ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြို့မဈေးတွင် ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

    ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဟင်းသီး ဟင်းရွက်အပင်များကိုစိုက်ပျိုးကြကြောင်း၊ ထိုဟင်းသီးဟင်းရွက်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း နံနံပင်(၁)စည်းလျှင် (၂၅၀)ကျပ်၊ နံနံပင်(၂)စည်းလျှင် (၅၀၀)ကျပ်နှင့် နံနံပင်(၄)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ စတုတ္ထပတ်အတွင်း ပင်စိမ်းရွက် (၁)စည်းလျှင် (၃၀၀)ကျပ်၊ (၂)စည်းလျှင် (၅၀၀)ကျပ်နှင့်ပင်စိမ်းရွက်(၅)စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ စတုတ္ထပတ်အတွင်း ဖက်ဖယ်ရွက်(၁)စည်းလျှင်(၂၅၀)ကျပ်နှင့် ပူစီနံနံရွက်(၁)စည်းလျှင် (၂၀၀)ကျပ်၊ (၃)စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပဲ၊နှမ်းကုန်စည်ဒိုင် အရောင်းအဝယ်ဖြစ်မှုအခြေအနေနှင့် ဈေးနှုန်းဈေးကွက်

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ရွှေဘိုခရိုင် ဦးစီး မှူးရုံးအနေဖြင့် ရွှေဘိုမြို့ရှိ ပဲပွဲစားများကထိန်တော်အသင်း ပဲ၊နှမ်းကုန်စည်ဒိုင်၏ သီးနှံ အမျိုး အစားအလိုက် အရောင်းအဝယ်ဖြစ်မှုနှင့်ဈေးနှုန်းဈေးကွက် အခြေအနေများအား ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများဖြင့် ဆက်သွယ်မေးမြန်း၍  အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိပါသည်။

    ပဲ၊နှမ်းကုန်စည်ဒိုင်အနေဖြင့် ၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင် (၁၂၅၀၀၀)ကျပ် ပေါက်ဈေးဖြင့်  (၇၂၀၀)တင်း ၊တန်အားဖြင့် (၂၃၅)တန် ၊ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၈၅၃၀၀)ကျပ် ပေါက်ဈေးဖြင့် (၃၆၀၀)တင်း၊တန်အားဖြင့် (၁၁၈)တန် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ပဲ၊နှမ်းဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း  ပဲပွဲစားများ ကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူ တစ်ဦးထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်၌ မုံရွာမြို့တွင် ရောင်းချနေသော ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့် သံချောင်းဈေးနှုန်းများ

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ မုံရွာမြို့တွင် ရောင်းချနေသော အိမ်ဆောက်ပစ္စည်းသုံး ဘိလပ်မြေနှင့် သံချောင်း ဈေးနှုန်းများအနေဖြင့် အပါချီတံဆိပ် ဘိလပ်မြေ တစ်အိတ်လျှင် ( ၂၄၅၀၀)ကျပ်၊ Crown တံဆိပ် ဘိလပ်မြေ တစ်အိတ်လျှင်(၂၅၀၀၀)ကျပ်၊ အာမို ( ၁၅း၁၅း ၁၅) တစ်အိတ်လျှင် (၁၉၅၀၀၀)ကျပ်၊ နိုက်ထရိုဖော်စကာတစ်အိတ်လျှင် ( ၂၀၅၀၀၀)ကျပ်၊  ပန်ဖူး တစ်အိတ်လျှင် (၁၃၀၀၀၀)ကျပ်၊ ၃မူးသံချောင်း( ၁ ) တန်လျှင် ( ၁၆၅၀၀၀၀)ကျပ်၊ ၅မူး သံချောင်း ( ၁ )တန်လျှင် ( ၁၅၅၀၀၀၀)ကျပ်၊ ၆မူးသံချောင်း( ၁ ) တန်လျှင် ( ၁၉၀၀၀၀၀)ဖြင့် ရောင်းချ လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော အသီးအရွက်ဈေးနှုန်းများ

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ ဗန္ဓုလဈေး၊ သာစည်ဈေး၊ ပြည်ထောင်စု ဈေးနှင့်  ဝန်ထမ်း အိမ်ရာရှိ နန္ဒဝန် ဈေးသစ်တို့တွင် ရောင်းချနေသော အသီးအရွက် ဈေးနှုန်းများအနေဖြင့် ခါကြက်ဥ (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်၊ ချဉ်ပေါင်ရွက် ( ၂) စည်းလျှင် ( ၃၀၀)ကျပ်၊ ရာသီစာ ဥသျှစ်ရွက် ( ၁ )ပုံလျှင် ( ၅၀၀)ကျပ်၊ မန်းကျည်းရွက် ( ၁)ပုံလျှင် ( ၅၀၀) ကျပ်၊ ဟင်းနုနွယ် (၁၀)ကျပ်သားလျှင် ( ၆၀၀)ကျပ်၊ ဒညင်းသီး ( ၁ ) လုံး ( ၁၀၀)ကျပ်၊ တောကြက်ဟင်းခါးသီး ( ၁ )ဘူးလျှင် ( ၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။  

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၅၀၀)ကျပ်၊  ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။

   စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၇၁၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၅၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။

