ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်ပဲမျိုးစုံဈေးကွက်ရှိ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူမြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၁၅၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၈၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသောကြောင့်  ယခုပတ်အတွင်း မတ်ပဲနှင့် ပဲတီစိမ်းဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များ ထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်းအနည်းငယ်ကျဆင်း

   စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၈၇၅၀၀)ကျပ်၊ အညံ့(၁)တင်းလျှင်(၈၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲလွန်းဖြူ(၁)တင်းလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီး နှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

                                     

 

                                     

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီနှင့်ထောပတ်ပဲဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

     ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၉၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၂၅၀၀)ကျပ်၊ အညံ့(၁)တင်းလျှင် (၁၂၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲနှင့် ပဲနီသီးနှံဈေးနှုန်းများ မြင့်တက်လာကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ ပဲဇီးကွက်သီးနှံဈေးနှုန်းကျဆင်းလျက်ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၈၉၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၈၈၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်တစ်တင်းလျှင် (၇၅၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                               

ကျွန်းလှမြို့နယ်ပဲမျိုးစုံဈေးကွက်၌ ပဲစဉ်းငုံဈေးနှုန်းအနည်းငယ်ကျဆင်း

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်း လျှင် (၇၉၅၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်း ဆက်လက်ကျဆင်းနေကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ဆီထွက်သီးနှံဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူမြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

 နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၇၅၀၀)ကျပ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင် (၂၁၉၅၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၂၀၃၀၀၀)ကျပ်တို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံလုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူဒေသ၏ ရာသီစာ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကို ရောင်းချလျက်ရှိရာ ယခုလိုမိုးရာသီချိန်တွင် သဘာဝဟင်းသီးဟင်းရွက်များ ပေါများစွာပေါက်ရောက်ကြပြီး ရာသီစာ ဟင်းကြွက်နား တောင်းရွက်နှင့် ငါးရံ့ပတူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသည့်  ဟင်းကြွက်နားတောင်းရွက် အစိမ်း(၁)ပုံလျှင် (၃၀၀)ကျပ်၊ (၂)ပုံလျှင် (၅၀၀)ကျပ်၊ ဟင်းကြွက်နား တောင်းရွက်အပြုတ် (၁)လုံးလျှင် (၀၀)ကျပ်ဖြင့်လည်းကောင်း၊ ငါးရံ့ပတူရွက်အစိမ်း(၁)ပုံလျှင် (၃၀၀)ကျပ်၊ ငါးရံ့ပတူရွက်အပြုတ် တစ်လုံးလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်တို့ကိုပြုတ်၍ ငါးပိရည်နှင့်ပဲစားစား၊ မြေပဲ လှော်ထောင်းနှင့် သုပ်၍ပဲစားစား ခံတွင်းမြိန်စေသည့် သဘာဝအစားအစာ တစ်မျိုးဖြစ်သည့် အတွက် လူကြိုက်များကာ အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

DOCA(စစ်ကိုင်း)

 

                                                                                                                          

      

 

 

ကျွန်းလှမြို့နယ်ပဲမျိုးစုံဈေးကွက်၌ ကုလားပဲဈေးနှုန်းကျဆင်းနေ

    စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး စပါး၊ ဆီထွက်သီးနှံ၊ ပဲ၊ ပြောင်းများအပြင် စိုက်ပျိုးတောင်သူများသည် ကုလားပဲသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရှိရသည်။

    ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်း လျှင် (၇၃၀၀၀)ကျပ်၊ ကုလားပဲ(929)(၁)တင်းလျှင်(၇၆၅၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင် (၈၀၀၀၀)ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင် (၈၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခုပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၃၅၀၀)ကျပ်၊ (929)(၁)တင်း(၄၀၀၀) ကျပ်(V2)(၁)တင်းလျှင် (၂၅၀၀)ကျပ်နှင့် (V7)(၁)တင်းလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွား ကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသော ကုလားပဲများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့နယ်သီးနှံဈေးကွက်၌ ကြက်ဆူစေ့ဈေးနှုန်း အနည်းငယ်ကျဆင်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး  သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကြက်ဆူစေ့သီးနှံကို စိုက်ပျိုးထားရှိကြောင်း၊ ၊ ကြက်ဆူစေ့သီးနှံကို ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသော ကျေးရွာများတွင် စိုက်ပျိုးကြကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဈေးနှုန်းမှာ ကြက်ဆူစေ့တစ်တင်းလျှင် (၄၆၅၀၀) ကျပ်၊ ကြက်ဆူစေ့ညံ့လျှင်(၄၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုပတ်အတွင်း ကြက်ဆူစေ့(၁)တင်းလျှင် (၅၀၀)ကျပ်ကျဆင်းသွားကြောင်း၊ ကြက်ဆူသီနှံကို သီးညှပ်အနေဖြင့်လည်းကောင်း၊ ယာခင်းဘေး၌လည်းကောင်း၊ စိုက်ပျိုး၍ရသောကြောင့် မြေနေရာ သီးသန့်မလိုကြောင်း၊ ကျွန်းလှမြို့နယ်မှထွက်ရှိသော ကြက်ဆူစေ့သီးနှံကို မန္တလေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ဒေသတွင်းသီးနှံ ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်သခွားမွှေးသီးနှင့် စပျစ်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီးတို့ကို  မန္တလေးမြို့နှင့် မြစ်ကြီးနားမြို့တို့မှမှာယူ ရောင်းချလျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့သစ်သီးဈေးကွက်၌ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၀၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင် (၄၀၀၀)ကျပ်နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင် (၃၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးမျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း

)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း