ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော ချဉ်ပေါင်ရွက်

   မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ မိုးတွင်းကာလတွင် ဟင်းသီးဟင်းရွက်ကို ပိုမိုစိုက်ပျိုးပြီး စားဖို ဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ သခွားသီး၊ ခရမ်းသီးနှင့်ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ချဥ်ပေါင်ရွက်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး၊  မအူပင်မြို့၊ အခွန်လွတ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရရှိသည်။

     ချဉ်ပေါင်ရွက်သည် ရာသီမရွေး ပေါများစွာ စိုက်ပျိုးထွက်ရှိနိုင်သော အရွက်တစ်မျိုးဖြစ်သည်။  မိုးရာသီတွင်သာ ဟင်းရွက်ဈေးနှုန်း ပေါများလှပြီး ချဉ်ပေါင်ရွက်ကို  နေ့စဉ် ချက်ပြုတ်စား သောက်ကြသည်။ 

         ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း အခွန်လွတ်ဈေး၊ ၃လမ်းဈေးများတွင် ဖြစ်ပေါ်နေသော ချဉ်ပေါင်ရွက် ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက် လက္ကားဈေး အစီး၁၀၀ လျှင်(၁၅၀၀၀)ကျပ်၊ ချဉ်ပေါင်ရွက် လက်လီဈေး ၁စီးလျှင် (၂၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် လည်းကောင်း  ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရ သည်။ချဉ်ပေါင်ပင် စိုက်ပျိုးပါကလည်း ကုန်ကျစရိတ်နည်းပါးပြီး တစ်ဧကလျှင် ၄သိန်းခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် ချဉ်ပေါင် အစီးရေ ၄၀၀၀-၅၀၀၀ နီးပါးထွက်ရှိကြောင်း၊ စိုက်ပျိုးပြီး ၄၅ရက်- ၆၀ရက်အတွင်း ဈေးကွက်တင်ပို့နိုင်ကြောင်း ဈေးနှုန်း အတက်အကျပေါ်မူတည်၍ အကျိုးအမြတ်ကျန်ရှိကြောင်း၊ ယနေ့ဈေးဖြင့် အမြတ် ၃၅၀၀၀၀ကျပ်ရရှိကြောင်း နှင့် ရန်ကုန်သို့လည်း စီးပွားဖြစ်စိုက်ပျိုး တင်ပို့သူများရှိကြောင်း ကို ကုန်စိမ်းရောင်းချသူထံမှသိရသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူဒေသထွက် ဖီးကြမ်းငှက်ပျောနှင့် ကက်သဲငှက်ပျောသီးများ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ငှက်ပျောသီးဆိုင်တွင် ဖီးကြမ်းငှက်ပျောသီး၊ ခွံစိမ်းငှက်ပျောသီးနှင့် ကက်သဲငှက်ပျောသီးများ ရောင်းချလျက်ရှိကြောင်း၊ ဒေသထွက် ဖီးကြမ်းသီးနှင့် ကက်သဲငှက်ပျောသီးများ အရောင်းသွက်လျက်ရှိပြီး  ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိကြောင်း ငှက်ပျောသီးဆိုင်များမှ သိရှိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ငှက်ပျောသီးဆိုင်များတွင် ရောင်းချလျက်ရှိသော ဒေသထွက် ဖီကြမ်းငှက်ပျောသီး အလုံးလှ(၁)ဖီးလျှင် (၃၅၀၀)ကျပ်၊ အလုံး အသေး(၁)ဖီးလျှင် (၂၅၀၀)ကျပ်နှင့် ကက်သဲငှက်ပျောသီး(၁)ဖီးလျှင် (၂၅၀၀)ကျပ်တို့ဖြင့် ရောင်းချ ကြောင်း၊ ဖီးကြမ်းငှက်ပျောသီးကို ကျန်းမာရေးအတွက် စားသုံးကြသလို၊ ကက်သဲငှက်ပျောသီးကို ဘာသာရေးဆိုင်ရာပွဲများ၊ ကန်တော့ပွဲများ၌လည်းကောင်း အသုံးပြုကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူဒေသ၏ ရာသီစာ ဟင်းကြွက်နားတောင်းရွက်နှင့် ငါးရံ့ပတူရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင်ရောက်သည့် ဟင်းသီးဟင်းရွက်များကို ရောင်းချလျက်ရှိရာ ကန့်ဘလူခရိုင်၌ မိုးရာသီတွင် သဘာဝဟင်းသီးဟင်းရွက်များ ပေါများစွာပေါက်ရောက်ကြပြီး ဟင်းကြွက်နားတောင်း ရွက်နှင့် ငါးရံ့ပတူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

        ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသည့်  ဟင်းကြွက်နားတောင်းရွက် အစိမ်း()ပုံလျှင် (၃၀၀)ကျပ်၊ ()ပုံလျှင် (၅၀၀)ကျပ်၊ အပြုတ်(၁)လုံး လျှင် (၅၀၀)ကျပ်ဖြင့်လည်းကောင်း၊ ငါးရံ့ပတူရွက်အစိမ်း(၁)ပုံလျှင် (၃၀၀)ကျပ်၊ အပြုတ်(၁)လုံး လျှင်(၅၀၀)ကျပ်ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဟင်းကြွက်နားတောင်း ရွက်နှင့် ငါးရံ့ပတူရွက်တို့ကို ပြုတ်၍ငါးပိရည်နှင့်ပဲစားစား၊ မြေပဲလှော်ထောင်းနှင့် သုတ်၍ပဲစားစား ခံတွင်းမြိန်စေသည့် သဘာဝအစားအစာ တစ်မျိုးဖြစ်သည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဟင်းသီးဟင်းရွက်ရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေး၌ အဝင်နည်း၍ အရောင်းသွက်သည့် ဂွေးတောက်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိကြောင်း ၊ ကန့်ဘလူမြို့မ ဈေးတွင် ဂွေးတောက်ရွက်များ အဝင်နည်း၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့်  ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၅၀၀) ကျပ်၊ (၁၀)ကျပ်သားလျှင်(၃၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ဂွေးတောက်ရွက်များကို ကန့်ဘလူမြို့ ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိပြီး စားသောက်ဆိုင်များ၊ အိမ်ရှင်မများမှ ဝယ်ယူလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ်ဈေးနှုန်း ပြောင်းလဲမှုအခြေအနေ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင်အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချကြောင်း သိရသည်။

       ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၏ ကွမ်းသီးစိတ်ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်(ရှယ်)တစ်ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ အလတ်စ(၁) ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ အညံ့(၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက အလတ်စ(၁)ပိဿာလျှင်(၁၀၀၀)ကျပ်မြင့်တက်ပြီး အညံ့(၁)ပိဿာလျှင် (၂၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားရောင်းချပေးလျက်ရှိကြောင်း  ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ ပြောပြချက်အရ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော ရာသီစာ ကြောင်လျှာသီး

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် မိမိနေအိမ်ခြံစည်းရိုး၌လည်းကောင်း၊ မိမိယာကွက်စည်းရိုးများ၌လည်းကောင်း စိုက်ပျိုးကြရာ မြေနေရာသီးသန့်မလိုကြောင်း၊ ကြောင်လျှာပွင့်နှင့် အသီးတို့ကို ဟင်းလျာအဖြစ်စားသုံး၍ရသည့်အပြင် အမြစ်နှင့်အခေါက်တို့ကိုလည်း ဆေးအတွက်အသုံးပြုကြကြောင်း၊ ကြောင်လျှာပင်စိုက်ပျိုးရာတွင် လုပ်အားခနှင့် သွင်းအားစုကုန်ကျစရိတ်နည်းပါးပြီး နှစ်ရှည်သီးပင်ဖြစ်သည့်အတွက် စိုက်ပျိုးသင့်သည့် အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီးလက္ကား (၁)တောင့်လျှင်(၁၁၀၀)ကျပ်၊ ကြောင်လျှာသီးလက်လီ (၁)တောင့်လျှင်(၁၃၀၀)ကျပ်၊ အသေး(၁)တောင့်လျှင်(၅၀၀မှ ၇၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ ကြောင်လျှာသီးကို  ရေနွေးဖြင့်ခဏစိမ်ပြီး သုတ်၍စားစား၊ မီးဖြင့်ကင်ပြီး ချက်၍စားစား၊ ခါးသက်သက်အရသာအနည်းငယ်ရှိကာ ခံတွင်းမြိန်စေသည့် အသီးတစ်မျိုးဖြစ်သောကြောင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် လိမ္မော်သီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး ၊လိမ္မော်သီး၊ နာနတ်သီး၊ သခွားမွှေးသီးများ ရောင်းချလျက်ရှိရာ စပျစ်သီးနှင့် လိမ္မော်သီးတို့သည် ရောင်းအားသွက်သည့် အသီးတစ်မျိုးဖြစ်ကြောင်း၊ အရည်ရွမ်းသော အသီးဖြစ်သောကြောင့် ကျန်းမာ ရေးအတွက် များစွာအထောက်အကူပြုပေးကြောင်း၊ စပျစ်သီးနှင့် လိမ္မော်သီးတို့ကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဆိုင်များတွင် စပျစ်သီး တရုတ်မျိုး(၁)ပိဿာလျှင် (၃၈၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ စပျစ်သီး ဗမာမျိုး(၁) ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ်အတွင်း လိမ္မော်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ လိမ္မော်သီး(၁)ပိဿာ လျှင် (၁၉၀၀၀မှ ၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သစ်သီးများအဝင်နည်း၍ အရောင်းသွက်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံးနှင့် ကုလားပဲချောင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် သရေစာမလိုင်လုံးနှင့် ကုလားပဲချောင်းများ ရောင်းချလျက်ရှိရာ ၂၀၂ ခုနှစ်၊ ဩဂုတ်လ ပထမပတ် အတွင်း မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၁၀၀)ကျပ်တို့ဖြင့်လည်း ကောင်း၊ ကုလားပဲချောင်း လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၉၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင်ရောင်းချနေသော ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း အနည်းငယ်ကျဆင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်း ချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ပဲပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ပဲချဉ်လက်လီတစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၄၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ဩဇာသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

