
ပုသိမ်မြို့တွင်း၌ ယခုလတွင် အုန်းသီးဈေးကွက် အတန်ငယ်တည်ငြိမ်နေပြီး ဈေးနှုန်းများ သင့်တင့်မျှတမှုရှိကြောင်း ဈေးသည်များနှင့် စားသုံးသူများထံမှ သိရသည်။ ဒေသခံ အုန်းသီး စိုက်ပျိုးထုတ်လုပ်သူများအပြင် အနီးတစ်ဝိုက်မှ ကျေးရွာများမှလည်း အုန်းသီးများ ပို့ဆောင် ရောင်းချနေသည်ကို တွေ့ရသည်။
အုန်းသီး ထွက်ရှိတဲ့ ဒေသအချို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေတဲ့ အခြေ အနေတွေကြောင့် ဈေးကွက်ထဲကို အုန်းသီး အဝင်နည်းပြီး ဈေးမြင့်တက် လာတာကြောင့် မြန်မာမုန့် မျိုးစုံ ပြုလုပ်ရောင်းချသူတွေ အခက်တွေ့လာရတယ်လို့ သိရပါတယ်။ "အုန်းသီးက အရင်ကဆို တနင်္သာရီ တိုင်းဘက်ကလည်း အဝင်များပြီး ယခုတွင်လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် ဧရာဝတီတိုင်း တစ်ခုထဲက ထွက်တဲ့ အုန်းသီးပဲ ဈေးကွက်ထဲ ဝင်တော့ ကုန်အဝင် နည်းတာနဲ့ ဈေးကအရင်ထက် အဆမတန်မြင့်သွားတယ်"လို့ ဧရာဝတီတိုင်းမှ အုန်းသီးအရောင်း ဝယ်ပြုလုပ်သူ တစ်ဦးကပြောပါတယ်။
အုန်းသီးထွက်ရှိတဲ့ ဧရာဝတီတိုင်းအတွင်း လက်ကားဈေးမှာတင် တစ်လုံး ကို ၂၀၀၀ ကျပ် ဝန်းကျင်ရှိနေပြီး ရန်ကုန်ဈေးကွက်တွင် ၃၀၀၀ ကျပ် ဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။ မြန်မာမုန့်အများစုမှာ အုန်းသီးက မပါမဖြစ် အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။အခုလို အုန်းသီး ဈေးတွေကြီးလာတဲ့အတွက် မြန်မာမုန့်ရောင်းသူအချို့ မုန့်လုပ် ရောင်းချတာတွေ ရပ်နား ထားရတယ်လို့ဆိုပါတယ်။ "အုန်းသီးဈေး တွေကတက် တခြားသကြား၊ ထန်းလျက်ဈေးကလည်း တက်လာတယ် ပြန်ရောင်းတဲ့ အခါ ဈေးတအားများရင်လည်း မစားကြတော့ဘူး လုပ်ထားလို့ ရောင်းမကုန်ရင်လည်း အရင်းရှုံးမှာဆိုတော့ မုန့်ရောင်းတာ ခဏ ရပ်ထားရတယ် "လို့ ရန်ကုန်က မြန်မာမုန့်လုပ် ရောင်းသူ တစ်ဦးကပြောပါတယ်။
အုန်းသီးပင်က မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းဒေသများ၊ မြစ်ဝကျွန်း ပေါ်ဒေသများ အပြင်၊ အောက်ပြည် အောက်ရွာများ၌ သာမက မြေလတ်နှင့် အညာဒေသမှာလည်း ပေါက်ရောက် ပေမဲ့ အုန်းပင်ရှားပါးလာတာကလည်း ဈေးမြင့်တက်လာစေတဲ့ အကြောင်းအရင်းတခု ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်က အုန်းသီး အခွံချွတ်တစ်လုံးကို ဧရာဝတီတိုင်းအတွင်း လက်ကားဈေးမှာ ၁၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး ငါးနှစ်ကာလအတွင်းမှာ အုန်းသီးဈေးစံချိန်တင် မြင့်တတ်လာတယ်လို့ အုန်းသီး အရောင်းဝယ်ပြုလုပ်သူတွေထံက သိရပါတယ်။
DOCA (ဧရာဝတီ)