မင်းကွတ်သီးနှင့် ကြက်မောက်သီးဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဩဂုတ်လ ဒုတိယပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီးများ ဝင်ရောက်မှု လျော့နည်းလာကြောင်း၊ မင်းကွတ်သီးများသည် မော်လမြိုင်ဒေသထွက်နှင့် မန္တလေးတိုင်းဒေသကြီးမှလည်း ဝင်ရောက် ကြောင်းသိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကန့်ဘလူမြို့သစ်သီးဈေးကွက် တွင်မင်းကွတ်သီး အကြီး(၁)လုံးလျှင် (၆၀၀)ကျပ်၊ အသေး(၁)လုံး(၄၀၀)ကျပ်တို့ဖြင့် ရောင်းချ ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကြက်မောက်သီး အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ အကြီး (၁)လုံးလျှင် (၅၅၀)ကျပ်နှင့် (၁၀)လုံးလျှင် (၅၀၀၀)ကျပ်တို့ဖြင့်ရောင်းချလျက်ရှိပြီး ယခင်အပတ် ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မင်းကွတ်သီးနှင့် ကြက်မောက်သီး ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း၊ သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)