ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

“မိုးကြိုဝါများစတင်ထွက်ရှိ”

 ဝါသီးနှံအား မြန်မာနိုင်ငံတွင် မိုးကြိုရာသီ ၊ မိုးရာသီ နှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုး လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါများ စတင်ထွက်ပေါ်လျှက်ရှိပါ သည်။ယခင်နှစ်တွင် မိုးကြိုဝါအား(၁၀၁၀)ဧက စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင်(၂၁၂၅)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ မိုးကြိုဝါအား ဖေဖော်ဝါရီလ လယ်မှမတ်လအတွင်းစတင်စိုက်ပျိုးပြီး တောင်သူများမှာ Raca နှင့် B 31 မျိုးများကို စိုက်ပျိုးကြ သော်လည်း တောင်သူအများစုမှာ အထွက်နှုန်းကောင်းမွန်ပြီး ပိုးမွှားအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသည့် Raca မျိုးကို  အများဆုံး စိုက်ပျိုးကြပါသည် ။ Racaမျိုးကို အချို့ တောင်သူများက ကုမ္ပဏီထံမှ ဝယ်ယူပြီးစိုက်ပျိုးကြသော်လည်း အချို့မှာ ယခင်နှစ် ဝါသီးနှံပေါ်ချိန်တွင် ဝါကောက်ပြီးမျိုးအဖြစ် ပြန်လည်အသုံးပြုကြပါသည်။ ဝါစိုက်ပျိုးမှုအနေဖြင့် (၁)ဧကလျှင် ပျိုးထုတ်ဝယ်ယူ၍ စိုက်ပျိုးပါက မျိုးစေ့ထုတ် (၂)ထုတ်ကုန်ကြပြီး ယခင်ဝါသီးနှံပေါ်ချိန်၌ ကောက်ယူထားသော မျိုးစေ့အား အသုံးပြုပါက (၅)ပိဿာခန့် ကုန်ကျကြောင်း ၊ မျိုးစေ့ (၁)ထုတ်လျှင် (၅၀၀၀၀/-)ကျပ်နှင့် မျိုးစေ့ (၁)ပိဿာလျှင် (၄၀၀၀/-)ကျပ် ကုန်ကျကြောင်း ၊ မျိုးစေ့ထုတ်ဖြင့် စိုက်ပျိုးပါက (၁) ဧကလျှင် (၁၀၀၀၀၀/-)ကျပ် ကုန်ကျပြီး ဝါကောက်ပြီး ရယူထားသောမျိုးစေ့ စိုက်ပျိုးပါက (၁)ဧကလျှင် (၂၀၀၀၀/-)ကျပ် ကုန်ကျပါသည် ။ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးစေ့၊ သွင်းအားစု၊ နွားရှဉ်းခ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၉၀၀၀၀၀-၁၀၀၀၀၀၀)ကျပ်အထိ ကုန်ကျကြောင်း၊ ဝါထွက်ရှိမှု အနေဖြင့် ယခင်နှစ်တွင် ဝါဖြစ်ထွန်းမှုအပေါ်မူတည်ပြီး (၁)ဧကလျှင် ပိဿာ(၈၀၀-၁၀၀၀)အထိ ထွက်ရှိပြီး ဝါစျေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် စတင်ထွက်ရှိချိန်တွင် (၃၀၀၀-၃၅၀၀)ကျပ် ရရှိ၍ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် ဝါအရည်အသွေးကောင်းပါက (၄၀၀၀/-)ကျပ်အထိ ရရှိခဲ့ကြောင်း ၊ ယခုနှစ်တွင်စတင်ထွက်ပေါ်ချိန်၌ဝါ(၁)ပိဿာလျှင်(၃၀၀၀-၃၅၀၀)ကျပ်စျေးနှုန်းရှိပြီး ဝါသီးနှံလှိုင်လှိုင် ထွက်ပေါ်ချိန်တွင် ယခင်နှစ်ကဲ့သို့ စျေးနှုန်းများမြင့်တက်လာနိုင်ပြီး ဝါစိုက်တောင်သူများအတွက် အကျိုးအမြတ်များဖြစ်ထွန်းလာနိုင်ကြောင်း ဝါကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေး၌ ရောင်းချလျက်ရှိသော ဂျင်း(ချင်း)တက်၊ ဂျင်းပေါက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဂျင်း(ချင်း)တက်များကို ရှမ်းပြည်နယ် အောင်ပန်းမြို့မှလည်းကောင်း၊ မန္တလေးမြို့မှ လည်းကောင်း ဝယ်ယူရကြောင်း၊ ဂျင်း(ချင်း)တက်ကို အစားအသောက်များတွင် အရသာပိုမိုကောင်း မွန်ရန်အတွက် အသုံးပြုကြသလို၊ ဂျင်းပေါက်ပြုလုပ်သည့် လုပ်ငန်းရှင်များကလည်း ဝယ်ယူကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂျင်း (ချင်း)တက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင်(၄၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင် (၅၀၀၀) ကျပ်နှင့် ဂျင်းပေါက်(၁)ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် ဂျင်းပေါက်လက္ကားဈေး တစ်ပိဿာလျှင် (၃၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဂျင်းပေါက်ကို  ဂျင်းသုပ်၊ လက်ဖက်နှင့်ရော၍လည်ကောင်း အခြား အစားအသောက်များနှင့် တွဲဖက်၍လည်းကောင်း အသုံးပြုကြကြောင်း၊ ဂျင်းတက်/ဂျင်းပေါက် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ဒေသထွက် ခဝဲသီးနှင့် ရုံးပတီသီးဈေးနှုန်း ပြန်လည်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ရာသီပေါ်သီးနှံများနှင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုးလျက်ရှိရာ၊  ကန့်ဘလူမြို့နယ်တွင် ရာသီပေါ် ခဝဲသီးနှင့် ရုံးပတီသီးများ စိုက်ပျိုးရောင်းချလျက်ရှိကြောင်း သိရ သည်။

