ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မိတ္ထီလာမြို့နယ်၌ မိုးပဲတီစိမ်း စတင်ပေါ်ချိန်ဈေးကောင်းရ

   မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ် သည့် ပဲတီစိမ်းကို မိတ္ထီလာမြို့နယ်ရှိ ခြောက်ပင်၊အင်လူး၊မောက်လောက်၊ ရှမ်းရွာ၊တောကင်း၊ ဇီးပင်တွင်း ကျေးရွာများ၌အများဆုံးစိုက်ပျိုးကြကြောင်း၊ မိတ္ထီလာမြို့နယ်တွင် မိုးပဲတီစိမ်း စိုက်ဧက (၁၈၆၇၅  )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

   မိုးပဲတီစိမ်းကို မေလဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဇူလိုင်လဒုတိယပတ် မိုးပဲတီစိမ်းများစတင် ပေါ်၍ စက်တင်ဘာလအထိခူးဆွတ်ရကြောင်း၊ ပဲတီစိမ်းကို သီးသန့်စိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးအဖြစ်လည်းစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ် (၂)သိန်း ခန့်ကုန်ကျကြောင်း၊  ယခုနှစ်အထွက်နှုန်း မှာ တစ်ဧကလျှင်(၁၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများမှ တစ်ဆင့်မန္တလေးမြို့သို့တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင်မိုးဦီးကောင်း၍  မိုးပဲတီစိမ်း အထွက် နှုန်းကောင်းမွန်ပြီး ယခင်နှစ်ရာသီပေါ်ချိန်ထက်ဈေးကောင်းရရှိသဖြင့် တောင်သူများ အကျိုးအမြတ် များစွာရရှိ ကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦီးထံမှ သိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်အတွင်း ပဲတီစိမ်းဈေးမြှင့်တက်လျက်ရှိ

   ရမည်းသင်းခရိုင်၊ပျော်ဘွယ်ဈေးကွက်၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဥသျှစ်ပင်၊မိုးကောင်း၊ တောင်နီကျေးရွာများမှ  ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ်သည့် မိုးပဲတီစိမ်းများလှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ပျော်ဘွယ်မြို့ဈေးကွက်တွင် ပွဲရုံများ၌နေ့စဉ် ပဲတီစိမ်းအိတ်(၁၀၀)မှ (၁၅၀) အထိဝင်ရောက် လျက်ရှိကြောင်း၊ ယခုနှစ်ဇူလိုင်လစတုတ္ထပတ်တွင် ပဲတီစိမ်းတစ်တင်းလျှင် (၁၂၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်နှစ်နှင့်ကာလတူနှိုင်းယှဉ်လျှင်  ပဲတီစိမ်း တစ်တင်းလျှင် (၅၇၀၀၀)ထိဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ အထွက်နည်းပြီး ပြည်ပ အဝယ်လိုက်ခြင်းကြောင့်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများမှ တစ်ဆင့် မန္တလေးမြို့သို့တင်ပို့ရောင်းချကြကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဈေးကွက်အတွင်း ပဲဖတ်၊နှမ်းဖတ်ဈေးများကျဆင်းလျက်ရှိ

မိတ္ထီလာမြို့နယ်၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် သီးနှံမျိုးစုံစိုက်ပျိုးကြသည့်အနက် ဆီထွက် သီးနှံများမှ ထွက်ရှိသည့် ပဲဖတ်၊နှမ်းဖတ်များကို ဒေသတွင်းမွေးမြူသည့် နွား၊ဝက် အစရှိသည့် မွေးမြူရေးလုပ်ငန်းများ၌ တိရိစ္ဆာန်အစာအဖြစ်အသုံးပြုကြပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချကြ ပါသည်။