သြဇာသီးလို့ ဆိုလိုက်တာနဲ့ အရသာကောင်းသလောက် စားရတာအလွန်လက်ဝင်ပြီး အစေ့များစွာပါသော အသီးတစ်မျိုးဖြစ်သည်။ ဩဇာပင်သည် အိန္ဒိယ မျိုးရင်းပင် ဖြစ်ပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသများတွင် ပေါက်ရောက်ပါသည်။ ဩဇာသီးသည်  အာဟာရဓာတ်ကြွယ်ဝသဖြင့် နိုင်ငံတော်၏ စီးပွားရေးနှင့် ကျန်းမာရေးကဏ္ဍတွင် အရေးပါသောသီးနှံတစ်မျိုးဖြစ်လာပြီး ပြည်ပ ဈေးကွက်သို့ တင်ပို့ရန်အတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါသည်။  

            သြဇာသီးဟာ အရသာကောင်းမွန်သလို ကျန်းမာရေးကို အလွန်အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာ ဗီတာမင် ဘီ၊ ဗီတာမင် B6၊ ဗီတာမင် စီနဲ့ Antioxidant တွေပါဝင်နေပြီး အရေပြား၊ ဆံပင်၊ မျက်လုံး၊ ဦးနှောက်နဲ့ နှလုံးတို့ကို အထောက်အကူပြုတဲ့ သစ်သီးတစ်မျိုးဖြစ်ပါသည်။ သြဇာသီးမှာပါဝင်တဲ့ ကျန်းမာရေးကောင်းကျိုး ၂၁ ချက်ရှိပါသည်။ အဲ့ဒါတွေကတော့ ကိုယ်အလေးချိန် တိုးစေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ ခွန်အားဖြည့်တင်းပေးခြင်း၊ ကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိခြင်း၊ ဦးနှောက်ကို ကျန်းမာစေခြင်း၊ သွားကိုခိုင်မာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း၊ အမြင်အာရုံကို ကြည်လင်စေခြင်း၊ အဆစ်ရောင်နာကို သက်သာစေခြင်း၊ နှလုံးနဲ့ သက်ဆိုင်တဲ့ရောဂါတွေကို သက်သာစေခြင်း၊ ဆီးချိုကို တားဆီးနိုင်ခြင်း၊ အစာခြေစနစ်ကို အားကောင်းစေခြင်း၊ အသားအရေနဲ့ ဆံပင်ကို အားဖြည့်ပေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကြေးနီဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက် အရင်းအမြစ်တစ်ခုဖြစ်ခြင်း၊ သန္ဓေသားရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေခြင်း၊ သံဓာတ်ပါဝင်မှုများခြင်း၊ ကလေးငယ်များကို ကူးစက်ရောဂါများမှ ကာကွယ်ပေးနိုင်ခြင်း၊ Morning Sickness ဝေဒနာအား သက်သာစေခြင်း၊ အသားအရေကြည်လင်စေခြင်း၊ အရေပြားကူးစက်ရောဂါများကို ပျောက်ကင်းစေခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း စတဲ့ကျန်းမာရေးအတွက် ကောင်းကျိုးများကို ရရှိစေပါသည်။

         ဩဇာသီးများသည် ဇူလိုင်နှင့်ဩဂုတ်လများတွင် ထွက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  ယခုနှစ်တွင် မိုးရွာသွန်းမှု သင့်တော်သောကြောင့် အသီးလှပြီး အထွက်နှုန်းများ၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသမှ ဩဇာသီးများ ဝင်ရောက်၍ ဈေးကောင်းရရှိလျက်ရှိပါသည်။ ဩဇာသီးဈေးနှုန်းအနေဖြင့် တစ်လုံးလျှင် အရွယ်အစားအလိုက် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ် ထိရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း