   ကန့်ဘလူမြို့ “မြို့မဈေး”တွင် ရောင်းချနေသည့်  ခဝဲသီးများသည် ကန့်ဘလူမြို့ပေါ်ရပ်ကွက်နှင့် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ လာရောက်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဒေသထွက် ခဝဲသီးဈေးနှုန်းများမှာ လက္ကား(၁) ပိဿာလျှင် (၃၀၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၂၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရုံးပတီသီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် ရုံးပတီသီး(၁)ပိဿာလျှင် (၆၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ ယခုပတ်အတွင်း ခဝဲသီးဈေးနှုန်းနှင့် ရုံးပတီသီးဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း ပြန်လည်မြင့်တက်လာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို မန္တလေးမြို့မှ ဝယ်ယူရ ကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၄၅၀၀မှ ၅၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းချဉ်သီးကို အိမ်ရှင်မများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ ဝယ်ယူအသုံးပြုကြကြောင်း၊ ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ မိသားစုဝင်ငွေရနေသည့် ကောက်ရိုးမှိုစိုက်ပျိုးရေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင်ကောက်ရိုးမှို စိုက်ပျိုးခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း၊ ထိုသို့ကောက်ရိုးမှိုစိုက်ပျိုး ရာတွင် ၆ပေ ၃ပေရှိ မှိုတစ်ဘောင်ကို မှိုမျိုးစေ့ထုတ်(၄)ထုတ်နှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ထုံး အနည်းငယ်၊ ဂျပ်စက္ကူ(၁၀)ပိဿာခန့်၊ ဖွဲနု၊ နွားချေး (၃)အိတ်၊ ဝါး၊ ဗေဒါပင်နှင့် ကောက်ရိုးတို့အသုံး ပြုရကြောင်း သိရသည်။