မိတ္ထီလာဈေးကွက်တွင် ဇူလိုင်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော ပဲဖတ်နှမ်းဖတ်ဈေးနှုန်းများမှာ ပဲဖတ်တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊နှမ်းဖတ်တစ်ပိဿာလျှင်(၃၀၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင်၌ပဲဖတ်တစ်ပိဿာလျှင် (၅၀၀)ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင်( ၁၀၀၀ )ကျပ်ခန့်ဈေးနှုန်းကျဆင်းလာကြောင်း၊ဈေးနှုန်းကျဆင်းလာရခြင်းမှ ပြည်ပမှ တိရိစ္ဆာန်အစာ ပဲပုတ်ဖတ်များဈေးကွက်အတွင်း အများအပြားဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦီးမှ သိရပါသည်။

DOCA(မန္တလေး)

တစ်နိုင်တပိုင် ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းများတွင်ကျယ်လာ

   မိတ္ထီလာမြို့နယ်ရှိ ကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိစေရန် တောင်သူလုပ်ငန်းများတွင် အသုံး ပြုရန် ဝါးဖြင့်ပြုလုပ်သော တောင်း၊ ဇကော၊ ဇကာများယက်လုပ်ကြသည့်အပြင် တစ်နိုင်တပိုင် ပလပ် စတစ်ခြင်း၊ တောင်းယက်လုပ်ခြင်းလုပ်ငန်းများကို ယခင်ကအနည်းငယ်သာရှိခဲ့သော်လည်း ယခုအခါ ပလပ်စတစ်ခြင်း၊ တောင်းယက်လုပ်ခြင်းလုပ်ငန်းများတွင်ကျယ်လာစွာလုပ်ကိုင်လာကြပါသည်။

   ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းသည် အသက်မွေးဝမ်းကျောင်း လက်မှုပညာ တစ်မျိုးဖြစ်၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများကလည်း သင်တန်းများပို့ချပေးခြင်းကို မိတ္ထီလာ မြို့သစ်၊ အိုင့်ကျေးရွာတို့တွင် ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်သူ( ၁၀ )ဦီးရှိ ကြောင်း၊ လိုအပ်သောကုန်ကြမ်းကို မန္တလေးမြို့မှဝယ်ယူရကြောင်း  ပလပ်စတစ်ကြိုးခွေ တစ်ခွေလျှင် (၄၅၀၀၀)ကျပ်ဝယ်ယူရကြောင်း၊ကိုင်းပြုလုပ်ရသည့်ပလပ်စတစ်အမာ တစ်ပိဿာလျှင်(၅၀၀၀) ကျပ်ရှိ ကြောင်း၊ (၃) ပိဿာကြိုးခွေ(၄)ခွေယက်လုပ်လျှင် ခြင်းတောင်းဆိုဒ် ကြီး/လတ်/သေး အလုံး(၆၀) ခန့်ရရှိကြောင်း၊ ခြင်းတောင်းအကြီးတစ်လုံးလျှင်(၈၀၀၀)ကျပ်၊ ခြင်းတောင်းအလတ်တစ်လုံးလျှင်    ( ၇၅၀၀ )ကျပ်၊ အသေးတစ်လုံးလျှင်( ၆၀၀၀-၆၅၀၀  )ကျပ်ရောင်းချရ ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့သို့‌တင်ပို့ရောင်းချကြကြောင်း၊ ပလပ်စတစ်ခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းသည် မိသားစုအပိုဝင်ငွေရရှိသည့်အပြင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာ ရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

