ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ   ငါးစင်ရိုင်းဈေးနှုန်း

    ထားဝယ်မြို့နယ်တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်း များ ထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

       ထားဝယ်မြို့အတွင်း ကျေးရွာများမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါးများသည် ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် ငါးစင်ရိုင်းဈေးနှုန်းများအနေဖြင့် ငါး(အကြီး) ရှယ်ဆိုက်ဝင် ဆယ်ကောင်ကို ၅၀၀၀ ကျပ်၊ ငါး(အလတ်) နှင့် (အသေး) တစ်ဗူးလျှင် ၃၀၀၀ ကျပ် နှင့် ၄၀၀၀ ကျပ်၊ ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ပန်းသစ်တော်သီးဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသစ်တော်သီးများ အများ အပြားရောင်းချလျက်ရှိကြောင်း၊ ပန်းသစ်တော်သီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိ ကြောင်း သစ်သီးဆိုင်များမှ သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချလျက် ရှိသော ပန်းသစ်တော်သီး ဈေးနှုန်းများမှာ ပန်းသစ်တော်သီး(၁)လုံးလျှင် (၁၀၀၀၀)ကျပ်၊ ပန်းသစ်တော် သီး(၁)လုံးလျှင် (၃၀၀၀)ကျပ်နှင့် အလုံးသေးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ပန်းသစ် တော်သီးသည် အရည်ရွှမ်းသော အသီးဖြစ်သည့်အတွက် လူကြိုက်များကာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ပန်းသီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအများအပြား ရောင်းချလျက်ရှိကြောင်း၊ ပန်းသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း၊ ပန်းသီး သည် ကျန်းမာရေးအတွက် အထောက်အကူများစွာပေးသည့်အတွက် လူကြိုက်များသည့် အသီး တစ်မျိုး ဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီးအလုံး ကြီး(၁)လုံးလျှင် (၂၅၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  လိမ္မော်သီး ဈေးနှုန်း

 

   တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး  အများအပြား ရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည်ဖြင့်ရှိကြောင်း၊ လိမ္မော်သီးများကို  သစ်သီးပွဲရုံများမှ ဝယ်ယူရောင်း ချလျက်ရှိ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး ၁ ကီလို လျှင် (၆၀၀၀)ကျပ်၊ လိမ္မော်သီးကို စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ   နာနတ်သီးဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီး တစ်မျိုးဖြစ်သည့် နာနတ်သီးများ စတင်ရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ် အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်း အဝယ်သွက် လျက်ရှိ ကြောင်း သိရသည်။

     ယခုအခါ နာနတ်သီးများကို ထားဝယ်မြို့အတွင်းရှိ ကျေးရွာများမှ မှာယူ၍ ရောင်းချလျက် ရှိကြောင်း၊ နာနတ်သီးအရွယ်အစားပေါ်မူတည်၍ အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ကျပ်မှနှင့် အသေး တစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  စိန်တစ်လုံးသရက်သီးဈေးနှုန်း

    ထားဝယ်မြို့၊ စည်ပင်သာယာဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်းရောင်းချနေ သည့်  စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်း များမှာ သရက်သီးအကြီး တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင် (၁၅၀၀)ကျပ်၊ (၅၀၀၀)ဖိုး (၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချသည့် သစ်သီးအရောင်းဆိုင်များထံမှ သတင်းရရှိသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ  ခရမ်းကြွပ်သီးဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့်  ရာသီစာသီးနှံ များနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

      ယခုအခါ ထားဝယ်မြို့ပေါ် ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးကြကြောင်း၊ ခရမ်းကြွပ်သီးများကို ကမ်းနာဈေးနှင့်ရပ်ကွက်ဈေးငယ်များတွင် ရောင်းချ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်းကြွပ်သီး (၁)ဗူးလျှင်  (၁၀၀၀)ကျပ် ရရှိကြောင်း၊ ခရမ်းကြွပ်သီးကို ငပိရည်နဲ့ တွဲဖက်၍အတို့ အမြှုပ်အဖြစ် စားသုံးကြကြောင်း၊ ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ဈေးရှိကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကန်စွန်းရွက် ဈေးနှုန်း

      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ရာသီစာသီးနှံ များ နှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ယခုအခါ ထားဝယ်မြို့ပေါ်ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း၊ ကန်စွန်းရွက်များကို ကမ်းနား ဈေးနှင့်အခြားဈေးငယ်များတွင်ရောင်းချကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် တတိယပတ်အတွင်း ကန်စွန်း ရွက်(၁)စည်းလျှင်(၃၀၀)ကျပ်၊ ကန်စွန်းရွက်(၂)စည်း လျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း ၊ကန်စွန်း ရွက်များကို  အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အ ထောင်းစုံရောင်း သည့်ဆိုင်များမှ ဝယ်ယူကြသဖြင့်ကန်စွန်းရွက်များ အရောင်းအဝယ်သွက်လျက်ရှိ ကြောင်းကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ကြက်ဥ ဈေးနှုန်း

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင် မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှုမလုံလောက်၍ မန္တလေးမြို့နှင့် ရန်ကုန်မြို့တို့မှဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးနှုန်းများအနေဖြင့်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ကြက်ဥအကြီးအသေးမူတည်၍ ကြက်ဥ(၁၀)လုံးလျှင် ကျပ်(၄၆၀၀၊ ၄၈၀၀၊ ၅၀၀၀)ဈေးရှိပြီး တစ်လုံးလျှင် ကျပ်(၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။  

    အာဟာရပြည့်ဝသော အစားအစာတစ်မျိုးဖြစ်ပြီး စားသုံးပြည်သူများအနေဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်ပြီး အလွယ်တကူစားသုံးရသော အစားအစာတစ်မျိုးဖြစ်သည့် အပြင် စားသောက် ဆိုင်လုပ်ငန်းရှင်များမှလည်း ဝယ်ယူမှုများခြင်းကြောင့် အရောင်းအဝယ်သွက်ကြောင်း ကြက်ဥရောင်း ဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပန်းတိမ်ငိုဈေးအနည်းငယ်ကျဆင်း

       တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများ၌ စီးပွား ဖြစ်ဘုရားပန်းများ စိုက်ပျိုးရောင်းချလျက်ရှိပြီး လူကြိုက်များပြီး  ပန်းတိမ်ငိုပန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်တို့ဘက်မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။ ပန်းတိမ်ငိုပန်းများမှာ အထားခံပြီး တစ်မျိုးလေးကျက်သရေရှိသည့်အတွက် ဈေး‌ကောင်းရကြောင်းလည်း သိရှိရ ပါသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ အတွင်း ပန်းတိမ်ငိုပန်းဈေးအနည်းငယ်ကျဆင်းလျက်ရှိပြီး (၁၀)ပွင့် တစ်စည်းလျှင် (၆၀၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း