    ကြက်သွန်နီ တစ်ပိဿာလျင် ၁၂၀၀ကျပ်မှ ၁၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၄၅၀၀ကျပ်မှ ၅၅၀၀ကျပ်ထိ ၊ကုလားပဲ တစ်ပိဿာ ၈၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

          ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၀၀ကျပ်၊ (သေး) တစ်လုံး ၄၃၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမုတ် တစ်ပိဿာ ၁၀၀၀၀ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၅၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင်ရောင်းချနေသော ဩဇာသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးများရောင်းချလျက်ရှိ ပါသည်။ဩဇာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါ ဆေးဖက်ဝင်သော အပင် ဖြစ်သည်။ဩဇာသီးပင်များကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့်နတ်ပေးကျေးရွာ၊နတ်အင်းကျေး ရွာတို့မှမိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီးလာရောက် ရောင်းချကြကြောင်း၊၂၀၂၅ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချရပြီး အရွယ်သေးအလုံးသေး(၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချရကြောင်း ဩဇာသီးရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စားသုံးဆီဈေးနှုန်းအခြေအနေ

 

          စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်း တင်ပြလျက်ရှိရာ ဇူလိုင်လ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှ သိရသည်။

          ရွှေဘိုမြို့ပေါ်တွင် စားသုံးဆီ လက်လီ/လက်ကား ရောင်းချသောဆိုင် (၁၅)ဆိုင်ရှိပြီး ဇူလိုင်လ တတိယပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၄၀၀)ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခု ဇူလိုင်လ စတုတ္ထပတ်တွင် စားအုန်းဆီ တစ်ပိဿာ (၇၁၀၀) ကျပ်၊ ပဲဆီသန့် တစ်ပိဿာ (၁၇၅၀၀)ကျပ်၊ နှမ်းဆီသန့်တစ်ပိဿာ (၁၆၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေသဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၃၀၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ပဲဆီသန့်နှင့် နှမ်းဆီသန့် ဈေးနှုန်းများမှာ ယခင်ပတ်နည်းတူ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီ လက်ကား အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

ဒေသထွက် ပေါက်ပေါက်ဆုပ်၊ ဇီး/အုန်းထန်းလျက်နှင့် စာကလေးခွေကြော်

    မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ ဝန်ထမ်းအိမ်ရာဈေးသစ်တွင် အသား/ငါး၊ ဟင်းသီးဟင်းရွက်နှင့် ဒေသထွက်ကုန်များကို ခင်းကျင်းရောင်းချလျက်ရှိရာ အညာဒေသထွက် အစားအစာများဖြစ်သည့် ထန်းလျက်၊ ပေါက်ပေါက်ဆုပ်နှင့် စာကလေးခွေကြော်များ ရောင်းချလျက်ရှိပါသည်။ ထန်းလျက်ကို အုန်း၊ ဇီး ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်၍ ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ထန်းလျက်ဈေးနှုန်းများအနေဖြင့် ထန်းလျက်(ဖြူသန့်) (၁) ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ ဇီးထန်းလျက် ( ၁) ပိဿာလျှင် ( ၁၂၀၀၀)ကျပ်၊ အုန်းထန်းလျက် ( ၁) ပိဿာလျှင် (၁၅၀၀၀ ) ကျပ် တို့ဖြင့်လည်းကောင်း၊ ပေါက်ပေါက်ဆုပ်( နုဆုပ်) ( ၁ )ပိဿာလျှင် (၁၃၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ စာကလေးခွေကြော် ( ၈)ခွေပါ တစ်ထုပ်လျှင် ( ၁၀၀၀)ကျပ်ဖြင့်လည်းကောင်း ရောင်းချကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဇူလိုင်လ စတုတ္ထပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

   မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။

     ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန် ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဇူလိုင်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၁၀၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၆၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၃၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၄၇၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၇၅)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၃၅)ကျပ် ၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၈၅၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၅၀၀)ကျပ်ဖြင့် ရောင်းချ နေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၀)ကျပ် ဈေးနှုန်းကျဆင်းခဲ့ပြီး၊ ဒီဇယ် (ရိုးရိုး) တစ်လီတာ လျှင်(၂၀)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၂၅)ကျပ် ဈေးနှုန်း မြင့်တက်လျက်ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

 

ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ငှက်ပျောသီးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ သာစည်ဈေး၊ ဗန္ဓုလဈေး၊ ပြည်ထောင်စုဈေး၊ မန်းကျည်းပင်ဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ဒေသထွက် ငှက်ပျောနှင့် အခြား ဒေသများမှ ငှက်ပျောသီးများကို ရောင်းချလျက်ရှိရာ  ၂၀၂၅ခုနှစ် ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ် နေသော ငှက်ပျောသီး ဈေးနှုန်းများမှာ ဌက်ပျောချဉ်/ ရခိုင် ငှက်ပျော( ၁ )ဖီးလျှင် ( ၂၀၀၀)ကျပ်၊ ငှက်ပျောဖီးနု အလုံးလှ ( ၁ ) ဖီးလျှင် ( ၃၀၀၀)ကျပ်၊ ငှက်ပျော ဖီးကြမ်း( ၁ )ဖီးလျှင် ( ၂၅၀၀) ကျပ်ဖြင့်လည်းကောင်း ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း