ဝမ်းတွင်းမြို့နယ်ထွက် စပါး/ဆန်ဈေးနှုန်း

မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်သည် စပါးအများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် နွေစပါးကို ဇွန်လတွင် စတင်ရိတ်သိမ်းကြောင်းသိရသည်။ နွေစပါးအနေနှင့် သက်တမ်းတိုသော ရွှေသွယ်ရင်၊ ရက် (၉၀) မျိုးများကို စိုက်ပျိုးရာ လက်ရှိပေါက်ဈေးအနေနှင့် နွေစပါး အသစ် တစ်တင်းလျှင် (၁၆၀၀၀) ကျပ်၊ ဇန်နဝါရီလက ထွက်ရှိခဲ့သော မိုးစပါးတစ်တင်းလျှင် မနောသုခ မှာ (၂၂၀၀၀) ကျပ်၊ ပဒေသာမှာ (၃၂၀၀၀) ကျပ် ဈေးရှိကြောင်း သိရသည်။ ဆန်ဈေးနှုန်းအနေဖြင့် နွေဆန်အသစ်မှာ (၆၅၀၀၀) ကျပ်၊ မိုးဆန်မှာ မနောသုခတစ်အိတ်လျှင် (၈၃၀၀၀) ကျပ်၊ ပဒေသာဆန်မှာ တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ် ဈေးရှိကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးကို မတ်၊ ဧပြီလများ၌ စိုက်ပျိုးပြီး၊ ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းလေ့ ရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ဧကမှာ (၃၂၉၉) ဧက စိုက်ပျိုးခဲ့ရာ ရိတ်သိမ်းပြီး စီးမှုအရ တစ်ဧကလျှင် (၉၃-၉၇) တင်း ထွက်ရှိကြောင်း သိရ သည်။

DOCA(မန္တလေး)

 

မိတ္ထီလာခရိုင် နွေစပါးစိုက်ပျိုးမှုအပေါ် ရိတ်သိမ်းမှု

မိတ္ထီလာခရိုင်အတွင်း နွေစပါးကို မိတ္ထီလာမြို့နယ်တွင် (၇၀၀) ဧက၊ မလှိုင်မြို့နယ်တွင် (၁၆၉) ဧက၊ သာစည်မြို့နယ်တွင် (၆၉၅) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၃၂၉၉) ဧက၊ စုစုပေါင်း (၄၈၇၁) ဧက စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးကို မတ်လ၊ ဧပြီလများ တွင် စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းရာ ဇွန်လကုန်အထိ မိတ္ထီလာမြို့နယ်တွင် (၁၅) ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၈၆.၇၃) တင်း၊ ဝမ်းတွင်းမြို့နယ်တွင်(၆၅) ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၉၃.၉၇) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

          နွေစပါးကို ဆည်ရေ၊ ကန်ရေရရှိသော စိုက်ဧကများတွင်သာ စိုက်ပျိုးနိုင်သဖြင့် စိုက်ပျိုးမှုနည်း ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း နွေစပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်တွင် ယခုနှစ် ကင်းတားဆည်ဘောင်ပြုပြင်နေဆဲဖြစ်၍ ရေပေးဝေနိုင်သည့် ဧရိယာနည်းခြင်းကြောင့် စိုက်ပျိုးမှု နည်း ရာ ယခင်နှစ်စိုက်ဧက၏ ထက်ဝက်ခန့်လျော့နည်းခဲ့သော်လည်း ယခုနှစ်မေလက ရွာသွန်းခဲ့သော မိုး ကြောင့် အထွက်နှုန်းကောင်းကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။

          မိတ္ထီလာခရိုင် နွေစပါးတစ်ဧက အထွက်နှုန်းမှာ ယခုနှစ် စိုက်ပျိုးရာသီအတွက် ရိတ်သိမ်းပြီး အခြေအနေမှာ (၉၂.၆၁) တင်း ထွက်ရှိပြီး ယခင်နှစ်ကာလတူ၌ (၈၂.၃၀) တင်း ထွက်ရှိခဲ့ကြောင်း မြေ စာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

DOCA(မန္တလေး)

သာစည်မြို့နယ်ရှိ ဆန် ဈေးနှုန်း၊ ဈေးကွက်

   မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ဆန်ဈေးကွက်တွင် ဇူလိုင်လ တတိယပတ်၌ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၆၇၀၀၀) ကျပ်၊ ပဒေသာတစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ မနောသုခ တစ်အိတ်လျှင် (သစ်) (၇၀၀၀၀) ကျပ်၊ အနောသုခ (ဟ) တစ်အိတ်လျှင် (၈၂၀၀၀) ကျပ်၊ ရက် (၉၀)  တစ်အိတ်လျှင် (သစ်) (၆၅၀၀၀) ကျပ်၊ ရက် (၉၀) (ဟ) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ သုခထွန်းတစ်အိတ်လျှင် (၇၀၀၀၀) ကျပ် ဈေးရှိပြီး ဇွန်လကုန်နှင့် နှိုင်းယှဉ်ပါက ရွှေ ဘိုပေါ်ဆန်းမှာ ကားသယ်ခနှုန်းထားမြင့်လာခြင်းကြောင့် ဈေးပိုလာပြီး ကုန်အမျိုးအစားများ ဈေးငြိမ် နေကြောင်း ဈေးကွက်မှ သိရသည်။

