ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်မြို့ပေါ်ရှိ ကျွဲကောသီးဈေးနှုန်း/ဈေးကွက်

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ကျွဲကောသီးသည် လူကြိုက်များပြီး ဈေး ကောင်းများရရှိလျက်ရှိကြောင်း သိရှိရပါသည်။ ကျွဲကောသီးများကို ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးသည် သဲနုံးမြေတွင် စိုက်ပျိုးပြီး ဇွန်လနှင့် သြဂုတ်လများတွင် ပိုမိုစိုက်ပျိုးကြောင်း သိရှိရပါသည်။ ကျွဲကောသီးများ စားသုံးခြင်းဖြင့် သွားနှင့် ခံတွင်းကိုပိုမိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်များထိန်းချုပ်ပေးခြင်းနှင့် သွေးဖိအားများကို အလွန်ပင်ကောင်းမွန်စေသော သီးနှံတစ်မျိုးဖြစ်ပါသည်။

   ယခု၂၀၂၅ခုနှစ်၊ သြဂုတ်လတွင် မြိတ်မြို့ပေါ်တွင် ကျွဲကောသီးဈေးနှုန်းများမှာ တစ်လုံး လျှင်(၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက်ရေခူ(သို့)ငါးဂျယ်လီ

    ခူသည် ကမ်းရိုးတန်းတစ်လျောက်ရေငန်ပိုင်းနှင့် ပင်လယ်ကျယ်များတွင် ရေပေါ်၌ပေါ် လေ့ရှိပါသည်။ ခူတွင် စားခူ၊ ခူနီ၊ ခူဝက်ခေါက်၊ ခူမီး(ခေါ်)ခူတောင်များဟူ၍ အမျိုးမျိုးရှိကြောင်း သိရှိရပါသည်။ ခူတွင် ခူနီ၊ ခူဝက်ခေါက်တို့သည် လူတို့အတွက်အသုံးမဝင်ဘဲ ခူမီ(ခေါ်)ခူတောင် များကို လက်ဖြင့်ကိုင်တွယ်မိပါက မီးကဲ့သို့ ပူလောင်ခြင်း၊ ယားယံခြင်းတို့ဖြစ်ကြောင်း ခူလုပ်သား တစ်ဦးထံမှ သိရှိရပါသည်။ ခူများအများဆုံးထွက်ရှိချိန်တွင် ဧပြီလနှင့်ဇွန်လများတွင် အများဆုံး ထွက်ရှိကြောင်း သိရှိရပါသည်။ ခူများကို ဖမ်းရာတွင် သံချိတ်များဖြင့် ဖမ်းပြီး ရေဆုတ်ပတ်များတွင် အများဆုံးဖမ်းကြောင်း သိရှိရပါသည်။

     ယခုသြဂုတ်လတွင် မြိတ်မြို့ပေါ်ရှိ ရေခူဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်နှင့် (၄၅၀၀)ကျပ်ရှိပြီး ရေခူများရရှိမှုနည်းသွားချိန်တွင် ရေခူဈေးနှုန်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ် ခန့်ရှိကြောင်း သိရှိရပါသည်။ စားသောက်ဆိုင်များတွင် ခူသုပ်တစ်ပွဲလျှင် (၃၀၀၀)ကျပ်ရှိပြီး ခူများ ကိုကိုယ့်စိတ်ကြိုက် ကြက်သွန်ကြော်၊ ခရမ်းချဥ်သီး၊ မြေပဲ၊ နံနံပင်များထည့်ကာသုပ်စားရပါသည်။ ကမ်းရိုးတန်းဒေသတွက် ဟင်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြသလ္လာဈေးရှိ သခွားသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်  ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ သခွားသီးများကို တနိုင်တပိုင်စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သခွားသီးသည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း နုန်းမြေ၊ သဲနုန်းမြေများတွင် ပိုမို ဖြစ်ထွန်းစိုက်ပျိုးကြပါသည်။ သခွားသီးကို ဆောင်းသခွားသီးနှင့် မိုးသခွားသီးဟူ၍ နှစ်မျိုးကို ရာသီအလိုက် စိုက်ပျိုးကြပါသည်။

   ၂၀၂၅ ခုနှစ် ဩဂုတ်လ ပထမပတ်တွင် မြသလ္လာဈေး၌ ရောင်းချနေသည့် သခွားသီး ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရသည်။ သခွားသီးကို ခြစ်၍ ပဲမှုန့်၊ မြေပဲဆံ၊ ဆီချက်တို့ဖြင့် သုပ်စား၍သော်လည်းကောင်း၊ ငံပြာရည်၊ ငါးပိရည်ချက်တို့နှင့် အတို့အမြုပ်ဖြင့်လည်းကောင်း၊ အသားနှင့်ချက်စား၍သော်လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။

DOCA(စစ်ကိုင်း)

