူများမှ ကတ္တားပွဲရုံများသို့ တိုက်ရိုက်ဝယ် ယူမှုများကြောင့် အသေးဆုံးအစမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းလည်းသိရပါသည်။ ကျန်ကြီး/ လတ်/သေး အစများမှာ ပုံမှန်ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များသို့ စီးဆင်းမှုများအပါအဝင် ဝင်ရောက်မှုရဲ့ထက်ဝက်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိ နေကြောင်း သိရပြီး ပြည်မြို့ပေါ်လက်လီဈေးများတွင်လက်လီ တစ်ပိဿာလျှင် ကြီး/လတ်/သေး ကျပ် (၂၁၀၀/၂၀၀၀-၁၉၀၀/၁၈၀၀-၁၇၀၀)နှုန်းတို့ဖြင့်အသီးသီးရောင်းဝယ် လျက်ရှိနေ ကြောင်း သိရပါ သည်။
DOCA(ပဲခူး)

ပုသိမ်မြို့ရဲ့ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

            ရွှေဖရုံသီးကို အချိုချက်ပြုတ်စားသောက်ကြသကဲ့သို့ မိမိနှစ်သက်ရာ အသားတစ်မျိုးမျိုးနှင့် ရောစပ်၍လည်းစားသုံးနိုင်သည်။ အရွက်၊ အပွင့်နှင့် အညွှန့်တို့ကို ကြော်၍သော်လည်းကောင်း၊ ဟင်းချို၊ အသုပ်သုပ်၍အဖြစ်သော်လည်းကောင်း၊ ရေနွေးဖျော၍ အတို့မြှုပ်အဖြစ်သော်လည်းကောင်း စားသုံးနိုင်သည်။ ရွှေဖရုံအစေ့ကို လှော်၍စားသုံးလေ့ရှိကြပြီး ဆားအနည်းငယ်ထည့်၍လှော်ပါက အရသာပို၍ကောင်းကြောင်းသိရသည်။       ရွှေဖရုံသီးတွင် ဗီတာမင်စီအလွန်ကြွယ်ဝသဖြင့် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည်။ မျက်စိမှုန်ခြင်းနှင့် ကြက်မျက်သင့်ရောဂါဝေဒနာရှင်များအတွက် ဗီတာမင်အေအပြည့်အဝပါရှိသော ရွှေဖရုံသီးကိုစားသုံးခြင်းဖြင့် သက်သာစေနိုင်သည်။ မျက်စိကြောင်၍ နာတာရှည်အိပ်မပျော်သူများသည် ရွှေဖရုံသီးဖျော်ရည်ကို ပျားရည်အနည်းငယ်ရောစပ်ကာ သောက်သုံးသင့်ပေသည်။ ရွှေဖရုံစေ့တွင် L- tryptophan ဓာတ်ပါရှိ၍ နှစ်ခြိုက်စွာအိပ်မောကျစေသည်။ ရွှေဖရုံသီးသည် အချိုဓာတ်ပါရှိသော်လည်း သွေးထဲရှိသကြားပမာဏကိုလျှော့ချပေးသည့်အတွက် ဆီးချိုရောဂါရှိသူများလည်းစားပေးသင့်သည်။ ရွှေဖရုံသီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအပြင် ရေဓာတ်အလုံအလောက်ပါရှိ၍ မျက်နှာအတွင်းသားအထိအေးမြစေပြီး ကျန်းမာလှပသောအသား အရေကိုရရှိစေပါသည်။

      ရွှေဖရုံသီးသည် တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြကြောင်းလည်းသိရသည်။ ရွှေဖရုံသီးဈေးနှုန်းမှာ (၁)သားလျှင်(၃၀၀)ကျပ် ထိရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပြည်မန်ကျည်းသီးမှည့်ဈေးကွက်

   ပြည်ဈေးကွက်သို့ မန်ကျည်းမှည့်များ ဖေဖော်ဝါရီလ ဒုတိယပတ်မှ ဝင်ရောက်မှုရှိပြီး ရွှေတောင်၊ ပြည်၊ အနောက်ဘက်ကမ်းပန်းတောင်း၊ ‌ရွှေဘုံသာ၊ မန်ကျည်းစုရွာများ၊ မှော်ဇာ၊ ကုန်းရိုး၊ ဇီးအုပ်စသည့် ရွာများမှ ဝင်ရောက်မှုရှိပြီး ခန့်မှန်းပိဿာ တစ်နေ့လျှင် (၅၀၀)ခန့် ရက်ခြား အဝင်ရှိကြောင်းသိရပြီး ဈေးနှုန်းမှာတစ်ပိဿာလျှင်ကျပ် (၁၂၀၀၀-၁၄၀၀၀) နှုန်းရောင်းချမှုရှိပြီး ယခုဇူလိုင်လတွင် တစ်ပိဿာလျှင် ဈေးနှုန်းမှာကျပ် (၁၈၀၀၀-၂၀၀၀၀)ကျပ်ထိရောင်းချမှုရှိကြောင်း သိရပါသည်။ ယခုလိုဈေးများမြင့်တက်လာရခြင်းမှာ ယခုအချိန်တွင် မန်ကျည်းသီး အစိမ်း ဈေးကွက်တွင် ရောက်ရှိလာ၍ မန်ကျည်းသီးအမှည့်များရှားလာသဖြင့် တစ်ပိဿာလျှင် (၆၀၀၀) ကျပ်ခန့် ဈေးများမြင့်တက်လာကြောင်း သိရပါသည်။
DOCA(ပဲခူး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း