ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကျောက်ဖရုံယိုများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများအတွင်း ကုန်မျိုးစုံ ရောင်းချသည့်ဆိုင်များတွင် ဖြစ်ပေါ်နေသော ကျောက်ဖရုံယို ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၃၀၀၀)ကျပ်ဈေးနှုန်း တို့ဖြင့်လည်းကောင်း၊ ချစ်တီးမုန့် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၉၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှ မြို့ ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များ ထံမှ သတင်း ရရှိပါသည်။
DOCA(စစ်ကိုင်း)