
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ သတ်မှတ်ရည်ညွှန်း ဈေးများအား အပတ်စဉ် သောကြာနေ့တိုင်းထုတ်ပြန် လျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့၏ စက်သုံးဆီအရောင်းဆိုင်များမှာ ပုံမှန်အတိုင်းဖွင့်လှစ် ရောင်းချ လျက်ရှိကြောင်း၊၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance ဓါတ်ဆီ (၃၀၄၅) ကျပ်၊ 95 Octance ဓါတ်ဆီ (၃၁၀၅ ) ကျပ်၊ ရိုးရိုးဒီဇယ် ( ၂၈၂၀) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၀) ကျပ်ဖြင့်ရောင်းချကြောင်းသိရှိရသည်။ ယခင်လဖြစ်သောဇွန်လ စတုတ္ထပတ် စက်သုံးဆီ တစ်လီတာဈေးနှုန်းများမှာ 92 Octance ဓါတ်ဆီ (၃၂၅၅)ကျပ်၊ 95 Octance ဓါတ်ဆီ (၃၃၂၅) ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၄၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၅၀၀)ကျပ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။ ကာလတူနှိုင်းယှဉ်ပါကဇူလိုင်လ စတုတ္ထပတ်တွင် စက်သုံးဆီ တစ်လီတာလျှင် 92 Octance ဓါတ်ဆီ (၂၁၀) ကျပ်၊ 95 Octance ဓါတ်ဆီ (၂၂၀) ကျပ်၊ ရိုးရိုးဒီဇယ် (၂၅) ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၀) ကျပ်ဈေးနှုန်းများ ကျဆင်းခဲ့ကြောင်း စက်သုံးဆီများကို အများပြည်သူများအား နေ့စဉ် ရောင်းချပေးလျက် ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)