မန်ကျည်းပင်ဈေးရှိ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်း

    မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီးအရွက်များအပြင် ဗုံလုံးသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့်ရောမွှေ၍ ကြောက်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။ မုံရွာမြို့၊ မန်ကျည်းပင်ဈေးတွင်  ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီးတစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင်(၉၀၀)ကျပ် ဖြစ်ပြီး ဩဂုတ်လ ပထမပတ်တွင်  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ် တစ်တောင့်လျှင် (၉၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အသေး တစ်တောင့်လျှင် (၈၀၀)ကျပ် ဖြစ်ပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ ကမ်းနားလမ်းနှင့် သံလမ်းဈေးရှိ နာနတ်သီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် နာနတ်သီးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ နာနတ်သီးသည် ဈေးနှုန်းသက်သာပြီး အာဟာရဓာတ် များစွာ ပါဝင်သည့်အသီးတစ်မျိုး ဖြစ်ပါသည်။ နာနတ်သီးများမှာ အများအားဖြင့် အခွံနွှာ၍ အသင့်စားသုံးနိုင်သည့်အသီးဖြစ်သည့်အပြင် နာနတ်သီးဖျော်ရည်၊ နာနတ်သီးယို စသည်ဖြင့် ပြုလုပ်စားသုံးကြပါသည်။

          ဩဂုတ်လ ပထမပတ်တွင် ကမ်းနားလမ်းနှင့် သံလမ်းဈေ၌ ဖြစ်ပေါ်နေသော နာနတ်သီးဈေးနှုန်းအနေဖြင့် နာနတ်သီးအကြီးတစ်လုံးလျှင် (၂၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော ကျောက်ဖရုံသီး နှင့် ဂေါ်ရခါးသီး ဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့် လုပ်ငန်းများအပြင်  ဂေါ်ရခါးသီးကို မန္တလေးမြို့မှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချနေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ အလုံးကြီး တစ်လုံးလျှင် (၈၀၀)ကျပ် နှင့် အလုံးသေး တစ်လုံးလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  အလားတူပင် ကျောက်ဖရုံသီး ဈေးနှုန်းအနေဖြင့် ကျောက်ဖရုံးသီး အကြီးတစ်လုံးလျှင်(၅၀၀၀)ကျပ်၊ သေးတစ်လုံးလျှင်(၃၅၀၀)ကျပ်နှင့် တစ်စိတ်လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန်သာယာဈေးရှိ ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ချဉ်ပေါင်ပင်များကို နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ရောင်းချ လျက်ရှိပြီး ဆလပ်ရွက်သည် မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော အပင်တစ်မျိုးဖြစ်ပြီး သံနုန်း မြေများတွင် သဘာဝနွားချေးမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက ပိုမိုဖြစ်ထွန်းသော အပင်မျိုး ဖြစ်ပါသည်။ အစိုဓာတ်ကို နှစ်သက်သော အပင်တစ်မျိုးဖြစ်ပြီး ရေကိုများများ လောင်းပေးရန် လိုအပ်ပါသည်။ ဆလပ်ရွက်ကို မုန်လာရွက်(အစိမ်းရောင်)ဟုလည်း ခေါ်ကြပါ သည်။ ဆလပ်ရွက်သည် တို့စရာဟင်းလျာအဖြစ်လည်းကောင်း၊ အသုပ်များသုပ်စားရာတွင် လည်းကောင်း အသုံးပြုနိုင်ပါသည်။ မုံရွာမြို့၊  ချင်းတွင်းဈေးနှင့်ကန်သာယာဈေးတို့တွင် ဩဂုတ်လ ပထမပတ်တွင် ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ (၁) စည်းလျှင် (၂၀၀)ကျပ်၊ (၅)စည်းလျှင် (၅၀၀)ကျပ်ဖြစ်ပြီး  ဆလပ်ရွက်တစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ် အသီးသီးရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဆလပ်ရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် ရာသီချိန်အလိုက် စားဖိုဆောင်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချလျက်ရှိကြောင်း၊ ဆလပ်ရွက်ကို မြို့ပေါ်ရပ်ကွက်များတွင်သာမက ကန့်ဘလူမြို့နယ်အတွင်းရှိ နတ်ပေးကျေးရွာ၊ တောက္ကရှပ်ကျေးရွာများတွင် မိမိတို့နေအိမ်ခြံဝင်းများ၊ မိမိတို့ယာကွက်များတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ဆလပ်ရွက်သည် စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာသည့်အတွက်  ထိုက်သင့်သည့်အကျိုးအမြတ် ရရှိကြောင်း သိရသည်။