     ကောက်ရိုးမှိုစိုက်ပျိုးခြင်းဟာ ပထမအဆင့် မှိုဘောင်ပြုလုပ်ရပါတယ်၊ ပြီးရင်တော့ ထုံးအ နည်းငယ်ဖြူးရပါမယ်၊ ထုံးဖြူးပြီး နွားချေးဖြူးရပါတယ်၊ နောက်နုတ်နုတ်စင်းထားတဲ့ ဗေဒါနဲ့ ရေစိမ်ထားတဲ့ ဂျပ်စက္ကူတွေကို ဘောင်ပေါ်မှာ ဖြူးပေးရကြောင်း၊ အဲဒီအပေါ်ကနေ ဖွဲနုနဲ့ မှိုမျိုးစေ့ ကိုရောပြီး ဖြူးပေးရပါတယ်၊ နောက်ပြီး နွားချေးနဲ့ ပြန်ဖုံးပေးပြီး ရေလောင်ပေးရကြောင်း၊ မှိုဘောင်ကို ပေါင်းမိုးပြုလုပ်ပြီး လေလုံအောင် ပလပ်စတစ်အကြည်နဲ့(သို့မဟုတ်) ကောက်ရိုးနဲ့ ဖုံးအုပ်ပေးထားရကြောင်း၊ (၅)ရက်မြောက်တဲ့နေ့မှာတော့ မိနစ်(၂၀)ခန့်အထိကြာအောင် အမိုးကိုဖွင့်ပေးပြီး ပြန်ဖုံးအုပ်ပေးရပါတယ်၊ (၁၀)ရက်မြောက်နေ့မှာတော့ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ဝင်တဲ့ မှိုတွေကို နှုတ်ယူရောင်းချနိုင်ပါကြောင်း၊ ကိုယ့်မိသားစုအတွက်လည်း ဟင်းတစ်ခွက်ဖြစ်တာ ကြောင့်  အိမ်ခြံဝင်းကျယ်ပြီး မြေပိုရှိတဲ့ သူတွေအနေနဲ့ ကောက်ရိုးမှိုကို စီးပွားဖြစ်မဟုတ်တောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသင့်ကြောင်း၊  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့ မဈေးတွင်  ကောက်ရိုးမှိုတစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ်၊ လက်ကားဈေး (၁၄၅၀၀) ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ စိုက်ပျိုးသူ ဦးဝင်းဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်သည့် ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများကို ကန့်ဘလူမြို့ရှိ လက်လီ /လက္ကားဒိုင်များနှင့် မန္တလေးမြို့မှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ကန့်ဘလူမြို့မဈေးတွင် ကြက်ဥအလုံးကြီး(၁)လုံးလျှင် (၄၈၀မှ ၅၀၀)ကျပ်၊ အလုံးသေး (၁)လုံးလျှင် (၄၅၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ဘဲဥ(၁)လုံးလျှင် (၇၀၀) ကျပ်နှင့် ငုံးဥ(၈)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း၊ ကြက်ဥကို မုန့်လုပ်ငန်းများ၊ လဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်း ကြက်ဥလက်လီ /လက္ကားရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ CPကြက်နှင့်ဗမာကြက်သားဈေးနှုန်းများ အနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းမျာ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်သားများကို ကန့်ဘလူမြို့ရှိ လက်လီ/လက္ကားဒိုင်များနှင့် ကျွန်းလှမြို့နယ်အတွင်းမှ ဝင်ရောက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း  ကန့်ဘလူမြို့မဈေး၌ ရောင်းချနေသော ကြက်သားဈေးနှုန်းများမှာ ဒေသကြက်(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ CPကြက်သား(၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်ရင် ပုံသားသန့်(၅၀)ကျပ်သားလျှင် (၁၁၀၀၀)ကျပ်နှင့် ပေါင်သား(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဒေသကြက် (၁)ပိဿာလျှင် (၃၀၀၀)ကျပ်နှင့်  CPကြက်သား(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ကြက်သားများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အကင်ဆိုင်များမှဝယ်ယူကြောင်း၊  ကြက်သားရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကြက်သွန်ဖြူ/နီဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ မုန်လာဥဖြူ၊ မုန်လာထုပ်တို့လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြကြောင်း ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကာဘိုးကျေးရွာနှင့် အခြားကျေးရွာများတွင် မိသားစု စားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် ကြက်သွန်နီများကို စိုက်ပျိုးကြကြောင်း သိရှိ ရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကြက်သွန်နီ အလုံးကြီး(၁)ပိဿာလျှင်(၁၈၀၀)ကျပ်နှင့် အလုံးသေး(၁)ပိဿာလျှင် (၁၅၀၀)ကျပ်၊ မြစ်သားကြက် သွန်နီ(၁)ပိဿာလျှင် (၂၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကြက်သွန်ဖြူဈေးနှုန်းများမှာ ဗမာဖြူတစ်ပိဿာလျှင်(၆၀၀၀မှ ၇၀၀၀)ကျပ်၊ တရုတ်ဖြူတစ်ပိဿာလျှင်(၁၀၀၀၀မှ ၁၄၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ကြက်သွန်ဖြူ/နီဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း၊ ကြက်သွန်နီကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊ အကြော်ဆိုင်များမှလည်းကောင်း၊ ဝယ်ယူအသုံးပြုကြကြောင်း၊ ကြက်သွန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

(၂၂.၇.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၅၀၀ မှ ၃၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိ လည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၂၅၅ မှ ၆၄၅၅ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၅၂၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ ၊ငါးခူတစ်ပိဿာလျှင် ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၄၀၀ မှ ၆၀၀ တို့ဖြင့်အရောင်း အဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)       

ကန့်ဘလူမြို့နယ်၌ ကျောက်ဖရုံ စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိနေ

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကျောက်ဖရုံပင်များ စိုက်ပျိုးရောင်းချပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း၊ ကျောက်ဖရုံပင် စိုက်ပျိုးရာတွင် စင်တင်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ မြေလွှတ်စိုက်ပျိုးခြင်း စသည်ဖြင့်ရှိပြီး စင်တင်စနစ်ဖြင့် အများဆုံး စိုက်ပျိုးကြောင်း ကျောက်ဖရုံပင် စိုက်ပျိုးသူ ဦးမောင်ဝင်း၏ ပြောပြချက်အရ သိရသည်။

      ကျောက်ဖရုံပင်သည် မျိုးစေ့ချပြီး (၅)လခန့်အကြာတွင် စတင်၍ခူးဆွတ်နိုင်ကြောင်း၊ မျိုးစေ့ထုတ်ယူလိုပါက ပန်းပွင့်ပြီး ၆၅ရက်ကျော်မှ ခူးဆွတ်သင့်ကြောင်း၊ ကျောက်ဖရုံသီးသည် တာရှည်အထားခံသည့်အပြင် ဆေးဘက်ဝင်အသီး ဖြစ်သည့်အတွက် အိမ်များတွင်ဆောင်ထားလေ့ ရှိကြောင်း၊ အပင်အမျိုးအစားနှင့် ပြုစုခြင်းပေါ်မူတည်၍ အသီးထွက်နှုန်းကွာခြားလေ့ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း အလုံးကြီးတစ်လုံးလျှင် (၄၅၀၀)ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် (၁)စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း