
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်းရောင်းချနေသော ဂေါ်ရခါးညွှန့်နှင့် ဂေါ်ရခါးသီးများကို ရှမ်းပြည်နယ် ကလော၊ ပင်းတယ၊ ပင်လောင်း စသည့်ဒေသများမှ ဝင်ရောက်လာသည့် ဂေါ်ရခါးညွှန့်များ အရောင်းအဝယ်ကောင်းနေကြောင်း သိရှိရပါသည်။
ယခုဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးညွှန့်ဈေးနှုန်းမှာ ဂေါ်ရခါးရွက် (၁၀)ကျပ် သားလျှင် ၁၂၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဈေးကွက် ဂေါ်ရခါးသီးများကို ယခု ဩဂုတ်လအတွင်း ဖြစ်ပေါ်နေသော ဂေါ်ရခါးသီးဈေးနှုန်းမှာ ဂေါ်ရခါးသီးအကြီး (၁)လုံး လျှင်(၁၂၀၀)ကျပ်၊ အသေး (၁) လုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)