    ဆလပ်ရွက်သည် အစားအသောက်အမျိုးမျိုးနှင့်တွဲဖက် စားသုံးကြသည့်အတွက် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ အကင်ဆိုင်များ၊ အသုတ်ဆိုင်များစသည့် ဆိုင်များမှဝယ်ယူအသုံးပြုသည့် အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ဆလပ် ရွက်အပင်ကြီး(၁)ပင်လျှင် (၈၀၀)ကျပ်၊ အလတ်(၁)ပင်လျှင် (၇၀၀)ကျပ်နှင့် အသေး(၁)ပင်လျှင် (၅၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဆလပ်ရွက်မှာ အဝင်နည်းသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဒန့်ဒလွန်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေရရှိ

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် အခြားသောသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိ မှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာသီးသန့်အကျယ်အဝန်းအများကြီး မလိုတာကြောင့် အိမ်ခြံဝန်းအတွင်း စားသုံးသီးနှံပင်အဖြစ် ဒန့်ဒလွန်ကို စိုက်ပျိုးကြောင်း၊ ဒန့်ဒလွန် စိုက်ပျိုးရာတွင် ကိုင်းဖြတ်စိုက်ခြင်းနဲ့ အစေ့ကိုတိုက်ရိုက်စိုက်ခြင်းဆိုပြီး (၂)မျိုးရှိကြောင်း၊ ဒန့်ဒလွန် ကိုမိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးလျှင် အကောင်းဆုံးဖြစ်ကြောင်း ၊ ဒန့်ဒလွန်တစ်ပင်သည် အရွယ် ရောက်လာပါက စိုက်ပျိုးနည်းစနစ်ပေါ်မူတည်ပြီး အသီးတောင့်ရေ(၂၀၀)ခန့်သီးကြောင်း သိရသည်။

    မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက်ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၅)တောင့်ပါ(၁)စီးလျှင် (၅၀၀)ကျပ်၊ အတောင့်လှလျှင်(၃)တောင့်ပါ(၁)စီးကို (၂၀၀)ကျပ် ၊ အရွက် (၁)စီးလျှင် (၃၀၀)ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ မိမိတို့နေအိမ်ခြံဝန်းမှ စိုက်ပျိုးထွက်ရှိသည့်အတွက် စားစရာဟင်းတစ်ခွက်အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေသည့်အတွက် စိုက်ပျိုးသင့်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)       

ကြက်သွန်ဖြူမှရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများနှင့် ဈေးနှုန်းဈေးကွက်

            ခေတ်အဆက်ဆက်မှသည် ယနေ့တိုင် ကြက်သွန်ဖြူကိုဟင်းချက်ရာတွင် ဟင်းအနှစ် အရသာရှိစေရန်အတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုကြပြီး ကျန်းမာရေးအတွက်လည်း ဆေးစွမ်းကောင်းတစ်လက်အဖြစ် အသုံးပြုလျက်ရှိပါသည်။ ကြက်သွန်ဖြူကို နှစ်ထောင်ပေါင်းများစွာ ကတည်းက သုံးစွဲလာကြပြီး ကျန်းမာရေးအတွက်သာမက အချက်အပြုတ် နှင့် ရောဂါကုထုံးများလုပ်ဆောင်ရာတွင်ပါအသုံးပြုခဲ့ကြသည်။ ကြက်သွန်ဖြူတွင် ကယ်လ်လိုရီ အဆီများနှင့် ဆိုဒီယမ်တို့ပါဝင်မှုအလွန်နည်းပါးသည့်အပြင် ဖော့စဖောရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဆာလဖာ၊ ဗီတာမင်စီ၊ ဗီတာမင်B6၊ ဗီတာမင်B1၊ ကလိုရင်းစသည့် အသုံးဝင်သော သတ္ထုဓာတ်များစွာပါဝင်သည်။ ကြက်သွန်ဖြူကိုပုံမှန်စားသုံး ပေးခြင်းဖြင့် ရရှိလာနိုင်သောကျန်းမာရေးအကျိုးကျေးဇူးများမှာ သွေးတိုးနှင့်နှလုံးရောဂါ အန္တရာယ်ကိုလျော့နည်းစေခြင်း၊ အရိုးကျန်းမာရေးကိုအထောက်အပံ့ဖြစ်စေခြင်း၊ အစာခြေမှု ကိုမြှင့်တင်ပေးနိုင်ခြင်း၊ သွေးထဲရှိသကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ ကိုယ်ခံအား ကိုမြှင့်တင်ပေးခြင်း နှင့်ကိုယ်အလေးချိန်လျော့ချပေးခြင်းစသည့် ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ထိုကဲ့သို့ ဟင်းချက်ရာတွင်သာမက ကျန်းမာရေးအတွက်ပါ များစွာအသုံးဝင်သောကြက်သွန်ဖြူကို မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင်(၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းဖြူ) တစ်ပိဿာလျှင်(၅၀၀၀-၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း