   သာစည်မြို့နယ်အတွင်း ရောင်းချနေသော ဆန်များမှာ ရွှေဘိုပေါ်ဆန်းမှာ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဒေသာမှာ ကျောက်ဆည်မြို့၊ မနောသုခကို ဒေသထွက်ဆန်နှင့် ပဲခူးတိုင်းဒေသကြီးမှလည်း ကောင်း ဝယ်ယူ၍ သာစည်မြို့ပေါ်နှင့် ကျေးရွာများသို့‌ ရောင်းချရကြောင်း သိရသည်။

DOCA(မန္တလေး)

ငါးရံ့ခြောက်နှင့် ဆည်ပုဇွန်ခြောက်ဈေးနှုန်းဈေးကွက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက် ကုန်ပစ္စည်းဖြစ်သော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းရှိဆည်များမှ ဝင်ရောက်လျက်ရှိပြီး ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို ဒေသထွက်ကုန်တစ်ခုအနေဖြင့်ထုတ်လုပ် ရောင်းချလျက်ရှိပါသည်။ ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်များကို အသိမိတ်ဆွေများအားလက် ဆောင်ပေးခြင်းအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်းဝယ် ယူကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရောင်းချလျက်ရှိသော ငါးရံ့ခြောက်နှင့် ပုဇွန်ခြောက်ဈေးနှုန်းများမှာ ငါးရံ့ခြောက်(၁)ပိဿာလျှင်(၆၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၅၀၀၀)ကျပ်နှင့် ပုဇွန်ခြောက်အသေး (၁)ဘူးလျှင်(၃၅၀၀) ကျပ်၊(၁)ပြည်လျှင်(၂၈၀၀၀)ကျပ်နှင့် ပုဇွန်ခြောက်အကြီး(၁)ဘူးလျှင်(၅၀၀၀)ကျပ်၊ (၁)ပြည်လျှင် (၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းရှင်ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၌ ရောင်းချနေသော ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်ဈေးနှုန်း

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်းစိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကျောက်ဖရုံယိုနှင့် မြေပဲပွကြော်တို့ကို  ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်တွင် ရောင်းချနေသော ကျောက်ဖရုံယိုနှင့်မြေပဲပွကြော် ဈေးနှုန်းတို့မှာ ကျောက်ဖရုံယို(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကျောက်ဖရုံယို (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်၊ ကျောက်ဖရုံယို(၂၅)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြေပဲပွကြော်(၁)ပြည်လျှင် (၅၅၀၀)ကျပ်နှင့်(၁)ဘူးလျှင်(၇၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဟင်းခါးသီးနှင့် ခဆော့သီးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်နှင့်ခဆော့ပင်များကို  နေအိမ်ခြံဝင်းများတွင်လည်း ကောင်း၊ ယာတော၊လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိ ကြောင်းသိရသည်။  

    ၂၀၂၅ခုနှစ်၊ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ကုန်စိမ်းရောင်းချသူ တစ်ဦး၏ပြောပြချက်အရ ကြက်ဟင်းခါးသီးနှင့်ခဆော့သီးများကို ကန့်ဘလူမြို့ပေါ်နှင့်နတ်ပေး ကျေးရွာ၊ ကာဘိုးကျေးရွာများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀)ကျပ်၊ (၁)ပိဿာ လျှင်(၄၀၀၀)ကျပ်နှင့် ခဆော့သီး(၁)ပြည်လျှင်(၃၈၀၀)ကျပ်၊ (၁)ဘူးလျှင်(၅၀၀)ကျပ်ဖြင့်ရောင်းချ လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း